ဗေဒင်

 သင်က ပုတိဖွား လား / သိုက်ဖွားလား🤔

တွက်ကြည့်မလား 👀


ဗေဒင်မေးတဲ့အခါ အဓိပတိဖွား/ အထွန်းဖွား စသဖြင့် ကြားဖူးကြမယ် ထင်ပါတယ်။


ဗေဒင်မေးခြင်းကို မနှစ်သက်ပေမယ့် ကိုယ့်ကိုယ်ကို ဘင်္ဂပွားလား ၊ သိုက်ဖွားလား ဘာဖွားလဲလို့ တွက်ကြည့်တာကိုကျ သဘောကျတယ်။ ကိုယ့်လိုပဲ တွက်ကြည့်ချင်သူများ ရှိမလားဆိုပြီး ‌ဝေမျှခြင်းဖြစ်ပါတယ်။


မဟာဘုတ်တိုင်ဟောကိန်းမှာ ဘင်္ဂဖွား ၊ အဓိပတိဖွား ၊ ပုတိဖွား ၊ သိုက်ဖွား ၊ ရာဇဖွား ၊ အထွန်းဖွား ၊ မရဏဖွား ဆိုပြီး ခုနှစ်မျိုး ရှိပါတယ်။ 


ကိုယ်က ဘယ်ဖွားလဲ တွက်ရန် (သို့) သူတစ်ပါးကို တွက်ကြည့်ပေးရန်  


မွေးသက္ကရာဇ် ( မြန်မာလို ) 

မွေးနံ   

စာရွက် 

ခဲတံ လိုပါတယ်။


"အောင် လံ ထူ စစ် သူ ကြီး ပွဲ "ဆိုတဲ့ဆောင်ပုဒ်လေးကိုလည်း ကျက်ထားရပါဦးမယ်။


တွက်နည်းကို သွားကြမယ်နော်။


မွေးသက္ကရာဇ်ကို ၇ ဖြင့် စားရပါမယ်။ အကြွင်း သည် "အောင်လံထူ " ဘယ်ကစရမလဲ ရွေးချယ်သည်ဟု မှတ်ရပါမယ်။


အကြွင်း ၁ သည် တနင်္ဂနွေ ကိုရည်ညွှန်းသည် ၊ထို့ကြောင့် အောင် ကစ၍

အောင်လံထူ စစ်သူကြီးပွဲ


အကြွင်း ၂ သည် တနင်္လာကို ရည်ညွှန်းသည် ၊ ထို့ကြောင့် 

ကြီးက စရမည် 

ကြီးပွဲအောင်လံထူစစ်သူ ဟု သွားရမည်


ထို့နည်းတူ အကြွင်း ၃ --> စစ်သူကြီးပွဲအောင်လံထူ

                       ၄ --> ပွဲအောင်လံထူ စစ်သူကြီး


(မှတ်ချက် - အကြွင်း ၈ မရှိ / အကြွင်း ၀ ကို စနေအဖြစ် သတ်မှတ်သည် )


စသဖြင့် မဟာဘုတ်တွင်ချရမည်။


မဟာဘုတ်မှာ သွားရမည့် အစဉ်က ဘင်္ဂ ၊ မရဏ ၊ ထွန်း ၊ သိုက် ၊ ရာဇ ၊ ပုတိ ၊ အဓိပတိ ဖြစ်ပါတယ်။သူ့ကို ပုံသေ မှတ်ထားရပါမယ်။


မဟာဘုတ်တွင် ချပြီးနောက် 


တနင်္ဂနွေဖြစ်ပါက "အောင်" ကျရာ နေရာ၏ ဖွားကို ယူရမည်။


တနင်္လာဖြစ်ပါက " ကြီး" ကျရာ ယူရမည် ။


စသဖြင့် ကိုယ့်ရဲ့မွေးနံက ကိုလိုက်၍ အဖြေရှာရမည်။


ကဲ ၁၂၅၅ ခုနှစ်ဖွား ကြာသ‌ပ‌တေး ကို တွက်ကြည့်ပါမယ်


၁၂၅၅ ကို ၇ ဖြင့် စားလျှင် ၂ ကြွင်းပါတယ်။


၂ ဆိုတော့ တနင်္လာ ၊ ကြီး ကစ၍ "ကြီးပွဲအောင်လံထူစစ်သူ" ဟူ၍ မဟာဘုတ်မှာ ချရပါမယ်။

မဟာဘုတ်အစဉ် ဘင်္ဂ ၊ မရဏ ၊ အထွန်း ၊ သိုက် ၊ ရာဇ ၊ ပုတိ ၊ အဓိပတိ အတိုင်းချပြီးနောက် မိမိ၏ မွေးနံအရ အဖြေကို ကြည့်ရမည်။



ကြာသပတေးသား ဖြစ်၍ " ပွဲ " ရောက်နေသည့် နေရာကို ကြည့်လျှင် အဖြေ ရပြီ ဖြစ်ပါသည်။


ဒါဆို ကိုယ့်က ဘာဖွားလဲဆိုတာ ကိုယ်တိုင်တွက်တက်ပြီလို့ မျှော်လင့်ပါတယ်။ 


လက်တွေ့တွက်ကြည့်ပြီး အဖြေပေးသွားလည်း ရပါတယ်နော်✌️

Comments

Post a Comment