Posts

Showing posts from October, 2021

မင်းတစ်ယောက်တည်းမဟုတ်ဘူး

Image
  မင်းတစ်‌ေယာက်တည်းမဟုတ်ဘူး   ဒီကဗျာလေးက Clicker တွေနဲ့အတူတူနားထောင်ချင်လို့ဆိုပြီး clicker တစ်ဦးကတောင်းဆိုထားတဲ့ ဆရာလှသန်းရဲ့ မင်းတစ်ယာက်တည်းမဟုတ်ဘူးဆိုတဲ့ ကဗျာလေးဖြစ်ပါတယ် ခံစားနားဆင်ကြည့်ကြပါစို့ရှင်.....

Army of Thieves

Image
      ဇာတ်ကားတစ်ကား ငွေဝင်ကောင်းပြီး အောင်မြင်လာရင် prequel ၊ sequel တွေ တန်းစီထွက်လာတတ်တာက ရုပ်ရှင်လောကရဲ့ အထာတစ်ခုလို ဖြစ်နေပါပြီ။ အဲ့လိုထွက်လာတဲ့ ကားတွေကို စုပေါင်းလိုက်ရင် franchise ဆိုတာ ဖြစ်လာတာပေါ့ဗျာ။ နာမည်ကြီး franchise တွေ ပြောရရင် Transformers franchise, Fast & Furious franchise, Star Wars franchise စတာတွေပေါ့ဗျာ။ (prequel - လက်ရှိဇာတ်လမ်းမတိုင်ခင် အချိန်ကာလကို ပြသောကား။ sequel - လက်ရှိဇာတ်လမ်းအပြီး အချိန်ကာလကို ပြသောကား။)        အခုလည်း အဲ့လို franchise တစ်ခု ဖြစ်လာမယ့် ဇာတ်ကားတစ်ကားအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Army of Thieves ဖြစ်ပါတယ်။ သူ့ရှေ့က army of the dead ကို ရိုက်တဲ့ Zack Snyder က producer အဖြစ် ပါဝင်ထားတဲ့ကားပါ။ တချို့တွေလည်း ကြည့်ပြီးကြလောက်ပါပြီ။         US မှာ ဇွန်ဘီးကပ်ဘေး ဖြစ်နေချိန် ဥရောပဘက်က ဘဏ်အသေး‌ေလးတစ်ခုမှာ အလုပ်လုပ်တဲ့ ဆဘတ်ရှန်ဆိုတဲ့ သော့ဝိဇ္ဇာကောင်လေးကို ဂွမ်ဒိုလင်းဆိုတဲ့ ကောင်မလေးက နိုင်ငံတကာမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူခိုးအဖွဲ့မှာ ပါဝင်ဖို့ လာဖိတ်‌ေခါ်ခဲ့တယ်။ သူ့ကို ခေါ်ရတဲ့ အကြောင်းရင်းကတော့ သော့ဝိဇ္ဇာလောကမှာ ဂန္ထဝင်ပ

''Your Inner Fear'' PAC Reading

Image
အားလုံးပဲ မင်္ဂလာပါ။     ဒီတခါ''Your Inner Fear''ဆိုတဲ့''PAC Reading'' လေးကို တင်ပေးသွားမယ်နော်ခင်ဗျ။ဒီ''Reading''လေးကကျ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ အကြောက်တရားလေးကို ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျ။အကြောက်တရားဆိုပေမယ့်' physical ပိုင်းတော့ မဟုတ်ဘူးနော်။ကိုယ့်ရဲ့မသိစိတ်ထဲက အကြောက်တရားမျိုးပါခင်ဗျ။       ကတ်လေးတွေကို ရွေးချယ်ရာမှာ- စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်ထားပြီး ကိုယ့်စိတ်ထဲ ပထမဆုံးပေါ်လာတဲ့ ပုံလေးကိုသော်လည်းကောင်း/ကိုယ့်စိတ်က ရွေးချယ်ချင်နေတဲ့ပုံမျိုးလေးကိုသော်လည်းကောင်း အလေးပေးရွေးချယ်ပါခင်ဗျ။အထူးသဖြင့် ကိုယ်နဲ့''Connection''မိတဲ့ကတ်လေးကိုပဲ ရွေးချယ်ဖို့အကြံပြုတိုက်တွန်းချင်ပါတယ်။      ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျနိုင်ကြပါစေခင်ဗျ။ Pile-1(Spear Hallow) ဖတ်ရန် Pile-2(Sword Hallow) ဖတ်ရန် Pile-3(Stone Hallow) ဖတ်ရန် Pile-4(Grail Hallow) ဖတ်ရန်

ချဉ်ဖတ်

Clicker တစ်ဦး လာလှူထားတဲ့ ချဉ်ဖတ်ဆိုတဲ့ ကိုယ်ပိုင်သီချင်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။ နားဆင်ကြည့်ကြပါဦး။ 

Kalaw

Image
 Hello, clicker လေးတို့ရေ မင်မင်အရင်တခေါက်မှာ ရေတံခွန်လှလှလေးကို ပုံတွေစာတွေနဲ့ review လေးရေးပေးတော့ ရှင်လေးတို့ကြိုက်တယ်ဆိုတဲ့အသံတွေကြားရလို့ တကယ်ဝမ်းသာပါတယ်ရှင့် 😘😘 ခုတခေါက်မှာတော့ everyone's dream လို့တင်စားရလောက်အောင် စိတ်ကူးယဥ်ဆန်ဆန်နဲ့လှပတဲ့ကလောမြို့လေးအကြောင်းကို မင်မင်ဖော်ပြပေးမှာပါ 😇😇 လူငယ်တွေရောလူကြီးတွေပါမကျန်မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ချစ်ရသူတွေနဲ့အတူ ကလောကိုတခါလောက်သွားချင်လိုက်တာဆိုတဲ့အတွေးမျိုး ရှိကြမယ်လို့ထင်ပါတယ် ထင်းရှူးနံ့သင်းသင်းလေးနဲ့ မြူတွေဆိုင်းနေတဲ့တောင်တန်းတွေကြားမှာ ကလောမြို့လေးဟာ ခရီးသွားတွေရဲ့ချစ်မဝလေးဖြစ်တာပေါ့ နော်.🤔🤔 Kalaw view point ရယ် ဘူတာကြီးရယ် ထင်းရှူးတန်းရယ် ပူပူနွေးနွေးနဲ့အရသာရှိတဲ့စားစရာတွေပေါတဲ့ကလောမြို့စျေးရယ်ဟာ ကလောကိုလာတဲ့လူတိုင်းမဖြစ်မနေသွားလည်ပတ်ကြတဲ့နေရာလေးတွေပေါ့ ဒါပေမယ့်လူသိနည်းတဲ့လည်စရာနေရာလေးတခုရှိသေးတယ်ဆို မင်မင့်ကိုယုံမှာလား 🙄 ကလောမြို့ကနေ 8 မိုင်အကွာမှာရှိတဲ့ ရေယောင်းမရွာလေးမှာ "Shambhala-Heaven resort" အသစ်လေးကိုဖွင့်ထားတာမကြာသေးပါဘူး ကလောကနေရေယောင်းမရွာကိုအရင်သွားပြီး ရွာဘုန်းကြီးကျောင်းရဲ့ဘေး

Ravenclaw

Image
                    Ravenclaw ဆောင်ကြီးကို အလယ်ခေတ်မှော်သွေးစစ် မှော်ဆရာမကြီးတစ်ဦးဖြစ်တဲ့ Rowena Ravenclaw လို့ခေါ်တဲ့ စကော့တလန်သူ မှော်သွေးစစ်စုန်းမကြီးကတည်ထောင်ထားပြီး အဆောင်ရဲ့ Elementကတော့ လေပဲဖြစ်ပါတယ်ဗျ။ ဒီအဆောင်ကြီးဟာ သမိုင်းတစ်လျှောက်အစဉ်အလာကောင်းတွေအများကြီးရှိခဲ့ပြီး Luna, Choတို့အပါအဝင်များစွာသော  မှော်ဆရာတွေလည်းမွေးထုတ်ပေးခဲ့ပါတယ်။           အဆောင်တံဆိပ်မှာပါတဲ့ အဆောင်ကိုယ်စားပြုသတ္တဝါကတော့ လင်းယုန်ပါ။ အဆောင်ကိုယ်စားပြုအရောင်ကတော့ ကောင်းကင်ကိုကိုယ်စားပြုတဲ့ အပြာရောင်နဲ့ လင်းယုန်ငှက်မွေးကို ကိုယ်စားပြုတဲ့ ကြေးရောင်ပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အဆောင်မှူးဟာ Filius Flitwick ဖြစ်ပြီး အဆောင်ရဲ့သရဲကတော့ အရှက်ကြီးပြီး စကားနည်းတဲ့ Grey Lady(တစ်နည်း Helena Ravenclaw)ပဲဖြစ်ပါတယ်။         Ravenclaw အဆောင်သားတွေဟာ ဉာဏ်ပညာကြီးမားမှု၊ အမှားအမှန်ခွဲခြားတတ်မှု၊ သင်ယူလိုစိတ်ပြင်းပြမှု၊ တရားမျှတမှုနဲ့အမှန်တရားကို မြတ်နိုးမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုနဲ့ မဟုတ်မခံချင်စိတ်ရှိမှုတို့မှာ နာမည်ကြီးပါတယ်။ သူတို့ဟာ ပြဿနာတိုင်းကို ကောင်းမွန်စွာဖြေရှင်းနိုင်ကြတဲ့အပြင် ဟာသဉာဏ်လည်းရွှင်ပါသေးတယ်။ So

Halloween

Image
 'Happy Halloween' ပါဆိုပြီး ကျွန်တော်တို့ရဲ့ clickers တွေကို ဆုတောင်းပေးချင်ပေမဲ့ လတ်တလော စိတ်မကောင်းစရာကိစ္စတွေကြောင့်ရော နိုင်ငံရေးအခြေအနေကြီးကြောင့်ပါ လူတိုင်းအပြည့်အဝတော့မပျော်ရွှင်နိုင်လောက်ပါဘူး။  ဘယ်လိုပဲဖြစ်နေပါစေ လူအားမကူနိုင်တဲ့ ကျွန်တော်တို့အနေနဲ့ ငွေအား၊ click အားနဲ့ မပြတ် support ပေးနေရမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက် clickနှိပ်သူ စာဖတ်ပရိတ်သတ်တွေအတွက် October 31st မှာကျရောက်ခဲ့တဲ့ 'Halloween' အကြောင်းနဲ့ သမိုင်းနောက်ခံတွေကို စိတ်ဝင်တစားဖတ်ရှူလို့ရအောင် ရေးသားလိုက်ပါတယ်။ Halloween ရဲ့နောက်ခံသမိုင်းကြောင်းကိုပြောရမယ်ဆိုရင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်လောက်က Europe မှာနေထိုင်ကြတဲ့ Celts လူမျိူးစုရဲ့ရိုးရာပွဲတော်တစ်ခုကနေစရပါလိမ့်မယ်။  October 31st ကနေ November ကိုကူးပြောင်းတဲ့ကာလဟာ Celts လူမျိူးတွေရဲ့နှစ်သစ်ကူးကာလဖြစ်ပါတယ်။ သူတို့တွေရဲ့ culture အရ ဒီကာလမှာ ပရလောကနဲ့လူ့လောကကြား ခြားထားတဲ့အလွှာဟာ အပါးဆုံးအခြေအနေမှာရှိပါတယ်။ အဲ့ဒီအခါမှာ မမြင်အပ်တဲ့သတ္တဝါတွေ ဝင်လာမယ့်ရန်ကိုကာကွယ်ဖို့၊ ဝင်လာတဲ့အရာတွေမောင်းထုတ်ဖို့အတွက် 'Soin' လို့ခေါ်တဲ့ မီးပုံပွဲတေ

ဗေဒင်

Image
  သင်က ပုတိဖွား လား / သိုက်ဖွားလား🤔 တွက်ကြည့်မလား 👀 ဗေဒင်မေးတဲ့အခါ အဓိပတိဖွား/ အထွန်းဖွား စသဖြင့် ကြားဖူးကြမယ် ထင်ပါတယ်။ ဗေဒင်မေးခြင်းကို မနှစ်သက်ပေမယ့် ကိုယ့်ကိုယ်ကို ဘင်္ဂပွားလား ၊ သိုက်ဖွားလား ဘာဖွားလဲလို့ တွက်ကြည့်တာကိုကျ သဘောကျတယ်။ ကိုယ့်လိုပဲ တွက်ကြည့်ချင်သူများ ရှိမလားဆိုပြီး ‌ဝေမျှခြင်းဖြစ်ပါတယ်။ မဟာဘုတ်တိုင်ဟောကိန်းမှာ ဘင်္ဂဖွား ၊ အဓိပတိဖွား ၊ ပုတိဖွား ၊ သိုက်ဖွား ၊ ရာဇဖွား ၊ အထွန်းဖွား ၊ မရဏဖွား ဆိုပြီး ခုနှစ်မျိုး ရှိပါတယ်။  ကိုယ်က ဘယ်ဖွားလဲ တွက်ရန် (သို့) သူတစ်ပါးကို တွက်ကြည့်ပေးရန်   မွေးသက္ကရာဇ် ( မြန်မာလို )  မွေးနံ    စာရွက်  ခဲတံ လိုပါတယ်။ "အောင် လံ ထူ စစ် သူ ကြီး ပွဲ "ဆိုတဲ့ဆောင်ပုဒ်လေးကိုလည်း ကျက်ထားရပါဦးမယ်။ တွက်နည်းကို သွားကြမယ်နော်။ မွေးသက္ကရာဇ်ကို ၇ ဖြင့် စားရပါမယ်။ အကြွင်း သည် "အောင်လံထူ " ဘယ်ကစရမလဲ ရွေးချယ်သည်ဟု မှတ်ရပါမယ်။ အကြွင်း ၁ သည် တနင်္ဂနွေ ကိုရည်ညွှန်းသည် ၊ထို့ကြောင့် အောင် ကစ၍ အောင်လံထူ စစ်သူကြီးပွဲ အကြွင်း ၂ သည် တနင်္လာကို ရည်ညွှန်းသည် ၊ ထို့ကြောင့်  ကြီးက စရမည်  ကြီးပွဲအောင်လံထူစစ်သူ ဟု သွားရမည် ထို့နည်းတူ

Cartoon

Image
  အဓိပ္ပါယ်အပြည်နဲ့ ကာတွန်း  (Cartoon ပုံလေးကို အသုံးပြုခွင့်ရရှိထားပြီး ဖြစ်ပါသည်)    

View point

  မြောက်ဦး‌‌နဲ့စစ်တွေ View point က ရှုခင်းလေးတွေကြည့်ပြီး စိတ်အပန်း‌ေဖြကြပါစို့

Name of the days

Image
  Sunday Monday Tuesday စတဲ့ နေ့ရက်တွေရဲ့အခေါ်အဝေါ်ဟာ ဂြိုဟ်တွေ ဂရိနတ်ဘုရားတွေနဲ့ ဘယ်လိုပတ်သတ်နေသလဲ ? ရောမခေတ်က လူတွေဟာ နေ့ရက်တွေအပေါ်ကို နေ လ မားစ်ဂြိုဟ် မာကျူရီဂြိုဟ် စတဲ့ ဂြိုဟ်တွေက ဂြိုဟ်တစ်လုံးလျှင် တစ်ရက်ကျစီ လွှမ်းမိုးမှုရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်တဲ့  ဉပမာ နေကလည်း ၇ ရက်ထဲက တစ်ရက်ကို လွှမ်းမိုးမှုရှိတယ် လ ကလည်း တစ်ရက်ကို လွှမ်းမိုးမှုရှိတယ် စသဖြင့်ပေါ့... ရောမခေတ်တုန်းက လူတွေဟာ နေ လ နဲ့ Mars,Mercury,Jupiter,Venus,Saturn စတဲ့ ဂြိုဟ်ငါးလုံးကိုပဲ သိရှိကြပါသေးတယ်တဲ့ ဒါကြောင့် ရက်သတ်တပတ် တစ်ပတ်မှာ ၇ ရက်ပါဝင်တာ ဖြစ်ပါတယ် နေက လွှမ်းမိုးမှုရှိတဲ့ရက်က Sun”s day ဖြစ်တာကြောင့် Sunday ဖြစ်လာပါတယ် အဲ့လိုပဲ လက လွှမ်းမိုးမှုရှိတဲ့ ရက်က Moon”s day ဖြစ်တာကြောင့် Monday ဖြစ်လာပါတယ် Saturn က လွှမ်းမိုးတဲ့ရက်က Saturday ဖြစ်လာပါတယ် ဒါပေမယ့် Mars Mercury Jupiter Venus ဂြုိဟ်တွေလွှမ်းမိုးတဲ့ရက်တွေကတော့ Mars”day ,Mercury”day ,Jupiter”s day, Venus”s day လို့မခေါ်ပါဘူး အဲဒီဂြိုဟ်တွေရဲ့ နာမည်တွေအစား သက်ဆိုင်ရာ နတ်ဘုရားတွေရဲ့ နာမည်တွေကို သုံးကြပါတယ် စစ်ပွဲတွေရဲ့ နတ်ဘုရား(god of war)Tui နတ်ဘုရား လွှမ်းမိုး

Parmanu:The Story of Pokhran

Image
 Nuclear ပိုင်ဆိုင်မှုဟာ ကမ္ဘာ့နိုင်ငံရေးမှာ ကြီးစွာသော သက်ရောက်မှုရှိပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာဖို့လည်း အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုပဲ အဏုမြူလက်နက်ဖျက်သိမ်းရေးတွေလုပ်ဆောင်ကြပေမယ့် နိုင်ငံတွေကတော့ ကြိတ်ပြီးကြိုးစားကြပါတယ်။  အခုဆိုရင် India ဟာ Nuclear ပိုင်တဲ့ နိုင်ငံတစ်ခုဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့အတွက် India ဟာအခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ရပါတယ်။ Nuclear လက်နက်စမ်းသပ်မှုတွေကို ကမ္ဘာကြီးကလည်း မကြိုဆို မထောက်ခံပါဘူး။  မျက်မှောက်ခေတ်မှာ ဂြိုဟ်တုကင်မရာတွေနဲ့ တစ်ကမ္ဘာလုံးကို စောင့်ကြည့်‌နိုင်နေနိုင်ပြီဖြစ်လို့ လျို့ဝှက်စီမံကိန်းတွေကို ဖေါ်ဆောင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အဲသလို နိုင်ငံတကာက စောင့်ကြည့်နေတဲ့ကြားက India ကန္တာရဒေသမှာ Nuclear စမ်းသပ်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့သလဲ။ US ရဲ့ Satellite ကင်မရာတွေကို ဘယ်လိုလွတ်အောင်ရှောင်ခဲ့ကြသလဲ။ India ရဲ့ Nuclear စွန့်စားခန်းကို ရုပ်ရှင်အဖြစ် ပုံဖော်ထားတဲ့ Parmanu:The Story of Pokhran မှာ ရင်တမမ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Nuclear project ရဲ့ခေါင်းဆောင်စစ်ဘက်အရာရှိအဖြစ် Dhoom( I )ဇတ်ကားနဲ့လူသိမျာ

မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း(part-1)

"မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ page ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။ ချယ်နယ်မှာ မနှင်းဆီတင်ထားတဲ့ လင့်ကို Done 400 ရရင် နောက်နေ့အပိုင်းအသစ် ချက်ချင်းတင်ပေးမှာဖြစ်ပါတယ်။🤭) နှင်းဆီပွင့်ပေါ် ချိတ်ဆွဲထားတဲ့ စာတစ်စောင် (သို့မဟုတ်) စာရေးသူစကား ဒီလိုပဲ လူသားလေးတစ်ယောက် အသက်ရှင်နေတာကို မြင်ချင်ရုံသက်သက်။ အဲ့ဒီလူလေးတစ်ယောက် မနက်ခင်းတစ်ခုမယ် အိပ်ရာက နိုးလာမယ်။ ကော်ဖီနွေးနွေးလေး တစ်ခွက် သောက်မယ်။ ရုံးနောက်ကျမယ်။ သူ့တစ်နေ့တာ အလုပ်ခွင်မယ် အဆင်ပြေ ပျော်ရွှင်ချင်လည်း ပျော်ရွှင်နေမယ်။ စိတ်ညစ်ရှုပ်ထွေး ပင်ပန်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ သီချင်းလေးတစ်ပုဒ်ကိုညည်းဆိုလို့ ပန်းတွေပွင့်တာကို ပေါ့ပေါ့ပါးပါး ငေးရင်လည်း ငေးနေမယ်။ တိမ်တွေ မြန်မြန်ပျံသွားတာကိုကအစ ဒေါသထွက်နေတဲ့နေ့ရက်တွေလည်း ရှိနိုင်တယ်။ သူ့မယ်လေ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားချစ်တဲ့လူတစ်ယောက် သူ့နေ့စဥ်ဘဝကို ပုံမှန်လေးဖြတ်သန်းနေတာကို မြင်နေရတာပါပဲ။ ပြီးတော့ ဒီ

Intelligent animal

Image
 ကမ္ဘာပေါ်မှာ လူတွေပြီးရင် ဘယ်အကောင်လေးတွေကများ အသိဉာဏ်မြင့်ကြဦးမယ်ထင်လဲ?? လူတွေက  စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခံစားနိုင်စွမ်းနဲ့ အရာရာကို လုပ်ကိုင်နိုင်စွမ်းတွေ ရှိကြပါတယ်။ အဟိတ် တိရစ္ဆာန်လေးတွေဟာလည်း အသိဉာဏ်ရှိကြပေမဲ့ လူတွေတော့ မမှီဘူးပေါ့လေ။ ဒါမဲ့ Admin က တခြားအကောင်လေးတွေထက် အသိဉာဏ်ပိုရှိတဲ့ တိရစ္ဆာန်လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။  ချင်ပန်ဇီ (Chimpanzee) ချင်ပန်ဇီ မျောက်လေးတွေက အာဖရိကတိုက် ဆာဟာရအောက်ပိုင်းဒေသလေးတွေမှာ နေကြပြီး အသိဉာဏ်အတော်ရှိပါတယ်။ ရုပ်သွင်ပြင်ကလည်း လူသားတွေနဲ့ ဆင်တူပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင်လည်း အံ့အားသင့်စရာကောင်းလောက်အောင် ဆက်သွယ်တတ်ကြပြီး အစာရှာ၊ အုပ်စု လိုက်ရှာဖို့ရာအတွက် တောထဲက ရှာတွေ့တဲ့ ကိရိယာတွေကို သုံးတတ်ကြပါတယ်။ ချင်ပန်ဇီမျောက်လေးတွေကိုသာ စနစ်တကျ သင်ပေးမယ်ဆို လူတွေပြောစကားကိုတောင် ကောင်းကောင်းပြောတတ်နိုင်ဖွယ်ရှိပါတယ်တဲ့။ ကြက်တူရွေး (Parrot) ကြက်တူရွေးလေးတွေ တော်တာတော့ အားလုံးသိလောက်ကြမှာပါ။ တချို့အလှမွေး ကြက်တူရွေးလေးတွေဆို လူတွေလိုတောင် အတော်ပြောနိုင်ကြတယ်လေ။ မှတ်သားဉာဏ်ကောင်းလွန်းတာကြောင့် ဒီလို လိုက်လံတု

Stoicism

Image
 BC 300 လောက်တုန်းက Cyprus နိုင်ငံမှာ Zeno ဆိုတဲ့ ကုန်သည်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ Phoenicia ကနေ Peiraeus မြို့ကို ရေလမ်းနဲ့ ကုန်သွယ်ရင်း သင်္ဘောမှောက်တာနဲ့ ကြုံရတယ်။ အသက်မသေပေမယ့် ကုန်ပစ္စည်းတွေ အားလုံး ဆုံးရှုံးပြီး ချမ်းသာကြွယ်ဝတဲ့ ကုန်သည်အဖြစ်ကနေ နေ့ချင်းညချင်း ဆင်းရဲသွားပါလေရော။ အခြားလူသာဆိုရင် လောကကြီးကို မကျေမနပ်ဖြစ်ပြီး စိတ်ဓာတ်ကျသွားမှာပဲ။ ဒါပေမယ့် Stoicism ကို စတင်ခဲ့သူ Zeno ကတော့ စိတ်ဓာတ်မကျခဲ့ဘူး။ Socrates နဲ့ အခြားသော အတွေးအခေါ်ပညာရှင်တွေရဲ့ စာအုပ်တွေကို ဖတ်ပြီးနောက်မှာ Zeno ဟာ Stoicism ကို တီထွင်ခဲ့ပြီး အခြားသူတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။ "Stoic" ဆိုတာက နာကျင်မှု၊ ဝမ်းသာမှု၊ ပျော်ရွှင်မှု၊ သောက စတာတွေ မရှိတဲ့လူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် Stoicism ကတော့ ခံစားချက်မရှိခြင်းဆိုတာထက် အများကြီး ပိုပြီးလေးနက်ပါတယ်။ Stoicism က ပြုပြင်ပြောင်းလဲလို့ ရမယ့်အရာတွေနဲ့ မရမယ့်အရာတွေကို ခွဲခြားတတ်ဖို့ သင်ကြားပေးတယ်။ ဘာမှမတတ်နိုင်တဲ့ အရာတွေအတွက် အချိန်ကုန်ခံမနေဘဲ တတ်နိုင်တဲ့ကိစ္စမှာ အချိန်ကို အကျိုးရှိရှိ အသုံးချရမှာပါ။ တခြားနိုင်ငံမှာ မွေးဖွားလာချင်တာတို့၊ အတိတ်က အမှား

ဝေးသွားတဲ့အခါ

Image
 "ဝေးသွားတဲ့အခါ" သီချင်းကို ဆရာငှက်လို့လူသိများတဲ့ ထူးအိမ်သင်ကအသက် ၂၀မပြည့်ခင်မှာတင်ရေးသားခဲ့ပါတယ်။ အရှုပ်ထွေးဆုံး ဂီတအမျိုးအစားတစ်ခုဖြစ်တဲ့ Jazz music ကိုဆယ်ကျော်သက်အရွယ်တစ်ယောက်ကရေးသားခဲ့တာပေါ့။               ရေးပြီးတဲ့နောက် အတူဆိုမယ့်မိန်းကလေးတေးသံရှင်ကိုရှာခဲ့ပေမယ့် တက်သစ်စအဆိုတော်မို့ရှာရခက်ခဲ့ပါတယ်။ နာမည်ကြီးအဆိုတော်မလေးတစ်ယောက်ကို သီချင်းစာသားနဲ့notes စာရွက်ကိုပို့ပေးခဲ့ပေမယ့် " တင်ထားလိုက်နော် ဖတ်ကြည့်လိုက်ပါ့မယ်" လို့အထက်စီးကပြောတာကိုခံခဲ့ရပါတယ်။ ဒါပေမယ့် သီချင်းကိုဖတ်ကြည့်ပြီးနောက်မှာတော့ သူအရမ်းမှားသွားမှန်းသိတာကြောင့် ဆရာငှက်ကိုဆက်သွယ်ပြီး သီချင်းဟာအရမ်းခက်ကြောင်း၊ သူ မဆိုနိုင်ကြောင်း ဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်။                နောက်ဆုံးတွဲဆိုစရာလူရှာရခက်နေတာကြောင့် ငယ်ငယ်ထဲကသီချင်းတူတူဆိုလာတဲ့သူငယ်ချင်းလေး ပေါက်ပေါက်ကိုပဲအကူအညီတောင်းပြီးဆိုခဲ့ပါတယ်။ ပေါက်ပေါက်နဲ့အတူ အပေးအယူမျှမျှနဲ့ ရသပေါ်အောင်ဆိုသွားနိုင်ခဲ့တာမို့ လူရွေးမမှားခဲ့ဘူးလို့ပဲပြောရမှာပါ။                 "ဝေးသွားတဲ့အခါ" သီချင်းမှာ ဂီတာ chord ပေါင်း ၄၀ကျော်ပါဝင်ပါတယ်။ နိုင်ငံခြား clas

Where your eyes linger

Image
 Thai Y seriesတွေဘဲကြည့်ရတာပျင်းလာရင်Korean web Y seriesလေးတွေကိုပြောင်းကြည့်တာလဲfeelingတစ်မျိုးဘဲဗျ ကျွန်တော်ကတော့Korean Y seriesလေးတွေလဲသဘောကျတော့Where your eyes lingerဆိုတဲ့web Y seriesလေးကိုအပျင်းပြေကြည့်ဖို့recommendပေးချင်ပါတယ်ဗျ Close friendsတွေဖြစ်တဲ့သူဋ္ဌေးသားလေးနဲ့သူ့ရဲ့bodyguardတို့ရဲ့platonic loveကနေromantic love changeသွားတာကိုကြည့်ရင်းနဲ့ကလိကလိဖြစ်အောင်ကိုခေါ်ဆောင်သွားမှာပါဒီလိုchangeဖြစ်သွားစေတဲ့hero girlလေးရဲ့အလွဲလေးတွေကလဲချစ်စရာကောင်း  သူဋ္ဌေးသားလေးရဲ့သူ့ချစ်သူအပေါ်ဆိုးတာတွေ Bodyguardကြီးရဲ့ချစ်တတ်မှုတွေ Hero girlလေးအမေရဲ့fujoshiဆန်မှုတွေနဲ့ Endingထိမပျင်းရဘဲပေါ့ပေါ့ပါးပါးလေးနဲ့relaxedဖြစ်စေတဲ့mini seriesလေးပါ နောက်ဆုံးနှစ်ယောက်သားနှုတ်ဆက်ကြတဲ့အခန်းလေးတော့deepဖြစ်တာပေါ့🤧 စိတ်တွေရှုပ်ပြီးပင်ပန်းရင်Where your eyes lingerလေးကြည့်ဖို့ပြောချင်ပါတယ်ဗျ Clickပေးကြတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ဗျ🤗

THE CALL OF THE WILD

Image
 Jack London လို့ပြောလိုက်ရင် စာဖတ်ဝါသနာပါသူတွေကတော့ မသိမရှိပါဘူး။ Jack London ဟာ ဘဝမျိုးစုံကျင်လည်ခဲ့သူပီပီ သူ့ရဲ့ဇတ်ကောင်တွေဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Jack London ရဲ့ဝတ္ထုတွေထဲမှာတော့ Call of the wild ဟာ နာမည်အကြီးဆုံး လက်ရာတစ်ခုပေါ့။ 'အရိုင်းခေါ်သံ' ဆိုတဲ့ မြန်မာပြန်လက်ရာဟာလည်း ဖတ်လို့ကောင်းတာပါပဲ။ Call of the wild ကို ရုပ်ရှင်အဖြစ်လည်း ဖန်တီးခဲ့ကြတာ version အများအပြားရှိပါတယ်။ CGI နဲ့ VFX နည်းပညာတွေ သိပ်ကိုတိုးတက်လာတဲ့ ဒီခေတ်မှာ ဖန်တီးထားတဲ့ The Call of the Wild (2020) ကတော့ ကြည့်ရတာ ဇတ်ကိုကြွလာစေပါတယ်။ ဒီရုပ်ရှင်ကို Lilo & Stich, How to Train Your Dragon စတဲ့ နာမည်ကျော် Animation Movie ပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chris Sanders ကညွှန်ကြားဖန်တီးပါတယ်။ Burk ဆိုတဲ့ ခွေးတစ်ကောင်ရဲ့ ဇတ်ဖြစ်တဲ့အတွက် animation ဇတ်ကားတွေလို လူစကားမပြောတာကလွဲလို့ Burk ရဲ့ဇတ်ရုပ်ဟာ လူတစ်ယောက်လို ဉာဏ်ရည်မြင့်နေတာကတော့ သဘာဝမကျသလိုဖြစ်တာ‌ပေါ့ ။ ဒါပေမဲ့ ရုပ်ရှင်ရဲ့ tempo ကဆွဲခေါ်သွားတဲ့အတွက် ကြည့်နေစဉ်ကာလမှာတော့ ဒါကိုမေ့နေပြီး ပြုံးစရာ၊ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ ရသတွေကို Burk

Fantastic Beasts in Wizarding World

Image
  Fantastic Beasts in Wizarding World - မှော်လောကရှိ သားရဲများကိုလေ့လာခြင်း (Part-7) Griffin          အဝါရောင်မျက်လုံးတွေရှိတဲ့ Griffinတွေရဲ့ ခန္ဓာကိုယ်အရှေ့ပိုင်းဟာ လင်းယုန်တစ်ကောင်ရဲ့ ခြေထောက်နဲ့ ခန္ဓာကိုယ်ပုံစံရှိပြီး နောက်ပိုင်းကတော့ ခြင်ေ္သ့တစ်ကောင်ရဲ့ခန္ဓာကိုယ်ပုံစံ ရှိပါတယ်။ ခန္ဓာကိုယ်အရောင်ကတော့ လင်းယုန်ကိုယ်ဟာ အဖြူရောင်နဲ့ အညိုရောင်ရှိပြီး ခြင်္သေ့ကိုယ်ကတော့ အညိုရောင်ဖက်သမ်းတဲ့ အဝါရောင်ရှိပါတယ်။ ဂရိနိုင်ငံမှာနေထိုင်ကြပြီး ပျံလည်းပျံနိုင်ကြပါသေးတယ်။        သူတို့ရဲ့အဓိကအစာကတော့ အသားစိမ်းဖြစ်ပြီး သူတို့နဲ့ရင်းနှီးအောင်လုပ်ဖို့ ခက်ပါတယ်။ အရည်အချင်းရှိပြီး Care Of Magical Creatures ဘာသာရပ်ကို ကျွမ်းကျင်မှသာ သူတို့နဲ့ခင်မင်နိုင်မှာဖြစ်ပါတယ်ဗျ။ ရှေးခေတ်မှော်ဆရာတွေဟာ Griffin တွေကို ရတနာသိုက်အစောင့်အဖြစ်ထားလေ့ရှိကြပြီး 1927ခုနစ်မှာ Newt မှာလည်း Griffin ကြီးတစ်ကောင် ရှိခဲ့ပါတယ်။ အားလုံးသိတဲ့အချက်ကတော့ Hogwartsကျောင်းမှာရှိတဲ့ ကျောင်းအုပ်ရုံးခန်းအပေါက်ဝမှာ Griffinရုပ်ထုကြီးရှိနေတာပါ။ Murtlap        ပန်းရောင်ဖျော့ဖျော့အရောင်ရှိတဲ့ Murtlap လေးတွေဟာ အမြီးရှည်တဲ့ ဖြူကောင်တစ်ကောင်နဲ့တူပါတယ်

Fashion Blog

Image
 Hello နေ့စဥ်နေ့တိုင်း တာဝန်​ကျေကြတဲ့ ချစ်စရာclickersလေးတို့👻 ဒီတစ်ခါတော့ clickersလေးတို့ စတိုင်ကျ၊ ဖက်ရှင်ကျ မိမိုက်နေစေဖို့ ဒီ Fashion Blog လေးကို မိတ်ဆက်ပေးပါရစေနော်😻 Blog Name ကတော့ " Htet's " ပါ။ ယောကျ်ားလေးတွေအတွက်ရော၊ မိန်းကလေးတွေအတွက်ပါ အမျိုးမျိုး ဘယ်လိုမျိုးဝတ်ရင်၊ ဘာနဲ့ဘာ တွဲဝတ်ရင် စသဖြင့် အသေးစိတ် ပြောပြပေးထားပါတယ်။ ပြီးတော့ ငါနဲ့ ဒီဝတ်စုံနဲ့ မလိုက်ပါဘူး၊ မဝတ်ရဲပါဘူး စသဖြင့် မဝံ့မရဲဖြစ်နေတဲ့သူတွေအတွက် self-confidentမြှင့်တင်ပေးပြီး motivatedဖြစ်စေတဲ့အကြောင်းအရာလေးတွေပါ ထည့်သွင်းပြောပြပေးတတ်တာကြောင့် ဒီ blogလေးကို followထားသင့်ပါတယ်နော်🥳

Dinner Mate

Image
ပြီးခဲ့အခေါက်က "Hometown Cha Cha" လိုမျိုး စိတ်ပင်ပန်းမှုတွေကို​ ဖြေ​ဖျောက်ပေးနိုင်တဲ့ ဇာတ်ကားမျိုးလေး "Do Do Sol Sol La La Sol" ကို မိတ်ဆက်ပေးခဲ့ပြီးပြီပေါ့နော်👀 ခုတစ်ခါမှာလည်း အဲ့လိုမျိုးပဲ ရိုးရှင်းပေါ့ပါးတဲ့ဇာတ်အိမ်လေးနဲ့ ဟာသအခွီလေးတွေကိုပါ ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် clickersတို့ အကြိုက်တွေ့မိစေမှာ အသေအချာပါပဲ🥳 ဇာတ်ကားနာမည်လေးကတော့ "Dinner Mate" ဖြစ်ပြီး Main Castsအနေနဲ့ မင်မင်တို့ရဲ့ ငယ်ချစ်ဦး အိုပါးဂျွန်စော (Song Seung Heon)နဲ့ Crush Landing On Youထဲက ထက်မြက်လှပတဲ့ မြောက်ကိုရီးယားသူလေး ဒန် (Seo Ji Hye)တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 2020 မေလက ထွက်ရှိထားတာပါ။ မတော်တဆ အကြိမ်ကြိမ်တွေ့ဆုံမိကြရင်း ထမင်းလက်ဆုံစားကြရင်းနဲ့ ချစ်ခြင်းမေတ္တာများ ပေါက်ဖွားလာခဲ့ပါတော့တယ်။ ဒီကားလေးရဲ့ ကြည့်ရှုသူပရိသတ်တွေကိုပေးချင်တဲ့ messageကတော့ "ထမင်းလက်ဆုံစားကြရင်းနဲ့လည်း ကိုယ်ချစ်တဲ့သူအပေါ် ဂရုစိုက်မှု၊ အလေးထားမှုတွေပေးနိုင်ပြီး ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့အကြောင်းရင်းကြောင့်မို့လားတော့ မသိ ဇာတ်ကားကြည့်ရ

Lemon and Strawberry

Image
 ' သကြားပါဝင်မှူများသောသံပယိုသီးနှင့် မချိူသောအရသာ' စားပွဲပေါ်မှာ သံပယိုသီးတစ်လုံးနဲ့ စတော်ဘယ်ရီတစ်လုံးချထားမယ်ဗျာ။ ပြီးတဲ့အခါမှာ ဘယ်ဟာက သကြားပါဝင်မှုများလဲ audience ကိုမေးမယ်။ သေချာပေါက် ထက်ဝက်ကျော်ကျော် ဒါမှမဟုတ် အကုန်နီးပါးက စတော်ဘယ်ရီကိုရွေးကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ စားကြည့်တဲ့အခါမှာ စတော်ဘယ်ရီကပိုချိူတာကိုး။ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ချိူတဲ့အရသာက စတော်ဘယ်ရီမှာပိုကဲပေမဲ့  သကြားပါဝင်မှုနှုန်းကတော့ သံပယိုသီးကစတော်ဘယ်ရီထက် 30% ပိုများပါတယ်။  သံပယိုသီးမှာ သကြားပါဝင်မှု 70%အထိရှိပြီး စတော်ဘယ်ရီမှာတော့ 40% သာရှိပါတယ်။  ဒီနေ့ပြောပြမယ့် topic က စတော်ဘယ်ရီထက် သကြားပါဝင်မှု 30%များတဲ့ သံပယိုသီးဟာ ဘာကြောင့် ချိူတဲ့အရသာပျောက်နေရလဲဆိုတဲ့အကြောင်းပါ။  သံပယိုသီးမှာ သကြားပါဝင်မှုများလျက်နဲ့ ဘာကြောင့်ချိူတဲ့အရသာပျောက်နေရလဲဆိုရင်- သံပယိုသီးမှာ citric acid 3%-6%အထိပါဝင်ပြီး ဒီပမာဏကပဲ ရှိသမျှသကြားတွေရဲ့ချိူတဲ့အရသာကို အလုံးစုံလွှမ်းမိုးကာ acidဖြစ်သည့်အလျောက် ချဉ်ရခြင်းဖြစ်ပါတယ်။ စတော်ဘယ်ရီမှာကျတော့ သံပယိုသီးထက်သကြားပါဝင်မှုနည်းပေမဲ့ citric acid မပါတဲ့အတွက် သံပယိုသီးနဲ့ယှဉ်ရင်

Pizza in the United States

Image
  Pizza in the United States 🍕ကမ္ဘာတစ်လွှားက အစားအစာတွေထဲမှာ Pizza ကတော့ လူကြိုက်အများဆုံး အစားအစာတစ်ခုအနေနဲ့ ရပ်တည်လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ 🍕ခုတလော မီယမ်မာကလူတွေ အသွားအများဆုံးဖြစ်နေတဲ့🤭 United Statesဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ Pizza စားသုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လို့နေပါတယ်။ 🍕US မှာဆိုရင်တော့ Pizza ကို 19ရာစုအစပိုင်းမှာတည်းက စတင်ပြုလုပ်ရောင်းချနိုင်ခဲ့ပြီး အီတလီလူမျိုးအများဆုံးနေထိုင်ရာမြို့တွေဖြစ်တဲ့ New York, Chicago, Philadelphia, Trenton, St.Louis စတဲ့ မြို့ကြီးတွေမှာ ရောင်းချမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ 🍕19ရာစုပိုင်းတွေမှာဆိုရင်တော့ Pizza ပေါင်မုန့်သားပေါ်မှာ ခရမ်းချဉ်သီး အဝိုင်းလေးတွေကို ပါးပါးလေးဖြစ်အောင်လှီး စက္ကူအိတ်လေးနဲ့ထုပ် ကြိုးတစ်ချောင်းကိုအပေါ်ကနေပတ်ပြီး လက်ကနေဆွဲသယ်လို့ရတဲ့ပုံစံလေးတွေနဲ့ ပြုလုပ်ပြီး နေ့လည်စာပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီကာလဝန်းကျင်တစ်ဝိုက်က စက်ရုံအလုပ်သမားတွေအတွက်တော့ နေ့လည်စာထမင်းထက် Pizza ကိုပဲ အားပြုစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ 🍕1910ခုနှစ်မှာ Joe's Tomato Pies Pizza, 1912 ခုနှစ်မှာ Papa's Tomato Pies Pizza, 1936