ဗေဒင်
သင်က ပုတိဖွား လား / သိုက်ဖွားလား🤔
တွက်ကြည့်မလား 👀
ဗေဒင်မေးတဲ့အခါ အဓိပတိဖွား/ အထွန်းဖွား စသဖြင့် ကြားဖူးကြမယ် ထင်ပါတယ်။
ဗေဒင်မေးခြင်းကို မနှစ်သက်ပေမယ့် ကိုယ့်ကိုယ်ကို ဘင်္ဂပွားလား ၊ သိုက်ဖွားလား ဘာဖွားလဲလို့ တွက်ကြည့်တာကိုကျ သဘောကျတယ်။ ကိုယ့်လိုပဲ တွက်ကြည့်ချင်သူများ ရှိမလားဆိုပြီး ဝေမျှခြင်းဖြစ်ပါတယ်။
မဟာဘုတ်တိုင်ဟောကိန်းမှာ ဘင်္ဂဖွား ၊ အဓိပတိဖွား ၊ ပုတိဖွား ၊ သိုက်ဖွား ၊ ရာဇဖွား ၊ အထွန်းဖွား ၊ မရဏဖွား ဆိုပြီး ခုနှစ်မျိုး ရှိပါတယ်။
ကိုယ်က ဘယ်ဖွားလဲ တွက်ရန် (သို့) သူတစ်ပါးကို တွက်ကြည့်ပေးရန်
မွေးသက္ကရာဇ် ( မြန်မာလို )
မွေးနံ
စာရွက်
ခဲတံ လိုပါတယ်။
"အောင် လံ ထူ စစ် သူ ကြီး ပွဲ "ဆိုတဲ့ဆောင်ပုဒ်လေးကိုလည်း ကျက်ထားရပါဦးမယ်။
တွက်နည်းကို သွားကြမယ်နော်။
မွေးသက္ကရာဇ်ကို ၇ ဖြင့် စားရပါမယ်။ အကြွင်း သည် "အောင်လံထူ " ဘယ်ကစရမလဲ ရွေးချယ်သည်ဟု မှတ်ရပါမယ်။
အကြွင်း ၁ သည် တနင်္ဂနွေ ကိုရည်ညွှန်းသည် ၊ထို့ကြောင့် အောင် ကစ၍
အောင်လံထူ စစ်သူကြီးပွဲ
အကြွင်း ၂ သည် တနင်္လာကို ရည်ညွှန်းသည် ၊ ထို့ကြောင့်
ကြီးက စရမည်
ကြီးပွဲအောင်လံထူစစ်သူ ဟု သွားရမည်
ထို့နည်းတူ အကြွင်း ၃ --> စစ်သူကြီးပွဲအောင်လံထူ
၄ --> ပွဲအောင်လံထူ စစ်သူကြီး
(မှတ်ချက် - အကြွင်း ၈ မရှိ / အကြွင်း ၀ ကို စနေအဖြစ် သတ်မှတ်သည် )
စသဖြင့် မဟာဘုတ်တွင်ချရမည်။
မဟာဘုတ်မှာ သွားရမည့် အစဉ်က ဘင်္ဂ ၊ မရဏ ၊ ထွန်း ၊ သိုက် ၊ ရာဇ ၊ ပုတိ ၊ အဓိပတိ ဖြစ်ပါတယ်။သူ့ကို ပုံသေ မှတ်ထားရပါမယ်။
မဟာဘုတ်တွင် ချပြီးနောက်
တနင်္ဂနွေဖြစ်ပါက "အောင်" ကျရာ နေရာ၏ ဖွားကို ယူရမည်။
တနင်္လာဖြစ်ပါက " ကြီး" ကျရာ ယူရမည် ။
စသဖြင့် ကိုယ့်ရဲ့မွေးနံက ကိုလိုက်၍ အဖြေရှာရမည်။
ကဲ ၁၂၅၅ ခုနှစ်ဖွား ကြာသပတေး ကို တွက်ကြည့်ပါမယ်
၁၂၅၅ ကို ၇ ဖြင့် စားလျှင် ၂ ကြွင်းပါတယ်။
၂ ဆိုတော့ တနင်္လာ ၊ ကြီး ကစ၍ "ကြီးပွဲအောင်လံထူစစ်သူ" ဟူ၍ မဟာဘုတ်မှာ ချရပါမယ်။
မဟာဘုတ်အစဉ် ဘင်္ဂ ၊ မရဏ ၊ အထွန်း ၊ သိုက် ၊ ရာဇ ၊ ပုတိ ၊ အဓိပတိ အတိုင်းချပြီးနောက် မိမိ၏ မွေးနံအရ အဖြေကို ကြည့်ရမည်။
ကြာသပတေးသား ဖြစ်၍ " ပွဲ " ရောက်နေသည့် နေရာကို ကြည့်လျှင် အဖြေ ရပြီ ဖြစ်ပါသည်။
ဒါဆို ကိုယ့်က ဘာဖွားလဲဆိုတာ ကိုယ်တိုင်တွက်တက်ပြီလို့ မျှော်လင့်ပါတယ်။
လက်တွေ့တွက်ကြည့်ပြီး အဖြေပေးသွားလည်း ရပါတယ်နော်✌️
အထွန်းဖွား💜
ReplyDeleteDone 💪
ReplyDeleteငါနားမလည်ခဲ့ဘူးကွယ်
ReplyDeletedone
ReplyDeleteအဓိပတိ😁
ReplyDeleteရာဇဖွား😁
ReplyDeleteဗေဒင်တွေကပြောတာ မရဏဖွား ကိုယ်တိုင်တွက်တာ ပုတိဖွားဖြစ်နေတယ်
DeleteMe . သိုက်ဖွား
ReplyDelete✅🙋🙆
ReplyDeleteNow I got it. Thank you.
ReplyDelete