Posts

Showing posts from February, 2022

Sport

Image
ယူနိုက်တက်အတွက် ဒုတိယဗန်ပါစီကို ရရှိသွားနိုင်မှာလား ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ လက်ရှိအချိန်မှာ အမြဲတမ်းနည်းပြသစ်ရှာပုံတော်ကို စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး အဲရစ်တန်ဟတ်ခ် ၊လူးဝစ်အင်းနရစ် နဲ့ ပိုချက်တီနို တို့ကတော့ နာမည်အထွက်ဆုံး ဖြစ်နေပါတယ်။ အကယ်၍ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခန့်အပ်ခဲ့ပါက အသင်းအတွက် နောက်ထပ် ဗန်ပါစီတစ်ယောက်ကို ရရှိသွားနိုင်ဖို့ များနေပါတယ်။ ရာသီကုန်မှာ ယူနိုက်တက်အသင်းအနေနဲ့ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ရှိနေပြီး ယာယီနည်းပြ ရန်းနစ်ခ် ကလည်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ကာဗာနီအနေနဲ့ ရာသီကုန်မှာ သေချာပေါက်ထွက်ခွါသွားမှာဖြစ်သလို ခရစ်စတီယာနိုရော်နယ်ဒို ရဲ့ အနာဂတ်ဟာလည်း မသေချာလှပါဘူး။ အကယ်၍ ပိုချက်တီနိုသာ ရောက်ရှိလာမယ်ဆိုရင် သူဟာ ဟယ်ရီကိန်းနဲ့ ပြန်ပေါင်းစည်းရဖို့အတွက် ကြိုးစားမှာ အသေချာပါပဲ။ဟယ်ရီကိန်းကို ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်စေခဲ့သူဟာ ပိုချက်ပါ။ ပိုချက်ထွက်ခွါပြီးနောက်ပိုင်း မော်ရင်ဟိုနဲ့ ကွန်တီရဲ့လက်အောက်မှာ သူရဲ့ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမယ့် ဟယ်ရီကိန်းရဲ့ အပျော်ဆုံးနေ့ရက်တွေဟာလည်း အာဂျင်တိုင်းသားနည်းပြရဲ့ လက်အော

Football

Image
ယူနိုက်တက်နဲ့ ဒီဂီယာတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုရှေ့ဆက်သင့်သလဲ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ လက်ရှိယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်ချက်ကို အဓိကအသက်ဆက်ပေးနေသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းကို ၁၁၂ ကြိမ်အထိ ကန်ခွင့်ပေးထားရပြီး တန်းဆင်းဇုန်ထဲက နောဝစ်ချ် ( ၁၁၃ကြိမ် ) ပြီးရင် အများဆုံးပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဂိုးသမားဒီဂီယာကတော့ ဂိုးပေါက်ကာကွယ်မှု ၈၆ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်မှာတော့ အများဆုံးအရေအတွက် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝါရင့်ဂိုးသမား ဒီဂီယာအနေနဲ့ ယူနိုက်တက်အတွက် ၁၈လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာပဲ ဖြစ်ပြီး အသင်းအနေနဲ့ကလည်း စာချုပ်သစ်အတွက် အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒေးဗစ်ကိုစာချုပ်သစ် ချုပ်ဆိုဖို့ သင့်မသင့်နဲ့ သူဟာအသင်းရဲ့အနာဂတ်ဖြစ်နိုင်သေးရဲ့လား ဆိုတဲ့နေရာမှာ စဉ်းစားစရာတွေရှိလာပါတယ်။ ပထမအချက်အနေနဲ့ ဒေးဗစ်ဟာ အသက် ၃၁နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ လက်ရ

smoking

Image
ဆေးလိပ်ငွေ့ ရှူသွင်းလိုက်တိုင်း ၎င်း၏ဓာတုပစ္စည်းပေါင်း ၅၀၀၀ကျော်ကို ခန္ဓာကိုယ်တစ်ရှူးများနှင့် ထိတွေ့စေပါတယ်။ ပထမဆုံး ကတ္တရာစေး၊ အနက်ရောင်အစေးထွက်ပစ္စည်းဟာ သွားနှင့်သွားဖုံးတွေကို ဖုံးအုပ်ကာ သွားကြွေလွှာကို ပျက်စီးစေပြီး နောက်ဆုံးမှာ ယိုယွင်းစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ်ငွေ့ဟာ နှာခေါင်းအတွင်းရှိ အာရုံကြောတွေကို ပျက်စီးစေပြီး အနံ့အသက်ဆုံးရှုံးစေပါတယ်။ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်းမှာ ဆေးလိပ်ငွေ့ဟာ ရောဂါပိုးဝင်နိုင်ခြေကို တိုးမြင့်စေပြီး လည်ချောင်းနာခြင်းနှင့် ရင်ကျပ်ရောဂါများကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်။ ၎င်းဟာ အသက်ရှူလမ်းကြောင်းကို သန့်ရှင်းအောင်ထားရန် တာဝန်ဖြစ်တဲ့ သေးငယ်တဲ့ဆံပင်ကဲ့သို့သော အမွှေးအမျှင်များ(cilia)ကို ပျက်စီးစေပါတယ်။ ထို့နောက် ၎င်းဟာ အဆုတ်နှင့် သွေးကြားမှာ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်မှုကို လုပ်ဆောင်နိုင်သည့် သေးငယ်သော လေအိတ်ငယ်များ(alveoli)ကို ၎င်းအငွေ့နဲ့ ဖြည့်သွင်းပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဟု ခေါ်တဲ့ အဆိပ်ဓာတ်ငွေ့က ထိုအမြှေးပါးကို သွေးထဲသို့ ဖြတ်သွားကာ ဟေမိုဂလိုဘင်နှင့် ချိတ်ဆက်ပြီး ခန္ဓာကိုယ်အနှံ့ ပို့ဆောင

ထင်ရှားကျော်ကြားသမိုင်းထဲကခေါင်းဆောင်များ - 4

Image
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 4 Fidel Castro ဆိုတာကတော့ 1959 ကနေ 2008 ထိ ကျူးဘားနိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင် အပြင် နိုင်ငံရေးသမား၊ ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ 1959 ကနေ 1976 ထိ Cuba ရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးနောက် 2008 ခုနှစ်ထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ 1958 ကနေစပြီး ကျူးဘားနိုင်ငံရဲ့ မတရား ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင် Fulgencio Batista ကို ဖြုတ်ချဖို့ ကျူးဘားတော်လှန်ရေးအဖွဲ့ကို ပြောက်ကျားနည်းနဲ့ ထိထိရောက်ရောက် တိုက်ခိုက်တော်လှန်ခဲ့ပါတယ်။ သူဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ စစ်ရေး၊ ဘဏ္ဍာရေးတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ Fidel Castro လက်ထက်မှာ ကျူးဘားနိုင်ငံရဲ့ လူမှုရေးမူဝါဒတွေ၊ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေကို ဦးစားပေးပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ 1996 Zanuary မှာ Castro ဟာ အာရှ၊အာဖရိကနဲ့ လက်တင်အမေရိကတို့က ပြည်သူတွေနဲ့ သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကို တည်ထောင်ခဲ့ပါတယ်။ အဲ့အဖွဲ့ကြီး တည်ထောင်ခဲ့မှုကြောင့် တော်လှန်ရေးနဲ့ ကွန်မြူနစ်ဝါဒတို့ကို အားပေးအားမြှောက်တွန်းအားပေးနိုင်ခဲ့တာပါ။ 1976 မှာတော့ Fidel Castr

ထင်ရှားကျော်ကြားသမိုင်းထဲက ခေါင်းဆောင်များ - 3

Image
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 3 ဒီတစ်ခါ ဖော်ပြပေးမဲ့ Famous leader ကတော့ Time Magazine မှာ၂၀ ရာစုနှစ်အတွင်း ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ အနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ မော်စီတုံးပဲ ဖြစ်ပါတယ်။ Mao Zedong(အနီးစပ်ဆုံး မောင်ဇဲသုဉ် in Chinese) မြန်မာမှု ပြုလိုက်ရာမှာ မော်စီတုံးဖြစ်သွားပါတယ်။ ဆိုတော့ မော်စီတုံးလို့ပဲ ဆက်သုံးသွားပါမယ်နော်။ မော်စီတုံးကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှောင်ရန်းမြို့မှာ ၁၈၉၃ ဒီဇင်ဘာ ၂၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မော်စီတုံးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်ကနေ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အချိန်ထိ အုပ်စိုးခဲ့ပါတယ်။ မာခ်ဝါဒ-လီနင်ဝါဒနှင့် စပ်လျဉ်းပြီး သူရေးခဲ့တဲ့ သီအိုရီတွေ၊ စစ်ရေးဗျူဟာတွေနှင့် မူဝါဒတွေကို ယနေ့မှာ "မော်ဝါဒ" လို့ လူသိများပါတယ်။ သူဟာ ရုရှားတော်လှန်ရေးအောင်မြင်မှုကို ကြည့်ပြီး တရုတ်မှာလည်း ကွန်မြူနစ်ဝါဒ တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ ၁၉၂၁ မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံး ပါတီဝင်တွေအနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ မော်စီတုံးဟာ တရုတ်ခေါင်းဆောင် ဆွန်ယက်ဆင်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပေမဲ့လည်း ဆွန်ယက်ဆင်အရိုက

ထင်ရှားကျော်ကြားသမိုင်းထဲက ခေါင်းဆောင်များ - 2

Image
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 2 ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်ကြီးတွေအကြောင်း ဒုတိယမြောက် ပြောပြပေးချင်တဲ့သူကတော့ အိန္ဒိယ လွပ်လပ်ရေးကြိုးပမ်းမှု ဖခင်ကြီး မဟတ္တမဂန္ဒီပဲ ဖြစ်ပါတယ်။ ဂန္ဒီဟာ အိန္ဒိယတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအပေါင်းကို စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီရဲ့ ထင်ရှားကျော်ကြားတဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းဟာ အမှန်တကယ် ထိရောက်မှုရှိပြီး နောက်ဆုံးမှာ ဗြိတိသျှတွေက အိန္ဒိယနိုင်ငံကို အိန္ဒိယပြည်သူတွေထံ ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။ အိန္ဒိယရဲ့ လွတ်လပ်ရေးသမိုင်းမှာ ဂန္ဒီက စီစဉ်ကွပ်ကဲ ဦးဆောင်ခဲ့ပါတယ်။ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုအမျိုးမျိုးကို ဦးဆောင်ခဲ့ပြီး အခက်အခဲ တိုင်းကို ရှေ့ဆုံးကနေ ကြံ့ကြံ့ခံ တွန်းလှန်ပေးခဲ့တာပါ။ ဂန္ဒီရဲ့ မွေးနေ့ October 2 ရက်နေ့ကို India National Day & International Day of Nonviolence အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဒီပုံလေးကတော့ South Africa မှာရှိတဲ့ ဂန္ဒီရဲ့ ရုပ်တုလေးပါ။ နောက် ဂန္ဒီဟာ Nobel Peace Prize ကို ငါးကြိမ်တိုင်တိုင် Nominate ခံခဲ့ရပါတယ်။ 1937,1938,1939, 1947 တို့တွေမှာလည်း N

ထင်ရှားကျော်ကြားသမိုင်းထဲကခေါင်းဆောင်များ - 1

Image
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ(၁) ရှေးယခင်ကတည်းက ကမ္ဘာမြေကြီးပေါ်မှာ တရားမမျှတမှုတွေ၊ လူမဆန်မှုတွေ များစွာရှိခဲ့ပါတယ်။ ဆိုတော့ ခေတ်တိုင်းမှာလည်း တရားမျှတမှုကို လိုလားတဲ့ ခေါင်းဆောင်အသီးသီးဟာ ရဲရဲဝံ့ဝံ ခေါင်းဆောင်တိုက်ပွဲဲဝင်ခဲ့ကြပါတယ်။ ကြီးမြတ်ပြီး သမိုင်းတွင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲကမှ ၉ ယောက်အကြောင်းကို အပတ်စဉ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Nelson Mandela Nelson Mandela လို့ ဆိုလိုက်တာနဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံမှုတွေကို တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံသားတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာအောင် တောင်အာဖရိကအစိုးရရဲ့ တစ်ယူသန် အမြင်ကျဉ်းမြောင်းမှုတွေကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တော်လှန်ပုန်ကန်ခဲ့တာပါ။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်လည်း ၂၇ နှစ်ကြာအောင် ထောင်နန်းစံခဲ့ရပါတယ်။ (ထောင်ထဲနေခဲ့စဉ်အခါက နေပူထဲမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရလို့ မျက်လုံးတွေ အဆုတ်တွေ အတော်ပျက်စီးခဲ့ပါတယ်) ဒါမဲ့လည်း ထောင်ကလွတ်လာပြီး မကြာခင် တောင်အာဖရိကပြည်သူတွေရဲ့ လူမျိုးရေးနဲ့ တခြားလူမှုအကြောင်းရင်းတွေကို ခွဲခြားမှုမရှိ တန်းတူညီမျှ လွတ်လပ်စွာမဲပေးခွင့်ကြောင့် တောင်အာဖရိကန

08

Image

07

Image

06

Image

05

Image

04

Image

03

Image

02

Image

01

Image

Dreamy Eyes

Image
  ဒီတစ်​ခေါက် recommend ​ပေးချင်တဲ့  ဇာတ်ကားနာမည်လေးက "Dreamy Eyes" ပါ။ ရုပ်ရှင်ထဲမှာ ရိုက်ပြထားတဲ့ တောတွေ၊ ရွာတွေ၊ သစ်ပင်တွေက ရုပ်ရှင်နာမည်အတိုင်းပဲ စိတ်ကူးယဉ်ဆန်ဆန် အလွန်လှပပါတယ်။ ရွာရဲ့အပြစ်ကင်းစင်ခြင်း ခံစားမှုအပြင် အဓိကဇာတ်ကောင်တွေရဲ့ ချိုမြိန်တဲ့ ကလေးဘဝကိုလည်း လှပစွာ ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်❣️ “In this life, there are two things you should never miss. The last bus home. And the person that truly loves you.” “ဒီဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ အရာနှစ်ခုရှိတယ်။ အိမ်ပြန်ဖို့ နောက်ဆုံးဘတ်စ်ကားနဲ့ ပြီးတော့ မင်းကို မေတ္တာအစစ်အမှန်နဲ့ချစ်တဲ့သူ" ဒါလေးကတော့ ဒီကားရဲ့ main point နဲ့ မင်မင်အကြိုက်ဆုံး dialogueလေးပါပဲ🥺❣️ "ဒိုဒို"ဆိုတဲ့ ရွာလေးမှာ အတူတူကြီးပြင်းလာခဲ့ကြတဲ့ သံယောဇဥ်တွေများစွာနဲ့ ကောင်လေးနဲ့ ကောင်မလေး သူငယ်ချင်းနှစ်ယောက်... ကောင်လေးက ကောင်မလေးကို အသက်(၆)နှစ်ကတည်းက တစ်ဖက်သတ်ကြိုက်လာခဲ့ပြီး အချိန်တွေကြာလာတာနဲ့အမျှ ကောင်မလေးအပေါ် အချစ်တွေတိုးတိုးလာခဲ့ပါတယ်❣️ ဒီလိုနဲ့ အထက်တန်းတက်ဖို့အတွက် မြို့ကိုတက်လာခဲ့ကြတဲ့အချိန်မှာ ကောင်မလေးက ကောင်လေးရဲ့ ဝမ

s 14

Image

s 13

Image

s 12

Image

s 11

Image

s 10

Image

s 9

Image

s 8

Image

s 7

Image

s 6

Image

s 5

Image

s 4

Image

s 3

Image

s 2

Image

s 1

Image