Posts

Showing posts from April, 2022

Jimson Weed/White Flower No.1

Image
  Jimson Weed/White Flower No.1 (Georgia O'keeffe) Georgia O'keeffe (1887-1986) ဟာ အမေရိကန်ပန်းချီဆရာမတစ်ဦးဖြစ်ပြီး သူမကို Mother of American modernism လို့တောင် သတ်မှတ်ကြပါတယ်။ O'keeffe ဟာ Chicago နဲ့ New York မြို့ကအနုပညာကျောင်းတွေမှာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူမဟာ အသက် 30 ကျော်အရွယ်မှာ သူမရဲ့ ကိုယ်ပိုင်ဟန်ကို ဖမ်းဆုပ်ရယူနိုင်ခဲ့ပြီး ထူးခြားတဲ့မော်ဒန်လက်ရာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူမဟာ ပန်းပွင့်တွေကို အနီးကပ်မြင်ရတဲ့ ပန်းချီကားတွေနဲ့ နာမည်ကျော်ပါတယ်။ ပန်းပွင့်ပုံတွေအပြင် ဦးခေါင်းခွံ၊ တိရစ္ဆာန်အရိုး၊ အမေရိကမိုးမျော်တိုက် စတဲ့ Contents တွေနဲ့ ဖန်တီးထားတဲ့ လက်ရာတွေလဲရှိပါတယ်။  O'keeffe ရဲ့လက်ရာတွေထဲက လေလံဈေးအမြင့်ဆုံးရရှိခဲ့တဲ့ ပန်းချီကားကတော့ Jimson Weed/White Flower No.1 ဖြစ်ပါတယ်။ 2014 ခုနှစ်လေလံပွဲတစ်ခုမှာ ဒီပန်းချီကားကို US$ 44.4 သန်းနဲ့ billionaire အမျိုးသမီးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်။ Jimson weed ဟာ O'keeffe ရဲ့ အနှစ်သက်ဆုံး Content တစ်ခုဖြစ်ပြီး အခြား Jimson weed လက်ရာတွေလည်းရှိပါတယ်။ No.1 လက်ရာကတော့ Jimson weed ပန်းပွင့်တစ်ပွင့်ထဲကို 48 × 40 လက်မ

LGBTQ

Image
  Image source: theconversation.com ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် ပြုမူနေထိုင်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပဲ အလေးပေးတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကိုတော့ လျစ်လျူရှုထားမိတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေထိုင်မှုဘဝတွေမှာ အရေးပါဆုံးနဲ့ သက်ရောက်မှုအရှိဆုံးကတော့ စိတ်ကျန်းမာရေးပဲဖြစ်ပါတယ်။ တစ်နေ့တာလုံးမှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရမယ်ဆိုရင်တော့ မိမိတို့ရဲ့လုပ်ငန်းဆောင်တာကိစ္စရပ်တွေမှာပါ အခက်အခဲတွေနဲ့ရင်ဆိုင်လာရနိုင်ပြီး စိတ်ထိခိုက်မှုများ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ Lesbian, Gay, Bisexual, Transgender, Queer and Questioning အစရှိတဲ့ LGBTQ အဝန်းအဝိုင်းကလည်း ဒီလိုစိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ သူတို့တွေမှာတော့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေထက် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအခက်အခဲတွေကတော့ များသောအားဖြင့် ယနေ့တည်ရှိနေတဲ့ ရှေးရိုးစွဲသမားတွေရဲ့ မလိုမုန်းထားမှုများနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ LGBTQ အဝန်းအဝိုင်းမှလူများသည် စိတ်ကျရောဂါ(သို့) စိတ်ပူပန်ကြောင့်ကြ

Worms

Image
သန်​ကောင်​တွေအ​ကြောင်း (Image credit to original source) 🔸️အူလမ်းကြောင်းကို ကူးစက်တတ်တဲ့ သန်ကောင်များ သို့မဟုတ် ကပ်ပါးပိုးများဟာ လူ့ခန္ဓာကိုယ်က အာဟာရတွေကို မှီခိုရယူစားသုံးတဲ့ သက်ရှိတွေ ဖြစ်ပါတယ်။ တိပ်ပြားသန်​ကောင်၊ ချိတ်သန်​ကောင်တို့က​တော့ လူသိများတဲ့ အမျိုးအစား​တွေဖြစ်ပြီး လူသိနည်းတဲ့ အခြားအမျိုးကွဲ​တွေလည်း အများအပြားရှိပါတယ်။ သန်​ကောင်ကူးစက်မှု​တွေဟာ ​ကျေးရွာ​တွေ (သို့) သန့်ရှင်းမှာအားနည်းတဲ့​ဒေသ​တွေမှာ အဖြစ်များပါတယ်။  🔸️အူလမ်း​ကြောင်းမှာ သန်ကောင်​တွေရှိ​နေပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာ​တွေက​တော့-  ▪️ဝမ်းဗိုက်နာကျင်ခြင်း ▪️ဝမ်းလျှောခြင်း၊ ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း ▪️ဝမ်းဗိုက်ထဲ ဂတ်စ်များပြည့်နေသဖြင့် ဖောရောင်ခြင်း ▪️ပင်ပန်းနွမ်းနယ်ခြင်း ▪️အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်ပါတယ်။  အူလမ်းကြောင်းမှာ သန်ကောင်တွေ ရှိနေတဲ့သူဟာ ဝမ်းကိုက်ရောဂါလည်း ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်​ရောဂါဆိုတာ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဝမ်း​လျှောပြီး ဝမ်းထဲမှာ သွေးနှင့်အချွဲ​တွေပါလာတဲ့ ​အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ သန်ကောင်တွေဟာ စအို သို့မဟုတ် အင်္ဂါစပ်တစ်ဝိုက်မှာ အဖုများ သို့မဟုတ် ယားယံ

Enigma

Image
  Enigma ဂျာမန်အင်ဂျင်နီယာ Arthur Scherbius ဟာ 1923 ခုနှစ်မှာ စိတ်ဝင်စားဖွယ်ရာစက်တစ်မျိုးကို စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ စက်ရဲ့အမည်ကို Enigma လို့ပေးထားပါတယ်။ Enigma ဟာ ဝှက်စာရေးသားတဲ့စက်ဖြစ်ပြီး လက်နှိပ်စက်လို ခလုပ်တွေပါပါတယ်။ ပြီးတော့ A ကနေ Z အထိနံပါတ်တပ်ထားတဲ့ မီးလုံးတွေပါပါတယ်။ A ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် A မဟုတ်တဲ့ မီးလုံးတစ်ခုကလင်းလာမှာဖြစ်ပြီး အဲဒီလင်းလာတဲ့ အက္ခရာကို ရေးမှတ်ထားရပါတယ်။ ဒီလိုနည်းနဲ့ ကိုယ်ရေးချင်တဲ့ စာကို တစ်လုံးချင်းနှိပ်ပြီး မီးလင်းတဲ့အတိုင်း လိုက်မှတ်ထားခြင်းဖြင့် ဝှက်စာတစ်စောင်ကို ရရှိပါတယ်။ ဥပမာ ILOVEYOU ဆိုရင် XHMYSOMP လို့ Enigma က ထုတ်ပေးပါတယ်။ ဒါကလည်းပုံသေမဟုတ်ဘဲ ရွေးချယ်စရာ Setting များစွာပါပါတယ်။ နံပါတ်သော့တွေလို ကိန်းဂဏန်းအတွဲတွေကို သတ်မှတ်နိုင်ပြီး ကိုယ်ရွေးထားတဲ့ ကိန်းဂဏန်းအတွဲပေါ်လိုက်ပြီး စက်ကထုတ်ပေးတဲ့ ဝှက်စာကလည်းပြောင်းသွားမှာပါ။ ဒါကြောင့် ဝှက်စာကို‌ဖေါ်နိုင်ဖို့ Setting ကိန်းဂဏန်းအတွဲကိုအရင်သိထားရပါမယ်။ အဲဒီဂဏန်းကို အရင်ချိန်ပြီး ဝှက်စာပါ အက္ခရာတွေကို အစဉ်အတိုင်းနှိပ်ရင် မူရင်းစာသားကို ရရှိပါတယ်။  Enigma ရဲ့ မူလရည်ရွယ်ချက်က စီးပွားရေးဆိုင်ရာ

ကားမူးခြင်း

Image
  ကားမူးခြင်း (motion sickness)  Image Credit: AsapSCIENCE Youtube 🔺️လူ​တွေရဲ့ ဦး​နှောက်က လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံက​နေ ​ပေးပို့တဲ့ အချက်အလက်​တွေကို အချိန်နဲ့အမျှ လက်ခံ​နေပါတယ်။ ကား၊ ​လေယာဥ်၊ သင်္ဘော စတဲ့ ယာဥ်​တွေကို စီးနဲ့အခါမှာ အဲဒီအစိတ်အပိုင်းမျိုးစုံက​​နေ ဦး​နှောက်ကို​ပေးပို့တဲ့ အချက်အလက်​တွေက မတူညီ​တော့တာမျိုး (ဥပမာ- မျက်လုံးနဲ့ နား​တွေက ​ရွေ့လျားမှုကို ခံစားရ​ပေမယ့် ​ခြေ​တွေ၊ လက်​တွေက ငြိမ်​နေပြီး လှုပ်ရှားမှုကို မခံစားမိတာမျိုး) ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို မတူညီတဲ့ အချက်အလက်​တွေ လက်ခံရရှိမှု​ကြောင့် ဦး​နှောက်က ရှုပ်​ထွေးသွားတဲ့အခါ ကားမူးတယ်ဆိုတာ ဖြစ်လာပါတယ်။  🔺️ကားမူးတဲ့အခါ မူး​ဝေ​အော့အန်ခြင်း၊ ​ချွေး​စေးထွက်ခြင်း၊ ​ခေါင်းကိုက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပုံမှန်ထက် တံ​တွေးပိုထွက်ခြင်း စတဲ့ လက္ခဏာ​တွေကို ခံစားရနိုင်ပါတယ်။  🔺️အမျိုးသား​တွေထက် အမျိုးသမီး​တွေမှာ ပိုအဖြစ်များပါတယ်။ ကိုယ်ဝန်​ဆောင်​တွေ၊ ခေါင်းတစ်ခြမ်းကိုက်​ရောဂါ ရှိတဲ့သူ​တွေမှာလည်း ကားမူးတာ ဖြစ်နိုင်​ခြေပိုများပါတယ်။  🔺️ကားမူးတာကို သက်သာ​​​အောင် လုပ်လ

OCD

Image
  အားလုံးပဲ မင်္ဂလာပါရှင် ✨ ကျွန်မ‌တို့တွေဟာ တစ်ခါတလေမှာ အကြောင်းအရာတစ်ခုကိုပဲ ထပ်တလဲလဲတွေးနေမိတာတွေ ပြီးပြီးသား အလုပ်တစ်ခုကိုပဲ တကယ်ပြီးသွားရဲ့လား? သေချာရဲ့လား? စသဖြင့် ကိုယ့်ကိုယ်ကို မသေချာမရေရာခြင်းတွေနဲ့ ထပ်ခါထပ်ခါလုပ်မိနေတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအခြေအနေတွေကိုတော့ Obsessive-Compulsive Disorder လို့ခေါ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့အဲ့လိုတွေးမိလုပ်မိနေတာတွေဟာ ဘယ်လိုကြောင့်ဖြစ်ရတယ် ဒါတွေကို ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲဆိုတာကို ဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်ရှင်။  🌪️Obsessive-Compulsive Disorder ဆိုသည်မှာ လူတစ်ယောက်သည် စိတ်ဖြင့်ထိန်းချုပ်၍မရနိုင်သော အတွေးများဖြင့် ကိစ္စတစ်ခုကို ထပ်ခါထပ်ခါတွေးတောမိနေခြင်း၊ အလုပ်တစ်ခုတည်းကိုပဲ စွဲစွဲလမ်းလမ်းဖြစ်ကာ ထပ်တလဲလဲပြုလုပ်မိနေခြင်းဖြစ်ပြီး အဖြစ်များသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ 🌪️Obsessive-Compulsive Disorder ရောဂါခံစားနေရတဲ့လူတွေမှာ အထက်ပါ လက္ခဏာနှစ်ရပ်လုံးတွေ့မြင်နိုင်ပြီး ထိုရောဂါလက္ခဏာများသည် ၎င်းတို့၏ အလုပ်များ၊ ကျောင်းများ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များမှာပါ ဝင်ရောက်နှောင့်ယှက်လို့နေပါတယ်။ 🌪️ထို့အပြင်  -ရောဂါပိုးမွှာ

Quotes 5

Image
 

Quotes 4

Image
 

Quotes 3

Image
 

Quotes 2

Image
 

Quotes 1

Image
 

Alcohol

Image
Brief History of Alcohol Image credit to its original source အမှည့်လွန်အသီးများတွင်ရှိသော သကြားများသည် တဆေးဟုခေါ်သော အဏုကြည့်သက်ရှိများကို ဆွဲဆောင်ပေသည်။ ထိုတဆေးများက သစ်သီးသကြားများကို စားသုံးသောအခါ ၎င်းတို့သည် အရက်ယမကာများတွင် အရက်အမျိုးအစားဖြစ်သည့် အီသနောဟုခေါ်သော ဒြပ်ပေါင်းတစ်မျိုးကို ထုတ်လုပ်သည်။ ဤဖြစ်စဉ်ကို အချဉ်ဖောက်ခြင်းဟု ခေါ်ပေသည်။   အချဉ်ဖောက်ဖျော်ရည်တွေကို လူသားတွေ ဘယ်အချိန်က စလုပ်တယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ အစောဆုံးသိထားသောအထောက်အထားသည် ဘီစီ 7,000 မှဆင်းသက်လာသည်၊ မြေအိုးများရှိ အကြွင်းအကျန်များက လူများသည် အချဉ်ဖောက်ထားသော ဆန်၊ ပြောင်းဆန်၊ စပျစ်သီးနှင့်ပျားရည်တို့မှအရက်ယမကာပြုလုပ်ကြသည်ကို ဖော်ပြနေပေသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ယဉ်ကျေးမှုများသည် ၎င်းတို့၏ကိုယ်ပိုင်အချိုရည်များကို အချဉ်ဖောက်လာကြသည်။ ရှေးခေတ် Mesopotamians နှင့် အီဂျစ်လူမျိုးများသည် သိုလှောင်ထားသော သီးနှံစေ့များမှ ဘီယာကို တစ်နှစ်ပတ်လုံး ပြုလုပ်ကြသည်။ ဒီဘီယာကို လူမှုရေးအတန်းအစားအားလုံးမှာ ရနိုင်ခဲ့ပြီး အလုပ်သမားတွေက သူတို့ရဲ့နေ့စဉ်စားနပ်ရိက္ခာနဲ့တောင် လက်ခံရရှိခဲ့ပါတယ်။ စပျစ်သီး

Social Anxiety Disorder

Image
  Social Anxiety Disorder (သို့) လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်သော စိတ်ရောဂါ  ချိန်းတွေ့ခြင်း၊ လူအများရှေ့တွင် ဟောပြောမှုပြုလုပ်ခြင်း စသည့်အခြေအနေများတွင် စိတ်တုန်လှုပ်ခြင်းသည် သာမန်သာဖြစ်ပါတယ်။ သို့ပေမယ့် Social Anxiety Disorder ရှိသူများသည် နေ့စဉ်ကြုံတွေ့နေရသော လူမှုပတ်ဝန်းကျင် အခြေအနေများ ထိခိုက်နိုင်လောက်တဲ့အထိ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းများ ဖြစ်တတ်ကြပါတယ်။ လက္ခဏာများ  အထူးသဖြင့် ကလေးတွေမှာ တွေ့ရတတ်တဲ့ အချို့သော အခြေအနေများ၌ ရှက်ကြောက်ခြင်း (သို့) မသက်မသာ၊ မအီမသာ ဖြစ်ခြင်းသည် စိုးရိမ်ရသော Social Anxiety Disorder ၏ ရောဂါလက္ခဏာများ မဟုတ်ပါ။ ကိုယ်ရည်ကိုယ်သွေးစရိုက်များနှင့် ဘဝအတွေ့အကြုံများပေါ်  မူတည်၍ ပတ်ဝန်းကျင် လူမှုအခြေအနေများတွင် အဆင်ပြေမှုများကွဲပြားနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၊ အလုပ်၊ ကျောင်း (သို့) အခြားလှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်လောက်တဲ့အထိ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ တသီးတသန့်နေလိုခြင်း စသည်တို့သည် Social Anxiety Disorder ဖြစ်လာနိုင်သည့် လက္ခဏာရပ်များဖြစ်ပါတယ်။ ဖြစ်ပေါ်တတ်သော စိတ်ခံစားမှုနှင့် အပြုအမ

ENIAC

Image
  နည်းပညာလောက၏ အထင်ကရခြေလှမ်းများ ENIAC (First electronic computer) သင်္ချာဆိုင်ရာတွက်ချက်မှုတွေကို ဆောင်ရွက်ပေးမယ့် စက်ကို 16 ရာစုလောက်ကတည်းက တီထွင်ဖို့ကြိုးစားခဲ့ကြပြီး အဲဒီခေတ်အခါက electronic နည်းပညာမဖွံ့ဖြိုးသေးတဲ့အတွက် mechanical နည်းလမ်းတွေနဲ့သာ စဉ်းစားကြံဆခဲ့ကြရပြီး ဂဏန်းတွက်စက်‌အဆင့်လောက်နဲ့သာ ရပ်တန့်နေခဲ့ပါတယ်။ 19 ရာစုကာလတွေမှာ electronic နည်းပညာဖွံ့ဖြိုးလာမှုနဲ့အတူ ကွန်ပြူတာနည်းပညာဟာလဲ တိုးတက်စပြုလာခဲ့ပါတယ်။ ရှုပ်ထွေးတဲ့သင်္ချာတွက်ချက်မှုတွေ ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်တဲ့ ကွန်ပြူတာကိုဖန်တီးဖို့ ပညာရှင်တွေကိုယ်စီကြံဆကြိုးစားနေခဲ့ကြရာမှာ လုပ်ဆောင်ချင်တွေအပြည့်စုံဆုံးနဲ့ အထင်ကြီးစရာအကောင်းဆုံး ကွန်ပြူတာကို အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်က ပညာရှင်တွေက 1945 ခုနှစ်မှာ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီကွန်ပြူတာကို  ENIAC (Electronic Numerical Integrator and Computer)လို့အမည်ပေးခဲ့ပါတယ်။ ကုန်ကျစရိတ်အားဖြင့် အဲဒီကာလတန်ဖိုး $ ငါးသိန်းခန့် ရှိခဲ့ပါတယ်။ ယနေ့ခေတ်တန်ဖိုးအားဖြင့်ဆိုရင် $ ခြောက်သန်းနီးပါးရှိပါတယ်။ ENIAC ဟာ လုပ်ဆောင်ချက်အားလုံးကို electronic နည်းလမ်းနဲ့သာ ဆ

Origami- rabbit

Image
  အိုရီဂါမီ ယုန်ကလေး ဒီအ‌ခေါက်မှာတော့ လွယ်ကူပြီး ချစ်စရာကောင်းတဲ့ ယုန်ကလေးဘယ်လိုခေါက်ရသလဲ  ဆိုတာ မျှဝေလိုက်ပါတယ်။  နောက်အခေါက်တွေမှာလည်း ချစ်စရာကောင်းတဲ့ စက္ကူခေါက်နည်းလေးတွေကို မျှဝေပေးပါဦးမယ်နော်။ Click ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

DYK 21

 စိန်က သဘာဝအရာဝတ္ထုတွေထဲမှာ  အမာဆုံးဖြစ်တယ်ဆိုတာ

DYK 20

 ဖြစ်နိုင်ချေရှိတဲ့ အကြာဆုံး နေကြတ်ချိန်က  7.31 seconds ရှိတယ်ဆိုတာ

DYK 19

 မက်ဒေါနားနဲ့ မိုက်ကယ်ဂျက်ဆန် နှစ်ယောက်လုံးက  ၁၉၅၈ မှာ မွေးခဲ့တယ်ဆိုတာ

DYK 18

 ကြက်ဉတစ်လုံးမှာ vit C က လွဲလို့  ကျန် vitamin အားလုံး ပါဝင်တယ်ဆိုတာ

DYK 17

  လျှပ်စစ်ထိုင်ခုံကို သွားဆရာဝန်တစ်ယောက်က  တီထွင်ခဲ့တယ်ဆိုတာ

DYK 16

 အာတိတ်သမုဒ္ဒရာက ကမ္ဘာပေါ်မှာ အသေးဆုံးသမုဒ္ဒရာဆိုတာ 

DYK 15

 ၁ ကနေ ၁၀၀ အထိကို ပေါင်းလိုက်မယ်ဆိုရင်  ၅၀၅၀ ရတယ်ဆိုတာ 

DYK 14

 "the quick brown fox jumps over the lazy dog" ဆိုတဲ့ စာမှာ အင်္ဂလိပ်အက္ခရာ A-Z အကုန်ပါတယ်ဆိုတာ 

DYK 13

  ပျမ်းမျှလူဦးနှောက်တစ်ခုမှာ ရေ ၇၈ ရာခိုင်နှုန်း  ပါဝင်တယ်ဆိုတာ 

DYK 12

အင်းဆက်အားလုံးမှာ ခြေ‌ေထာက်‌ေခြာက်ချောင်း  ရှိကြတယ်ဆိုတာ

DYK 11

  အိမ်တွင်းရေအသုံးပြုမှုရဲ့ ၃၅ ရာခိုင်နှုန်းကို  အိမ်သာမှာ သုံးတယ်ဆိုတာ

Golden ratio

Image
  Golden ratio‌(ရွှေအချိုး) ရွှေအချိုးဆိုတာ သင်္ချာလောကမှာတော့ အရေးပါတဲ့ ကိန်းဂဏန်းတစ်ခုပါ။ ကိန်းနှစ်ခု (a နဲ့ b ) ဆိုပါစို့။ ကြီးတဲ့ကိန်းကို ငယ်တဲ့ကိန်းနဲ့စားလိုက်လို့ 1.618..... ရတယ်ဆိုရင် အဲဒီကိန်းနှစ်ခုရဲ့ အချိုးကို ရွှေအချိုး(Golden ratio)လို့ခေါ်ပါတယ်။  ရွှေအချိုးကို တခါတရံမှာ ဘုရားသခင်အချိုးလို့တောင်ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သဘာဝမှာဖြစ်တည်နေတဲ့ သက်ရှိသက်မဲ့အရာတွေရဲ့ ပုံသဏ္ဍာန်တွေမှာ ရွှေအချိုးကို မကြာခဏတွေ့ရတတ်လို့ပါ။ ရွှေအချိုးနဲ့ဖွဲ့စည်းထားတဲ့အရာ‌တွေဟာ မျက်စိပသာဒအရှိဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။  လူမှုအသုံးအဆောင်ဒီဇိုင်း၊ အဆောက်အဦးတွေဒီဇိုင်း၊ ပန်းချီနဲ့ Graphic ဒီဇိုင်းတွေကို ဖန်တီးရာမှာ ရွှေအချိုးသဘောတရားကို သုံးလေ့ရှိပါတယ်။ စာအုပ်တစ်အုပ်ရဲ့အရွယ်အစား၊ အဆောက်အဦးတစ်ခုရဲ့ အချိုးအစား၊ လိုဂိုတစ်ခုရဲ့ဖွဲ့စည်းပုံ စတာတွေကို ရွှေအချိုးနဲ့ဖွဲ့စည်းတည်ဆောက်ရင် အချိုးတကျရှိပြီး မြင်ရသူကို ကျေနပ်မှုရစေတယ်လို့ဆိုပါတယ်။  အချိုးအကျဆုံးလူမျက်နှာရဲ့ အမြင့်နဲ့အကျယ်အချိုး၊ မျက်လုံး၊နှာခေါင်း၊ ပါးစပ်တို့ရဲ့ နေရာအထားအသိုတို့ဟာ ရွှေအချိုးနဲ့ နီးစပ်စွာတူနေတာဟာ သဘာဝရဲ့အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။ ပျား

Color idioms - Red

Image
  Color Idioms [ Part 1 - Red ]  ကလစ်ကာ​လေးတို့​ရေ ဒီတစ်​ခေါက်မှာ​တော့ ကျ​နော်က အ​ရောင်​တွေထည့်ပြီး သုံးတဲ့ idiom ​လေး​တွေကို sharing လုပ်​ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ​နေ့မှာ​တော့ Part- 1 အ​နေနဲ့ Red ကို သုံးတဲ့ idiom ​လေး​တွေကို အရင်ဆုံး​ပြောပြ​ပေးသွားပါမယ်ဗျ။ ကဲ ​အောက်မှာ ဆက်ပြီး ဖတ်ကြည့်ရ​အောင်... 1. Red Tape - ​ရှုပ်​ထွေးပြီး မလိုအပ်ပဲ နှောင့်​နှေးကြန့်ကြာ​စေတဲ့ လုပ်ငန်းဆိုင်ရာ official rules ​တွေ၊ procedures ​တွေကို ​ပြောချင်တဲ့​နေရာမှာ သုံးပါတယ်။  ဥပမာဆိုရင်- You have to go through endless red tape to get a visa.  ("မင်း visa ​လေးတစ်ခုရဖို့အ​ရေး မဆုံးနိုင်တဲ့ form ​တွေ​လျှောက်ဖြည့်ရ၊ အဆင့်​တွေအများကြီး ဖြတ်​ကျော်ရမယ်" လို့ ဆိုလိုပါတယ်) 2. To see red - အရမ်း​ဒေါသထွက်​နေတာကို​ပြောတဲ့အခါ သုံးပါတယ် ဥပမာဆိုရင် I didn't mean to say that. I just saw red . ("ငါ အဲ့လို​ပြောဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူး။ ဒီအတိုင်း အရမ်း​ဒေါသထွက်သွားတာ" လို့ ဆိုလိုပါတယ်) 3. To paint the town red - bars ​တွေ clubs ​တွေလို ​နေရာ​တွေ ​လျှောက်သွားပြီး ​ပျော်ရွှင်မှုကို ခံစားတာကို ​ပြောချင်ရင

မိုင်တစ်ထောင်ခရီးရဲ့ ပထမခြေလှမ်း

Image
  မိုင်တစ်ထောင်ခရီးရဲ့ ပထမခြေလှမ်း (The First Gasoline Car)  တိရိစ္ဆာန်နဲ့ ဆွဲတဲ့ယာဉ်မဟုတ်ပဲ အင်ဂျင်တပ်ပြီး မောင်းနှင်လို့ရတဲ့ ယာဉ်ကိုတီထွင်ဖို့ကြံဆခဲ့ကြတာဟာ 16 ရာစုလောက်ကတည်းကစတင်ခဲ့တယ်လို့ မှတ်တမ်းတွေကဆ်ုပါတယ်။ ဒါပေမယ့် ဓာတ်ဆီနဲ့မောင်းနှင်တဲ့ မော်တော်ကားကို ဂျာမန်စက်မှုပညာရှင် Carl Benz စတင်တီထွင်ပြီး 1886 ခုနှစ်မှာ တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီကားကို Motorwagen လို့ အမည်ပေးပြီး လူထုကြားမှာသုံးစွဲနိုင်အောင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။  အဲဒီမော်တော်ကားဟာ ဘီးသုံးခုပါပြီး လူနှစ်ယောက်စီးနိုင်ပါတယ်။ အင်ဂျင်ကတော့ ဆလင်ဒါတစ်လုံးတပ်အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 0.75 ရှိပါတယ်။ အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီ 10 မိုင်နှုန်းပါ။ အဲဒီကားရဲ့ စွမ်းဆောင်ရည်ကိုပြသတဲ့အနေနဲ့ Benz ရဲ့ဇနီးနဲ့ သားတို့ဟာ 180 km ရှိတဲ့ခရီးကိုမောင်းနှင်ပြပြီးတဲ့နောက် တစ်ကမ္ဘာလုံးက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိလာခဲ့ပြီး ကားထုတ်လုပ်မှုလုပ်ငန်းဟာလည်း တိုးတက်လာခဲ့ပါတယ်။ အဲဒီကာလတုန်းက မော်တော်ကားရဲ့တန်ဖိုးဟာ $150 ခန့်ရှိပြီး ယနေ့ခေတ်ငွေတန်ဖိုးနဲ့တွက်ရင် $4000 ကျော်ရှိပါတယ်။ Model No.1 ကို ၂၅ စီးထုတ်လုပ်ရောင်းချခဲ့တယ်လို

A Sunday Afternoon on the Island of La Grande Jette

Image
  A Sunday Afternoon on the Island of La Grande Jette  (Georges Seurat) ပန်းချီရေးဆွဲနည်း များစွာရှိတဲ့အနက် Pointillism နည်းစနစ်ရဲ့ ရှေ့ဆောင်လက်ရာတစ်ခုအဖြစ် A Sunday Afternoon on the Island of La Grande Jette  ကို ညွှန်းဆိုကြပါတယ်။  ဆေးရောင်တွေကို ဆွဲခြစ်တဲ့နည်းနဲ့မဟုတ်ဘဲ အပြောက်လေးတွေချတဲ့နည်းစနစ်နဲ့ ဖန်တီးထားတာပါ။ ဒီပန်းချီကားကို ဖန်တီးသူ Georges Seurat (1859-1891) ဟာ Pointillism နည်းစနစ်ရဲ့ ဦးဆောင်ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။  Seurat ဟာ ပြင်သစ်ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာကြီးပြင်းခဲ့ရသူဖြစ်ပြီး ပန်းချီကျောင်းမှာ ရှေးရိုးနည်းစနစ်တွေကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ဟန်ကို ဖော်ထုတ်နိုင်ခဲ့ပြီး Pointillism နည်းစနစ်ကို တီထွင်သုံးစွဲခဲ့ပါတယ်။ လက်ရာမြောက်ပန်းချီကားတွေရေးဆွဲနိုင်ခဲ့ပေမယ့် သူဟာ အသက်မရှည်ခဲ့ပါဘူး။ အသက် 31 နှစ်မှာ   အဖျားရောဂါတစ်ခုနဲ့ ဆုံးပါးခဲ့ပါတယ်။  A Sunday Afternoon on the Island of La Grande Jette ပန်းချီကားကိုတော့ 1884 ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး ‌ပြီးစီးဖို့ 2 နှစ်ကြာခဲ့တယ်လို့ဆိုပါတယ်။ ဒီပန်းချီကားဟာ အလျား  3 မီတာ ၊ အ