Enigma

 Enigma



ဂျာမန်အင်ဂျင်နီယာ Arthur Scherbius ဟာ 1923 ခုနှစ်မှာ စိတ်ဝင်စားဖွယ်ရာစက်တစ်မျိုးကို စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။ စက်ရဲ့အမည်ကို Enigma လို့ပေးထားပါတယ်။ Enigma ဟာ ဝှက်စာရေးသားတဲ့စက်ဖြစ်ပြီး လက်နှိပ်စက်လို ခလုပ်တွေပါပါတယ်။ ပြီးတော့ A ကနေ Z အထိနံပါတ်တပ်ထားတဲ့ မီးလုံးတွေပါပါတယ်။ A ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် A မဟုတ်တဲ့ မီးလုံးတစ်ခုကလင်းလာမှာဖြစ်ပြီး အဲဒီလင်းလာတဲ့ အက္ခရာကို ရေးမှတ်ထားရပါတယ်။ ဒီလိုနည်းနဲ့ ကိုယ်ရေးချင်တဲ့ စာကို တစ်လုံးချင်းနှိပ်ပြီး မီးလင်းတဲ့အတိုင်း လိုက်မှတ်ထားခြင်းဖြင့် ဝှက်စာတစ်စောင်ကို ရရှိပါတယ်။ ဥပမာ ILOVEYOU ဆိုရင် XHMYSOMP လို့ Enigma က ထုတ်ပေးပါတယ်။ ဒါကလည်းပုံသေမဟုတ်ဘဲ ရွေးချယ်စရာ Setting များစွာပါပါတယ်။ နံပါတ်သော့တွေလို ကိန်းဂဏန်းအတွဲတွေကို သတ်မှတ်နိုင်ပြီး ကိုယ်ရွေးထားတဲ့ ကိန်းဂဏန်းအတွဲပေါ်လိုက်ပြီး စက်ကထုတ်ပေးတဲ့ ဝှက်စာကလည်းပြောင်းသွားမှာပါ။ ဒါကြောင့် ဝှက်စာကို‌ဖေါ်နိုင်ဖို့ Setting ကိန်းဂဏန်းအတွဲကိုအရင်သိထားရပါမယ်။ အဲဒီဂဏန်းကို အရင်ချိန်ပြီး ဝှက်စာပါ အက္ခရာတွေကို အစဉ်အတိုင်းနှိပ်ရင် မူရင်းစာသားကို ရရှိပါတယ်။ 


Enigma ရဲ့ မူလရည်ရွယ်ချက်က စီးပွားရေးဆိုင်ရာ ကိစ္စတွေအတွက် ရည်ရွယ်ခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီစစ်တပ်ရဲ့ စစ်မှုရေးရာကိစ္စတွေမှာ များစွာအရေးပါခဲ့ပါတယ်။ ဂျာမဏီစစ်တပ်ဟာ Enigma ကို အဆင့်မြှင့်တင်ပြီး ပိုပြီးရှုပ်ထွေးတဲ့ စနစ်နဲ့ လည်ပတ်တဲ့ ကိုယ်ပိုင် Version ကိုတီထွင်သုံးစွဲခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေဟာ ဂျာမန်တို့ရဲ့ စစ်ရေးလျှို့ဝှက်သတင်းတွေကို အဓိပ္ပါယ်ဖော်နိုင်ဖို့အတွက် အသည်းအသန်ကြိုးစားခဲ့ရပြီး ဂျာမာန်တို့ရဲ့ သတင်းပေးပို့တဲ့အရေးအသားဆိုင်ရာ ဝေါဟာရအသုံးအနှုန်း format ကတစ်ဆင့် သဲလွန်စရခဲ့တဲ့အတွက် နောက်ဆုံးမှာ အရေးကြီးတဲ့စစ်‌ရေးညွှန်ကြညးချက်တွေကို ဖေါ်နိုင်ခဲ့ပြီး ကမ္ဘာစစ်ကြီးကိုလည်းမြန်မြန်အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီလိုဖေါ်နိုင်တာဟာ Enigma ရဲ့အားနည်းချက်ကြောင့်မဟုတ်ဘဲ ရေးသားမှုပုံစံလစ်ဟာသွားတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။ 


အခြေခံ Enigma စက်တစ်လုံးရဲ့ လုပ်ဆောင်ပုံအရ ဖြစ်နိုင်ခြေ possibility ဟာ quintillion (သုည အလုံး  30ရှိ‌)နှင့်ချီပြီးရှိပါတယ်။ ဒါဟာလည်း နောက် Setting တစ်ခု မ‌ပြောင်းခင်အတွင်းရအောင်ဖေါ်ထုတ်ရမှာဖြစ်တဲ့အတွက် Enigma ဝှက်စာကို လက်ချည်းသက်သက်နဲ့ ဖေါ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုရမတတ် အလွန့်အလွန်ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကွန်ပျူတာအကူအညီနဲ့ Enigma ဝှက်စာကို မိနစ်ပိုင်းအတွင်းတွက်ချက်ဖေါ်ထုတ်နိုင်ပြီဖြစ်ပါတယ်။

Comments

  1. Till the end
    Fighting together 💪

    ReplyDelete
  2. The Imitation Game ဇာတ်ကားထဲမှာ အဲ့အကြောင်းရိုက်ထားတာပေါ့ ။ recommended to watch

    ReplyDelete
  3. အဲဒါတော့စိတ်ဝင်စားပါတယ်

    ReplyDelete
  4. အဓမ္မကို တွန်းလှန်ကြတဲ့

    တွဲလက်​တွေ ခိုင်ခိုင်မြဲကြ

    ReplyDelete

Post a Comment