ထင်ရှားကျော်ကြားသမိုင်းထဲက ခေါင်းဆောင်များ - 2

ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 2
ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်ကြီးတွေအကြောင်း ဒုတိယမြောက် ပြောပြပေးချင်တဲ့သူကတော့ အိန္ဒိယ လွပ်လပ်ရေးကြိုးပမ်းမှု ဖခင်ကြီး မဟတ္တမဂန္ဒီပဲ ဖြစ်ပါတယ်။ ဂန္ဒီဟာ အိန္ဒိယတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအပေါင်းကို စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီရဲ့ ထင်ရှားကျော်ကြားတဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းဟာ အမှန်တကယ် ထိရောက်မှုရှိပြီး နောက်ဆုံးမှာ ဗြိတိသျှတွေက အိန္ဒိယနိုင်ငံကို အိန္ဒိယပြည်သူတွေထံ ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။ အိန္ဒိယရဲ့ လွတ်လပ်ရေးသမိုင်းမှာ ဂန္ဒီက စီစဉ်ကွပ်ကဲ ဦးဆောင်ခဲ့ပါတယ်။ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုအမျိုးမျိုးကို ဦးဆောင်ခဲ့ပြီး အခက်အခဲ တိုင်းကို ရှေ့ဆုံးကနေ ကြံ့ကြံ့ခံ တွန်းလှန်ပေးခဲ့တာပါ။ ဂန္ဒီရဲ့ မွေးနေ့ October 2 ရက်နေ့ကို India National Day & International Day of Nonviolence အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။
ဒီပုံလေးကတော့ South Africa မှာရှိတဲ့ ဂန္ဒီရဲ့ ရုပ်တုလေးပါ။ နောက် ဂန္ဒီဟာ Nobel Peace Prize ကို ငါးကြိမ်တိုင်တိုင် Nominate ခံခဲ့ရပါတယ်။ 1937,1938,1939, 1947 တို့တွေမှာလည်း Nominate ခံခဲ့ရပြီး 1948 မှာတော့ ဆုရဖို့ သေချာသလောက် နီးပါးဖြစ်နေခဲ့ပေမဲ့ ဆုပေးပွဲမတိုင်ခင် လုပ်ကြံခံခဲ့ရပါတယ်။ ဆိုတော့ စိတ်မကောင်းစွာနဲ့ပဲ Nobel Committee က "There was no suitable candidate" ဆိုပြီး အဲ့နှစ်မှာ ဘသူ့ကိုမှ Nobel Peace Prize မပေးခဲ့ပါဘူး။ Gandhi ရဲ့ Funeral ကို အိန္ဒိယပြည်သူ သိန်းချီပြီး ပို့ဆောင်ခဲ့ကြပါတယ်။
ဂန္ဒီဟာ 1930 Time Magazine Man of the Year ဖြစ်ပါတယ်။ သူဟာ Indian lawyer, politician, social activist, ဖြစ်တဲ့အပြင် writer လည်း ဖြစ်ခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖော်ဆောင်ပေးခဲ့သူ မဟတ္တမဂန္ဒီဟာ ကမ္ဘာကြီးတစ်ခုလုံးကို လွတ်လပ်ရေးရရှိဖို့ ခိုင်မာစွာချထားတဲ့ သန္နိဌာန်ချထားမှုနု့ အကြမ်းမဖက်နည်းတို့ကို နည်းနာအတုယူနိုင်အောင် လမ်းပြပေးခဲ့သူပါ။ ဒါကတော့ ဂန္ဒီရဲ့ Admin သဘောကျရတဲ့ Quote လေးတွေ ဖြစ်ပါတယ်။
#🌸🍒

Comments

Post a Comment