Posts

Showing posts with the label Movies

1987: When The Day Comes

Image
1987: When The Day Comes ဒီဇာတ်ကားလေးကတော့ အခု မိမိတို့မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ မိတ်ဆွေစစ်အနေနဲ့ အများကြီးကူညီပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။     ဒီဇာတ်ကားလေးကို review ရေးဖြစ်တာကတော့ ကျွန်မတို့ အခု ကြုံတွေ့နေရသလို တောင်ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေး ဖြစ်နေလို့ပါပဲ။ ပြီးတော့ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကိုလဲ အခြေခံပြီး ရိုက်ကူးထားတာပါ။ မကြည့်ရသေးတဲ့ သူတွေဆိုရင် လုံးဝ လက်လွတ်မခံပဲကြည့်သင့်ပါတယ်။     ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ မင်းသား၊မင်းသမီး တွေကလဲ K-drama ပရိသတ်တွေတင်မကပဲ အားလုံးနဲ့ မစိမ်းတဲ့သူတွေပါ။ မင်းသား Ha Jung-Woo, Yoo Hae-Jin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးလေးကတော့ Mr Sunshine, The Handmaiden စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ Kim Tae-ri ပဲ ဖြစ်ပါတယ်။     ဒီဇာတ်ကားလေးမှာ ကျွန်မတို့ အခုကြုံနေရတဲ့ စစ်အာဏာရှင်ရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ တော်လှန်ရေးကာလကို ရင်သပ်ရှုမောစွ...