Posts

Showing posts from June, 2022

Colour Idioms Part 3

Image
  Pink   Colour Idioms အရင်အပတ်​တွေက Red နဲ့Blue colour idioms ​လေး​တွေအ​ကြောင်း ​ပြောပြပြီးသွားပြီဆို​တော့ ခုတစ်ပတ်မှာ Pink နဲ့ ပတ်သက်တဲ့ idiom ​လေး​တွေကို ​ပြောပြသွားပါမယ်။ အသုံးများတဲ့ စာလုံး​တွေမို့ ​သေချာ​လေး ​လေ့လာရင်း speaking မှာ အထာကျကျ အသုံးပြုလို့ရပါတယ်ဗျာ 💞 1. Tickled pink - အံ့သြဝမ်းသာ ပျော်ရွှင်မှု တစ်ပြိုင်တည်း ဖြစ်သွားတဲ့အခါ ခံစားချက်ကို ​ဖော်ပြရင် သုံးပါတယ် e.g. Anna was tickled pink that her fiancé had made such an effort for her birthday. (Anna တစ်​​ယောက် သူမရဲ့ သတို့သား​လောင်းက သူမ​မွေး​နေ့အတွက် ​သေချာပြင်ဆင်ထားမှုမှာ ​အံ့သြ​ပျော်ရွှင်သွားခဲ့ရတယ်) 2. See pink elephants - စိတ်ကူးယဥ်ဆန်​နေတဲ့ ကိစ္စမျိုးကို ​ပြောချင်ရင် သုံးပါတယ် e.g Anyone who hears his story thinks he sees pink elephants. It’s just such a far-fetched story, and very hard to believe. (သူ့ရဲ့ ဇာတ်လမ်းကို ကြားတဲ့သူတိုင်းက သူစိတ်ကူးယဥ်ပြီး​ပြောတာလို့ပဲ ထင်ကြတယ်။ မယုံကြည်နိုင်စရာ ဇာတ်လမ်းတစ်ပုဒ်ပဲ​လေ) 3. Pink Slip - အလုပ်ရှင်က​နေ အလုပ်သမားကို ​ပေးပို့တဲ့ အလုပ်ရပ်နားခြင်း ​နောက်ဆုံးအ​ကြောင်းကြားစာ (တာဝ

Self - Care

Image
  Physical self-care ဒီလိုအချိန်ကာလမှာ လူတွေဟာ အသက်ရှူရတာတောင် ပင်ပန်းလာတဲ့အထိ အဆင်မပြေမှုတွေကို ကြုံတွေ့ခံစားနေရပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ များနေရင်တောင် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အသက်ရှင်နေထိုင်မှုအတွက် ဇီဝကမ္မဖြစ်စဉ်တွေကလည်း အရေးကြီးတယ်လေ။  ရုပ်နဲ့ နာမ်ဆိုတာ ဒွန်တွဲနေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေမှ စိတ်ပိုင်းဆိုင်ရာလည်း ငြိမ်းချမ်းမှုကို ခံစားရမှာပါ။ ဥပမာ - ရောဂါဝေဒနာ ခံစားနေရရင် စိတ်ကလည်း ဘယ်လိုမှ မကြည်နိုင်ပါဘူး။ ဒါကြောင့် ဒီကာလမှာ ကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ် နေကောင်းကျန်းမာအောင် နေ့စဉ်အလေ့အထလေးတွေကအစ အရေးကြီးပါတယ်။ ခုခေတ် လူငယ်တွေ လုပ်‌လေ့လုပ်ထရှိတဲ့ မနက်မိုးလင်းခါနီးမှ အိပ်တာမျိုး၊ မနက်စာ မစားတာမျိုးက ရေရှည်ကျန်းမာရေး ထိခိုက်နိုင်တာမို့ လုံးဝ မလုပ်သင့်ပါဘူး။ 🍀အိပ်ရေးဝဝအိပ်တာ၊  🍀အစားစားချိန် ပုံမှန်စားတာ၊  🍀ဇီဝကမ္မဖြစ်စဉ်တွေအတွက် လိုအပ်သလောက် ပုံမှန်ပမာဏ စားတာ၊  🍀ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာ၊  🍀တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားတာမျိုးက ကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေပါ။ "မ

Something in the rain

Image
  Something in the rain ကြည့်ဖူးသူတိုင်း အသဲစွဲဖြစ်ခဲ့ရတဲ့ Dramaလေးရဲ့ အမည်ကတော့ “Something in the Rain” လို့ ခေါ်ပါတယ်။ Main Castsတွေကတော့  "Snow Drop"ထဲက မင်းသားချောလေး "Jung Hae-in"နဲ့ မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး ဟိုးလေးတကျော် နာမည်ကြီးအောင်မြင်သွားတဲ့ "Crush Landing On You"ထဲက မင်းသမီးချောလေး "Son Ye-jin"တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ မင်းသမီးဟာ မိမိထက် အသက် ၂၀ခန့်ငယ်တဲ့ သူငယ်ချင်းဖြစ်သူရဲ့ မောင် မင်းသားနဲ့ မိုးရေစက်တွေကြားမှာ အတူတူသွားရင်းလာရင်း ချစ်မေတ္တာများပေါက်ဖွားလာကြပြီး အပြန်အလှန် ချစ်မိသွားကြပါတယ်။ အသက်အရွယ်ကွာခြားလှတဲ့ သူတို့နှစ်ဦးရဲ့ချစ်ခြင်းကို မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က ဘယ်လိုတွေ သဘောမတူ ကဲ့ရဲ့ကြပြီး ထိုအခက်အခဲတွေကို သူတို့နှစ်ဦး ဘယ်လိုဖြတ်ကျော်သွားကြမလဲ ဆိုတာကို ရင်ခုန်လှိုက်မောစွာနဲ့ ကြည့်ရှုကြရမှာပါ။ ပြီးတော့ အများစုက ကိုယ့်ထက်ငယ်တဲ့သူဆို ကိုယ်ကပဲ အလိုလိုက်နေရပြီး သူ့ပဲ ချော့နေရမှာ၊ ငယ်တဲ့သူက အရမ်းကလေးဆန်တတ်တယ် ဆိုပြီး တွေးမိ ထင်မိကြမှာပါ။ ဒီdramaထဲမှာတော့ ငယ်သူမင်းသားလေးရဲ့ ငယ်ရွယ်ပေမယ့်လည်း အစစအရာရာ အလိုက

ရာသီတုပ်​ကွေး

Image
  ရာသီတုပ်​ကွေး ▪️ရာသီတုပ်ကွေး ဆိုတာ ဘာလဲ? - ရာသီတုပ်ကွေးဆိုတာ နှာခေါင်း၊ လည်ချောင်း၊ အဆုတ် စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာတွေမှာ ပြဿနာဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခြင်းပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ရာသီတုပ်ကွေးဟာ ပြန်လည်ပျောက်ကင်းသွားကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရာသီတုပ်ကွေးနဲ့ သူရဲ့နောက်ဆက်တွဲရောဂါတွေကြောင့် သေစေနိုင်ပါတယ်။ အစပိုင်းမှာတော့ နှာစေး၊ နှာချေ၊ လည်ချောင်းနာ စတာတွေနဲ့ သာမန်အအေးမိဖျားနာတာလို့ပဲ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမယ့် အအေးမိဖျားနာတာက ​ဖြည်းဖြည်းချင်းနဲ့ အစပျိုးလာတတ်ပြီး ရာသီတုပ်ကွေးကတော့ ရုတ်တရက်ကြီး ချက်ချင်းဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်နေရင် ရိုးရိုးအအေးမိဖျားနာတာတွေထက် ပိုပြီးခံစားရမှာပါ။ ▪️ရာသီတုပ်ကွေးဖြစ်ရင် ဘယ်လက္ခဏာတွေ ပြလဲ? - ဖျားနာခြင်း - ကိုယ်လက်ကြွက်သားများ ကိုက်ခဲခြင်း - ချမ်းစိမ့်စိမ့်နဲ့ ​ချွေးများထွက်ခြင်း - ခေါင်းကိုက်ခြင်း - ​ချောင်းခြောက်များ မကြာခဏဆိုးခြင်း - အသက်ရှူရခက်ခြင်း - မောပန်းနွမ်းနယ်ပြီး အားလျော့ခြင်း - နှာရည်ယို၊ နှာပိတ်ခြင်း - လည်ချောင်းနာခြင်း - မျက်စိနာခြင်း - အော့အန်ခြင်း၊ ဝမ်းလျှောခြင်း (လူကြီးတွေထက် ကလေးတွေမှာ အဖြစ်

Why do we dream?

Image
Why do we dream?  (ကျွန်​တော်တို့ ဘာ​ကြောင့် အိပ်မက်မက်ကြလဲ?) (Image credit to its original source) BCE တတိယထောင်စုနှစ်တွင် မေဆိုပိုတေးမီးယားဘုရင်များက ၎င်းတို့ရဲ့အိပ်မက်တွေကို ဖယောင်းဆေးပြားတွေပေါ်မှာ မှတ်တမ်းတင်ပြီး အဓိပ္ပာယ်ပြန်ဆိုခဲ့ကြပါတယ်။ အနှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာတော့ ရှေးခေတ်အီဂျစ်လူမျိုးများက ဘုံအိပ်မက်တွေနှင့် ၎င်းတို့ရဲ့အဓိပ္ပါယ် တွေကို ဖော်ပြတဲ့ အိပ်မက်စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ဘာကြောင့်အိပ်မက်မက်တယ်ဆိုတာ နားလည်ဖို့ ကျွန်တော်တို့ရဲ့ရှာဖွေမှုကို မရပ်လိုက်ပါဘူး။ ဒါ့ကြောင့် သိပ္ပံနည်းကျ သုတေသနပြုမှု၊ နည်းပညာတိုးတက်မှုနှင့် စွဲမြဲစွာလုပ်ဆောင်ပြီးတဲ့နောက် တိကျတဲ့အဖြေများမရှိသေးပေမယ့်လည်း ကျွန်ုပ်တို့မှာ စိတ်ဝင်စားဖွယ်သီအိုရီအချို့ရှိပါတယ်။                                      "ကျွန်တော်တို့ဟာ မိမိလိုအင်ဆန္ဒတွေကို ဖြည့်စည်းဖို့အတွက် အိပ်မက်မက်ကြပါတယ်"  1900 ခုနှစ်တွေအစောပိုင်းမှာ Sigmund Freud က ကျွန်တော်တို့ရဲ့ အိပ်မက်တွေအပါအဝင် အိပ်မက်ဆိုးတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်တစ်သက်တာမှ ပုံရိပ်တွေကိုစုစည်းထားပေမယ့်လည်း ကျွန်တော်တို့ရဲ့ မသိစိတ

Quote - 20

Image
  Quote - 20

Quote - 19

Image
  Quote - 19

Quote - 18

Image
  Quote - 18

Quote - 17

Image
  Quote - 17

Quote - 16

Image
Quote -16  

X-rays

Image
  X-rays (ဓာတ်မှန်) ဓာတ်မှန်လို့ ခေါ်ကြတဲ့ X-ray imaging ဟာ ဆေးပညာအတွက် လွန်စွာအသုံးဝင်လှတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကို စတင်‌တွေ့ရှိခဲ့သူကတော့ ဂျာမန်ရူပ‌ဗေဒပညာရှင် Dr. Willem Roentgen ဖြစ်ပါတယ်။ Roentgen ဟာ ဒီနည်းပညာကို အမှတ်မထင်ဖြစ်ရပ်တစ်ခုကနေ တွေ့ရှိခဲ့တာပါ။ ၁၈၉၅ ခုနှစ်ရဲ့ တစ်ခုသောနေ့မှာ Roentgen ဟာ စမ်းသပ်ခန်းထဲမှာ လျှပ်စစ်အသုံးပြုပြီး သတ္ထုကနေ အီလက်ထရွန်ထုတ်လွှတ်မှုကို စမ်းသပ်လေ့လာနေတုန်းမှာ အခန်းထဲမှာရှိတဲ့ Phosphorus ပါတဲ့ ပစ္စည်းဟာ လင်းလက်သွားတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို အလွန်စိတ်ဝင်စားသွားပြီး စမ်းသပ်မှု‌တွေလုပ်ကြည့်ခဲ့ပါတယ်။ အီလက်ထရွန်ထုတ်လွှတ်တဲ့ ကိရိယာကို ကတ္ထူပြား၊ သစ်သားပြား စတာတွေနဲ့ ကွယ်ထားတော့လည်း Phosphorus ကို လင်းလက်စေတာကို တွေ့ရပါတယ်။ သူ့ရဲ့လက်နဲ့ကာကြည့်တဲ့အခါ Phosphorus ပါတဲ့ ပစ္စည်းပေါ်မှာ လက်ပုံစံနဲ့တူတဲ့ အရိပ်ထင်ကျန်ရစ်တာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ Phosphorus ပါတဲ့ ဖလင်ပြားတစ်ခု ဖန်တီးပြီး သူရဲ့လက်ပုံကို ဖလင်ပြားပေါ်မှာ အောင်မြင်စွာ ရိုက်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးသော ဓါတ်မှန်ပုံလို့ ဆိုရမှာပါ။  Roentgen ဟာ ဆက်လက်လေ့လာကြည့်ရင်းနဲ့ လျှပ်စစ်လှု

Hypertension

Image
Hypertension   သွေးလွှတ်ကြောနံရံတွေက ‌ဝင်လာတဲ့ သွေးပမာဏများများကို အကြာကြီးတောင့်ခံထားရတဲ့အခါမှာတော့ သွေးပေါင်ချိန်တက်ခြင်း (သွေးတိုးခြင်း)ကို ဖြစ်လာစေနိုင်ပါတယ်။ သွေးတိုးခြင်းက နှလုံးရောဂါကဲ့သို့သော အခြေအနေမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ နှလုံးကနေ ညှစ်ထုတ်လိုက်တဲ့ သွေးပမာဏနဲ့ ထိုသွေးများစီးဆင်းမှုကို သွေးလွှတ်ကြောတွေရဲ့ ခံနိုင်ရည်အားပေါ်မူတည်ပြီး သွေးပေါင်ချိန်ကို တိုင်းတာကြပါတယ်။ နှလုံးကနေ ညှစ်လိုက်တဲ့ သွေးပမာဏများလေလေ၊ သွေးလွှတ်ကြောနံရံတွေ ကျဉ်းလာလေလေ၊ သွေးပေါင်ချိန်တက်လာလေလေပဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ဖတ်တဲ့နေရာမှာ အပေါ်သွေးနဲ့ အောက်သွေးဆိုပြီး ၂မျိုးရှိပါတယ်။  ရောဂါလက္ခဏာများ တချို့လူတွေမှာ ဘာရောဂါလက္ခဏာမှ မပြဘဲနဲ့ နှစ်တွေအကြာကြီး သွေးပေါင်ချိန် အရမ်းတက်နေတတ်တာမျိုးလည်း ရှိပါတယ်။ လူအနည်းငယ်မှာတော့ သွေးပေါင်ချိန်တက်နေတဲ့အချိန်ဆိုရင် ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးလျှံခြင်းများဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေအတိုင်း အတိအကျတော့ဖြစ်လေ့မရှိပါဘူး။ များသောအားဖြင့် ဆိုးဆိုးရွားရွား သွေးပေါင်ချိန်တက်နေတဲ့ အချိန်မရောက်မချင်း ဒီကလက္ခဏာတွေက မဖြစ်ပေါ်တတ်ပါဘူး။ သွေးပေါင်ချိန်တက

Painkillers

Image
  Painkillers 💊အကိုက်အခဲပျာက်ဆေးဆိုတာကတော့ သူ့နာမည်အတိုင်းပဲ ခေါင်းကိုက်တာကစလို့ ထိခိုက်မှုကြောင့်ရတဲ့နာကျင်မှုတွေ အဆစ်အမြစ်ကိုက်ခဲမှု စတဲ့ နာကျင်မှုအမျိုးမျိုးကို သက်သာစေတဲ့ဆေးပဲဖြစ်ပါတယ်။  💊အကိုက်အခဲပျောက်ဆေးတွေကို ခေါင်းကိုက်ခြင်း ထိခိုက်မှုများကြောင့်နာကျင်ခြင်း ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း အဆစ်လွဲမှုကြောင့်နာကျင်ခြင်း အမျိုးသမီးများရာသီသွေးဆင်းချိန်တွင် နာကျင်ကိုက်ခဲခြင်း ခွဲစိတ်ပြီးနောက်နာကျင်မှုများ အဆစ်အမြစ်ကိုက်ခဲခြင်းများ ကင်ဆာကြောင့်ဖြစ်သောနာကျင်မှုများ စတဲ့ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။  💊တချို့အကိုက်အခဲပျောက်ဆေးတွေကို ဆေးကောင်တာမှာ အလွယ်တကူယူသောက်သုံးလို့ရပေမယ့် တချို့ဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားမှုဖြင့်သာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။  💊အကိုက်အခဲပျောက်ဆေးတွေကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း သောက်သုံးလျင်တော့ ယျေဘုယျအားဖြင့် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် သတ်မှတ်ချက်ထက်ပိုတဲ့ပမာဏသောက်သုံးလျှင်   ( သို့ ) မကြာခဏသောက်သုံးလျှင် ( သို့ ) အချိန်အကြာကြီးစွဲသောက်လျှင် အောက်ပါဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။  ဆေးစွဲခြင်း/ ဆေးမတိုးခြင်း ကိုယ်တွင်းအင်္ဂါများ (

Vegans Vs Vegetarians

Image
  Vegans Vs Vegetarians Vegetarians များ၏ စားသောက်မှုပုံစံ Vegetarians ဆိုသည်မှာ အသားငါးများ၊ အကြေးခွံပါသောငါးများ၊ တိရစ္ဆာန်များကို  ညှင်းပန်းနှိပ်စက်ပြီးမှ ရရှိလာသော အသားများကို စားသုံးခြင်းမပြုကြသူများကို ခေါ်ဆိုပါတယ်။ Vegetarians များသည် အသားငါးများအစား သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အစေ့အဆံများနှင့် အခွံမာသီးများကိုသာ စားသုံးလေ့ရှိကြပါတယ်။ များသောအားဖြင့် Vegetarians အမျိုးအစား(၄)မျိုးရှိပြီး စားသောက်မှုပုံစံများထပ်မံကွဲပြားသွားကြပါတယ်။ Lacto-ovo Vegetarians များသည် သတ္တဝါအားလုံးတို့၏အသားမှန်သမျှကို ရှောင်ကြည်ကြသော်လည်း နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥများကိုတော့ စားသုံးကြပါတယ်။ Lacto Vegetarians တွေကတော့ သတ္တဝါအားလုံးတို့၏အသားများအပြင် ဥများကိုပါ စားသုံးခြင်းမှ ရှောင်ကြဉ်တတ်ကြပြီး နို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးခြင်းပြုကြပါတယ်။ Ovo Vegetarians များသည် ဥတစ်မျိုးတည်းကိုသာ စားသုံးကြပြီး တိရစ္ဆာန်များမှရရှိသောအစားအစာမှန်သမျှကို ရှောင်ကြဉ်ကြပါတယ်။ Vegans များသည် တိရစ္ဆာန်များနှင့် ၎င်းတို့မှတဆင့်ရရှိသော အစားအစာမှန်သမျှကို စားသုံးခြင်းမပြုကြပေ။ အသားများကို

Most successful pirate of all time

Image
  Most successful time of all time  (Zheng Yi Sao a.k.a Ching Shih) Blackbeard နှင့် Henry Morgan ကဲ့သို့သော ကျော်ကြားတဲ့ ကာရေဘီယံပင်လယ်ဓားပြတွေဟာ သင်္ဘောဆယ်စင်းနှင့် လူရာပေါင်းများစွာကို ၎င်းတို့ရဲ့ စွမ်းအားမြင့်လာချိန်မှာ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဇာတ်လမ်းတွေက အချိန်တိုင်းမှာ အအောင်မြင်ဆုံးဖြစ်တဲ့ ပင်လယ်ဓားပြရဲ့ ဘေးမှာ မှုန်ဝါးဝါးဖြစ်နေပါတယ်။ Madame Zheng (Zheng Yi Sao) ဟာ စစ်ရေယာဉ် 1800 ကို အမိန့်ပေးကာ အင်ပါယာများစွာရဲ့ ရန်သူတွေကို ဖွဲ့ပြီး အသက်ကြီးသည်အထိ နေထိုင်ခဲ့ပါတယ်။ Madame Zheng ဟာ Guangzhou ဆိပ်ကမ်းမြို့ရှိ ရေပေါ်အိမ်ဆောင်များ သို့မဟုတ် ပန်းလှေများထဲမှ တစ်ခုမှာ သာမန်လူတစ်ဦးအဖြစ် သူမရဲ့ဘဝကို စတင်ခဲ့ပါတယ်။ 1801 ခုနှစ်မှာ သူမဟာ ဒေသခံပင်လယ်ဓားပြကပ္ပတိန် Zheng Yi ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး မကြာမီ သူတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။ Guangzhou ၏ တံငါသည်တွေဟာ ဆောင်းရာသီမှာ ၎င်းတို့ရဲ့ နည်းပါးတဲ့၀င်ငွေကို ဖြည့်တင်းဖို့အတွက် အသေးစား ခိုးကူးမှုမှာ နှစ်ရှည်လများ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် 18 ရာစုနှောင်းပိုင်းတွင် အိမ်နီးချင်း ဗီယက်နမ်မှာ အောင်မြင်တဲ့ တောင်သူလယ်သမားအုံကြွမှုကြီးတစ်