Self - Care

 


Physical self-care


ဒီလိုအချိန်ကာလမှာ လူတွေဟာ အသက်ရှူရတာတောင် ပင်ပန်းလာတဲ့အထိ အဆင်မပြေမှုတွေကို ကြုံတွေ့ခံစားနေရပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ များနေရင်တောင် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အသက်ရှင်နေထိုင်မှုအတွက် ဇီဝကမ္မဖြစ်စဉ်တွေကလည်း အရေးကြီးတယ်လေ။ 


ရုပ်နဲ့ နာမ်ဆိုတာ ဒွန်တွဲနေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေမှ စိတ်ပိုင်းဆိုင်ရာလည်း ငြိမ်းချမ်းမှုကို ခံစားရမှာပါ။ ဥပမာ - ရောဂါဝေဒနာ ခံစားနေရရင် စိတ်ကလည်း ဘယ်လိုမှ မကြည်နိုင်ပါဘူး။ ဒါကြောင့် ဒီကာလမှာ ကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။


ခန္ဓာကိုယ် နေကောင်းကျန်းမာအောင် နေ့စဉ်အလေ့အထလေးတွေကအစ အရေးကြီးပါတယ်။ ခုခေတ် လူငယ်တွေ လုပ်‌လေ့လုပ်ထရှိတဲ့ မနက်မိုးလင်းခါနီးမှ အိပ်တာမျိုး၊ မနက်စာ မစားတာမျိုးက ရေရှည်ကျန်းမာရေး ထိခိုက်နိုင်တာမို့ လုံးဝ မလုပ်သင့်ပါဘူး။


🍀အိပ်ရေးဝဝအိပ်တာ၊ 

🍀အစားစားချိန် ပုံမှန်စားတာ၊ 

🍀ဇီဝကမ္မဖြစ်စဉ်တွေအတွက် လိုအပ်သလောက် ပုံမှန်ပမာဏ စားတာ၊ 

🍀ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာ၊ 

🍀တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားတာမျိုးက ကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေပါ။ "မနက်စာ တစ်နပ်လောက် လွတ်တာ ဘာမှမဖြစ်ပါဘူးကွာ" ဆိုရာကနေ နေ့စဉ်ရက်ဆက်များလာတဲ့အခါ လတ်တလော မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးထိခိုက်လာမှာပါ။ 


နေမကောင်းတာမျိုး ရှိရင်လည်း အိမ်မှာပဲ ပေကပ်မနေဘဲ ဆေးခန်းပြတာမျိုး၊ ဆေးပုံမှန်သောက်တာမျိုး လုပ်ဖြစ်အောင်လုပ်ပေးပါ။



Social Self-care


လူမှုပေါင်းသင်းဆက်ဆံရေးဟာ Self-careအတွက် အဓိကအချက်ပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေတော့ သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ပေးဖို့ကျ ခက်ခဲနေပြီး၊ အလုပ်များတဲ့အချိန်မှာ ပေါင်းသင်းဆက်ဆံရေးတွေကို လျစ်လျူရှုလိုက်ဖို့က လွယ်နေတတ်ပါတယ်။ 


ရင်းနှီးတဲ့ ဆက်ဆံရေးကို ချဥ်းကပ်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆက်ဆံရေး တည်ဆောက်တဲ့အခါမှာ "အချိန်နဲ့အားထုတ်မှု" ရှိရပါမယ်။ သင့်ရဲ့သူငယ်ချင်းတွေဆီမှာ သို့မဟုတ် ဆက်ဆံရေး တည်ဆောက်တဲ့အခါမှာ သင်ရဲ့အချိန်တွေ အများကြီး မြှုပ်နှံစရာမလိုပါဘူး။ လူတိုင်းမှာ ပေါင်းသင်းဆက်ဆံရေး လိုအပ်ချက်တွေ အနည်းငယ်စီ ရှိကြပါတယ်။ 


အဓိကအချက်ကတော့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လိုအပ်ချက်တွေက ဘာလဲဆိုတာ သိအောင်လုပ်ပြီး ကောင်းမွန်တဲ့ လူမှုဆက်ဆံရေး ဘဝရအောင် အချိန်ပေးပြီး အကောင်အထည် ဖော်ရပါမယ်။



Spiritual Self-care 


​နေ့စဥ် ဘာသာ​ရေးလုပ်တာ (သို့မဟုတ်) တရားထိုင်တာ ပုံမှန်လုပ်​ပေးခြင်းဟာလည်း စိတ်ကိုကျန်းမာ​စေတဲ့ ဘဝ​နေထိုင်မှုပုံစံတစ်ခုပါပဲ။ 


မိမိရဲ့စိတ်ဝိညာဥ်ကို ဂရုစိုက်တယ် ဆိုတဲ့ နေရာမှာ ဘာသာ​ရေးအပြင် ​

🌿ယောဂကျင့်တာ၊

🌿သဘာဝနဲ့ထိ​တွေ့တာ​ စတာတွေကိုလည်း လုပ်နိုင်ပါတယ်။ 


ကိုယ့်ရဲ့အ​တွေး​တွေ၊ ခံစားချက်​တွေ၊ အသိအမြင်၊ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး​တော့လည်း ကိုယ့်ကိုယ်ကို အာရုံစိုက်ပြီး ပြန်​လည်လေ့လာ ဆန်းစစ်​တာမျိုးလည်း လုပ်နိုင်ပါတယ်။


Mental Self-care


စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ခြင်းဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ 


ကျွန်တော်တို့ဟာ Social Media သုံးရင်း လိပ်ပြာမလုံခြင်း၊ အသက်ရှင်နေတာကို နောင်တရမိခြင်း၊ မိမိကိုယ်ကို မကျေနပ်ဘဲ အားမလိုအားမရ ဖြစ်ခြင်းတို့ကို ကြုံတွေ့ခံစားနေရပါတယ်။ 


ဒီလို ပြဿနာတွေကို Cover ဖြစ်ဖို့ ကျွန်တော်တို့ရဲ့ စိတ်ကို အနားပေးရပါမယ်။ Social Media အသုံးပြုခြင်းကို ကန့်သတ်ထားပြီး 

☘️သီချင်းနားထောင်ခံစားခြင်း၊ 

☘️ရသစာပေဖတ်ခြင်း၊

☘️ရုပ်ရှင်ဇာတ်ကားများကြည့်ခြင်း၊

☘️လက်မှုပညာတခုခုကို လေ့လာသင်ယူခြင်း၊

☘️ဘာသာရပ် တစ်ခုခုအား လေ့လာခြင်း၊

☘️သဘာဝကို ခံစားခြင်း (ဥပမာ ပန်းပင်စိုက်ခြင်း၊ တောင်တက်ခြင်း) စတဲ့ စိတ်ကို ကောင်းမွန်လာစေမယ့် အရာတွေကို ပြုလုပ်ပေးပါ။ 


အရေးကြီးတဲ့ အချက်ကတော့ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အခြားသူတွေနဲ့ မနှိုင်းမိအောင် နေပြီး မိမိရဲ့ ဖြစ်တည်မှုကို အကောင်းမြင် လက်ခံ‌ပေးပါ။


Emotional Self-care


Physical self-care/ Social self-care/ Mental self-care နှင့် Spiritual self-careတွေလို Emotional self-care ဟာလည်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးလှပါတယ်။ 


Emotional Self-care ဆိုတာကို လွယ်လွယ်ပြောရရင် ကိုယ့်ရဲ့ခံစားချက်ကိုသိတာ၊ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဖော်ပြတတ်တာပဲဖြစ်ပါတယ်။ 


ဒါ့အပြင် မကောင်းတဲ့ စိတ်ခံစားချက်တွေဖြစ်တဲ့ 

🌀ဒေါသထွက်တာ၊ 

🌀စိုးရိမ်တာ၊ 

🌀ဝမ်းနည်းတာတွေကို ထိန်းချုပ်ဖြေရှင်းနိုင်တာကလည်း ကိုယ့်ရဲ့စိတ်ခံစားမှု အခြေအနေအတွက် အများကြီး အကျိုးရှိပါတယ်။ 


အလွယ်ကူဆုံး Emotional self-care အလေ့အကျင့်တွေကတော့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုယ်ချစ်ရတဲ့သူတွေကို ရင်ဖွင့်တာနဲ့ ကိုယ်ဝါသနာပါရာလေးတွေကို လုပ်နေတာပဲ ဖြစ်ပါတယ်။


Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. ဒီလို အချိန်အခါမယ် selfcareတွေ ကြောင့်ပဲ ဒီလောက်ထိ အဆင်ပြေပြေ နေနိုင်နေတာ

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。(⁠*⁠˘⁠︶⁠˘⁠*⁠)⁠.⁠。⁠*⁠♡

    ReplyDelete
  5. 👍👍👍👍👍

    ReplyDelete

Post a Comment