Posts

Showing posts from January, 2022

Instagram Artists

Image
  Hello Clicker လေးတို့ရေ ….Clickerတွေထဲမှာ ဒီနှစ်တွေထဲ အိမ်တွင်းအောင်းပီး ပုံဆွဲရင်း Artistတွေဖြစ်သွားတဲ့သူတေရှိလားဗျ။ တချို့လည်း ဆွဲတော့ဆွဲချင်တယ် ဘယ်ကနေ ဘယ်လိုစဆွဲရမှန်းမသိတဲ့သူတေလည်း ရှိမယ်ထင်တယ်ဗျ။ အက်တော့ ကျွန်တော်က ဒီနေ့မှာ Beginnerလေးတွေ အတွက် Inspiration ကောင်းကောင်းယူလို့ရမယ့် Instagram က Digital Artists တွေကို Suggestပေးချင်ပါတယ်။  1. Sam Yang / Sam Does Art သူ့ကိုတော့ တော်တော်များများကြားဖူးကြမယ် ထင်တယ်။ သူရဲ့ ချစ်စရာကောင်းတဲ့ Semi Realism ဆန်ဆန် Cartoon ဘက်လည်း လုံးဝမရောက်တဲ့ Art Styleလေးကို Newbie Artis တော်တော်များများ Inspire ယူဆွဲကြတယ်ဗျ။ သူကတော့ ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ဘဝက သွားလာလှုပ်ရှားနေတဲ့ ပုံတွေ ဆွဲတာများပါတယ်။ Ig Account > https://instagram.com/samdoesarts? utm_medium=copy_link 2. WLOP ဒီတစ်ယောက်ကတော့ ကျွန်တော် အားအကျဆုံး Artistပဲ‌ဗျ။ သူ့ရဲ့ Artwork‌တွေက တကယ် အသေးစိတ်လွန်းပီး Dark Fantasy/ Mythicalဘက် သွားမယ်ဗျ။ Artwork တစ်ခုချင်းဆီကလည်း Storytellingဖြစ်ပီး Owned Original Charactersတေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူက 3D Modelingပိုင်းတွေပါ ကိုင်ပါသေးတယ်

အချစ်ညရင်ခုန်သံ

Image
 

Famous Films, Famous Dialogues (3)

Image
 Famous Films, Famous Dialogues (3) Rambo III Rambo II ထွက်ပြီး 3 နှစ်အကြား 1988 မှာ Rambo III ကိုရုံတင်ပြသခဲ့ပါတယ်။ ဒီဇတ်ကားကတာ့ ဒါရိုက်တာ Peter MacDonald ရဲ့လက်ရာပါ။ Ramvo III ကို US$ 60 M နီးပါးအကုန်အကျခံရိုက်ကူးခဲ့ပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အမြင့်ဆုံး ရိုက်ကူးမှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝင်ငွေအနေနဲ့တော့ US$ 190 M လောက်ရရှိခဲ့ပြီး Rambo II ကို မမှီခဲ့ပါဘူး။  Rambo III ဇတ်လမ်းကို Soviet-Afghan စစ်ပွဲနောက်ခံနဲ့ရေးသားရိုက်ကူးထားပါတယ်။ Afghanistan မှာ Soviet စစ်တပ်က ဖမ်းဆီးထားတဲ့ သူရဲ့မိတ်ဆွေလည်းဖြစ်၊ ယခင်စစ်တပ်တွင်းမှာတုန်းကအထက်အရာရှိလဲဖြစ်ခဲ့သူကို သွားရောက်ကယ်ဆယ်တဲ့ အကြောင်းနဲ့ ဇတ်လမ်းကို ဖွဲ့ထားပါတယ်။  Rambo III ဇတ်ကားမှာတော့ ထူးခြားဆန်းသစ်တဲ့ ဇတ်ဝင်ခန်းမျိုးတွေ မတွေ့ရပါဘူး။ ဒါပေမဲ့ Rambo ရဲ့ထုံးစံအတိုင်း လက်နက်မျိုးစုံကို မီးကုန်ယမ်းကုန်ပစ်ခတ်ပြတာကတော့ ပရိတ်သတ်တွေအတွက် ကြည့်ရတာအားရစရာပါပဲ။  ဂူတစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ Rambo ဟာ သူ့နောက်ကိုလိုက်လံနှိမ်းနင်းတဲ့  Soviet စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ပါတယ်။ အဲဒီဇတ်ဝင်ခန်းမှာ လဲကျသေဆုံးသွားတဲ့ Soviet စစ်သားရဲ့ စကားပြောစက်ကို ကောက်ကို

The Kiss (Gustav Klimt)

Image
  The Kiss (Gustav Klimt) အချစ်ဟာ တရှိုက်မက်မက်တောက်လောင်နေတယ်။ ဒီတစ်သက် ဘယ်တော့မှမခွဲတော့ဘူးဆိုတာမျိုး။ နှစ်ဦးသားဟာ စိတ်ရောကိုယ်ပါ ပေါင်းစည်းပျော်ဝင်လို့။ တဒိတ်ဒိတ်ရင်ခုန်သံဟာ ပန်းချီကားထဲမှာ လှိုင်းထလှုပ်ခတ်နေရဲ့။  The Kiss ဆိုတဲ့ ဒီပန်းချီကား‌ကို ရေးဆွဲခဲ့သူကတော့ Austria ပန်းချီဆရာ Gustav Klimt (1862-1918) ပါ။ Klimt ဟာ ဒီပန်းချီကားကို 1908 ခုနှစ်မှာ အပြီးသတ်ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားဟာ အလျား6 ပေ၊ အနံ 6 ပေ ရှိတဲ့ အတွက် Life-size ပန်းချီကားတစ်ချပ်လို့ဆိုရမှာပါ။ ဒီပန်းချီကားကို ဆီဆေးနဲ့ရေးခဲ့ပြီး ရွှေဆိုင်း၊ငွေဆိုင်းအဖတ်လေးတွေနဲ့ မွှမ်းပြောက်ထားတာတွေ့ရပါတယ်။ Klimt ဟာ ရွှေဆိုင်းဖတ်လေးတွေအသုံးပြုတဲ့ အခြားလက်ရာများစွာကိုလည်းဖန်တီးခဲ့ပြီး Klimt ရဲ့ရွှေခေတ် (Gold period)လို့ ပြောစမှတ်ပြုကြပါတယ်။ The Kiss ကတော့  Klimt ရွှေခေတ်ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး Klimt ရဲ့ အကျော်ကြားဆုံး Masterpiece လည်းဖြစ်ပါတယ်။ ဒီပန်းချီကားရဲ့ သရုပ်ဖော်မှုဟာ အတန်ငယ်ရိုင်းတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒီပန်းချီကားကို အပြီးမသတ်ရခင်မှာကိုပဲ Vienna မြို့ Belvedere Museum က  Klimt

ငှက်တို့ရဲ့ပျံသန်းခြင်းအတတ်ပညာ

Image
 ငှက်တို့ရဲ့ပျံသန်းခြင်းအတတ်ပညာ -------------------------------------- သုနာပရန္တတိုင်းက  ငန်းရိုင်းတို့အိပ်တန်းပြန် သဏ္ဍာန်ကမြားဦး။ ကောင်းကင်မှာ မြားတံစူးပြီမို့ စကြာဝဠာရင်ညွန့်ဦးမှာ တိမ်သွေးတွေလူး။ အမှတ်မမှားဘူးဆိုရင် ဆရာ ကြည်အောင်ရဲ့ ကဗျာတစ်ပုဒ်ပါ။ ပြောချင်တာက ကဗျာမဟုတ်ပါဘူး။ ငှက်တွေ ဘာလို့ မြားဦးပုံစံ အုပ်စုဖွဲ့ ပျံကြသလဲဆိုတာပါ။ အရင်ကတော့ အမှတ်တမဲ့ ကြည့်လို့‌ကောင်းတဲ့ သဘာဝအလှတစ်ခုလို့ပဲ မှတ်ယူခဲ့မိပါတယ်။ ဒါပေမယ့် သုသေသနတစ်ခုကို ဖတ်မိမှပဲ သဘာဝကသင်ကြားပေးလိုက်တဲ့ ငှက်တို့ရဲ့ ပျံသန်းခြင်းအတတ်ပညာမှန်း သိခဲ့ရပါတယ်။  အတောင်ပံကြီးတဲ့ ငှက်တွေ အတောင်ပံခတ်တဲ့အခါ သူရဲ့နောက်မှာ လေပွေလှိုင်းကို ဖြစ်စေပါသတဲ့။ အဲဒီလေပွေလှိုင်းထဲကို အလိုက်သင့်စီးမျော ပျံသန်းတတ်ရင် တောင်ပံခတ်ရတာသက်သာပြီး အသာခိုလိုက်လို့ရပါသတဲ့။ ဒါကြောင့် ရှေ့ကငှက်တစ်ကောင်က ဦးဆောင်ပျံသန်းပြီး နောက်ကငှက်တွေက လေပွေလှိုင်းထဲကလွတ်မသွားအောင် ချိန်ဆစီတန်းပြီး ပျံကြတယ်လို့ဆိုပါတယ်။ အုပ်စုနဲ့အတူ ပျံသန်းတဲ့အခါမှာလည်း တောင်ပံကို စည်းချက်မှန်အောင်ခတ်ကြရပါသတဲ့။ စည်းချက်မမှန်တော့ဘူးဆိုရင် လေပွေလှိုင်းကို ကမောက်ကမဖြစ်စေပြီး အခြားအုပ်စုဝင်ငှက်တွေကိ

သူ ဘယ်သူလဲ

Image
  သူ....ဘယ်သူလဲ သိုးဆောင်း      ဒီစာအုပ်လေးကတော့ ဆရာသိုးဆောင်းရဲ့ ဟန်ပန်အတိုင်း အတွေးခေါ်ဆန်းဆန်းတွေ ဒသနတွေ ဝေဝေဆာဆာပါဝင်တဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။      မိုးနဲ့ဆောင်းဆိုတဲ့ သူငယ်ချင်းလေးနှစ်ယောက်ဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ ထူးဆန်းတဲ့ လုပ်ရပ်လေးတစ်ခုလုပ်လေ့ရှိပါတယ်။      အဲ့တာကတော့ သူတို့ဆိုင်ကိုလာတဲ့သူတိုင်းက  ဆိုင်ကိုအကြံပြုချင်တဲ့ အကြောင်းအရာလေးတွေကို စာလေးရေးပြီး အကြံပြုပေးနိုင်တာပါ။ နောက်ထပ်တစ်ခုကတော့ ကိုယ်တိုင်တွေ့ရှိထားတဲ့ အတွေးအခေါ် ဒသနလေးတွေကို ရေးပြီး စာတိုက်ပုံးလေးမှာ ထည့်ထားခဲ့ရမှာ ဖြစ်ပါတယ်။      ပေးပို့ထားတဲ့ စာလေးတွေထဲက တစ်စောင်ကိုတော့ လစဉ်လကုန်ရက်လေးမှာ မဲဖောက်ပေးပြီးတော့ ......      ပေါက်သွားတဲ့ မဲလေးကိုတော့ ဆိုင်လေးရဲ့ Thinking boardမှာ တစ်လတိတိ မှတ်တမ်းတင်ပေးထားလေ့ရှိပါတယ်။      နောက်ထပ်တစ်ချက်ကတော့ မဲပေါက်သွားတဲ့သူက အဲ့ဒီနေ့လေးမှာပဲ ကိုယ်ရေးထားတဲ့ အတွေးအခေါ် ဒသနအကြောင်းတခြားသူတွေကို ပြန်ရှင်းပြရလေ့ရှိပါတယ်။      တစ်နေ့မှာတော့ မဲပေါက်သွားတဲ့ အတွေးဒသနလေးကို ပိုင်ရှာက လာလဲမရှင်းပြ ၊ ဆိုင်ပိုင်ရှင်လေးတွေကလည်း အဖြေကို မသိတော့ တော်တော်အခက်တွေ့ကြတော့လေသည်။      ဒီလိုန

အိုရီဂါမီ ရွက်နုနဲ့ရိုးတံလေး

Image
 အိုရီဂါမီ ရွက်နုနဲ့ရိုးတံလေး --------------------------- ဒီတစ်ခေါက်မှာတော့ ပန်းပွင့်လေးတွေရဲ့ အောက်ခြေမှာထည့်ဖို့ ရိုးတံ ခေါက်နည်းလေးမျှဝေထားပါတယ်။ အဆင့်ကလည်း နည်းနည်းလေးပါပဲ။ ဒီလို ပန်းပွင့်လေးနဲ့တွဲလိုက်ရင် ဝမ်းဆက်ပေါ့။ နောက်အခေါက်တွေမှာလည်း ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ စက္ကူခေါက်နည်းလေးတွေ မျှဝေပေးဦးမှာမို့  နေ့စဉ်ကလစ်ဖို့ ဖိတ်ခေါ်ပါရစေနော်…

Beach 7

Image
 

Beach 6

Image
 

Beach 5

Image
 

Beach 4

Image
 

Beach 3

Image
 

Beach 2

Image
 

Beach 1

Image
 

နယူးကာဆယ်

Image
  နယူးကာဆယ်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ စတင်လာခြင်း... ဇန်နဝါရီလ တစ်လလုံးဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကာလပါ။ ယူရို သန်း ၃၀၀ကျော် ကြွယ်ဝချမ်းသာလာတဲ့ ပရီးမီးယားလိဂ်အသင်း နယူးကာဆယ်အတွက် ဘောလုံးပရိသတ်တွေ စိတ်လှုပ်ရှားစရာတွေ စတင်မယ့် အပြောင်းအရွှေ့ကာလလို့ပြောရင်လည်း မမှားပါဘူး။  တိုက်ရိုက်ပြောကြားထားခြင်းမရှိသည့်တိုင် နယူးကာဆယ် ပိုင်ရှင်သစ် ဆော်ဒီတွေကတော့ အနာဂတ်လမ်းကြောင်းကို ဖြည်းဖြည်းမှန်မှန်သာ သွားမှာပါ။ ကမ္ဘာကျော်တွေကို ရုတ်ချည်း ငွေပုံပေးခေါ်ယူမယ့်နည်းလမ်းထက် အသင်းကို တဆင့်ချင်း ဆွဲတင်သွားမယ့်ပုံစံကို အသက်သွင်းဖို့ပဲ ဦးတည်ထားပါတယ်။  သို့သော်လည်း လက်ရှိမှာ အသင်းရဲ့နိမ့်ပါးနေမှုနဲ့အတူ အမှတ်ပေးဇယား အောက်ခြေနားရောက်နေတာကြောင့် အခု ဆောင်းရာသီဈေးကွက်မှာလည်း ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်မှာတော့ သေချာပါပြီ။ လက်ရှိအချိန်မှာ အက်သလက်တီကို အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ထရစ်ပီယာနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေအသင်းက တိုက်စစ်မှူး ခရစ်စ်ဝုဒ် တို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ အသင်းနဲ့ ထိုက်သင့်သလောက် အသားကျခဲ့ပါတယ်။ နောက်ထပ်အားဖြည့်မှုအနေနဲ့ အမာခ

တချိန်တုန်းက တက္ကသိုလ် ‌(မေခလာ)

Image
 

ဆယ်လမွန်ငါးတို့အပြန်

Image
 

မဖဲဝါ

Image
  မဖဲဝါ       မဖဲဝါနဲ့ သူမရဲ့အစ်ကို အင်းသူကြီးကိုစံဖဲတို့ဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာရှိတဲ့ တံငါရွာလေးမှာနေထိုင်ခဲ့ကြပါတယ်။ အသားညိုညို၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကိုစံဖဲဟာ သူ့နှမဖြစ်သူမဖဲဝါကို အရမ်းချစ်တာမို့ သူ့အင်းကနေ ငါးရောင်းရတိုင်း သူ့နှမအတွက် အကျင်္ီထဘီအသစ်များ ဝယ်ပေးလေ့ရှိပါတယ်ဗျ။ မဖဲဝါကလည်း သူ့အကိုရဲ့ ငါးဒိုင်နေရာမှာ စာရင်းမှတ်ပြီးကူလေ့ရှိပါတယ်။       ကိုစံဖဲရဲ့ အင်းဟာ ငါးအရများတာကြောင့် ဝင်ငွေလည်းအရမ်းကောင်းပါတယ်ဗျ။ သူ့ရဲ့ အကုသိုလ်ဟာဘယ်လောက်ကြီးလဲဆိုရင် ရွှေတိဂုံဘုရားကို  ရွာလုံးကျွတ် ရွှေသင်္ကန်းကပ်ဖို့သွားတာတောင် ကိုစံဖဲတစ်ယောက်ကတော့ မျက်စိရှေ့မှာရှိတဲ့ စေတီတော်ကြီးကို မမြင်နိုင်ခဲ့ဘူးလို့သိရပါတယ်။ ဒီလိုနဲ့ ရွာကို ပြန်ရောက်လာပြီးနောက် ကိုစံဖဲဟာ ရွှေတိဂုံဘုရားကို မဖူးနိုင်ခဲ့တဲ့ သူ့ကံတရားကိုစိတ်နာသွားပြီး အင်းထဲမှာပဲနေပြီး အရက်တွေသာ လွှတ်သောက်ပါတော့တယ်။        နောက်တော့ ဘုရားကို ရွှေချဖို့စီစဉ်ထားတဲ့သူ့ရွှေတုံးတွေကို အရည်ကျိုပစ်လိုက်ပြီး သူ့အင်းထဲမှာစိုက်ထားတဲ့ တိုင်တွေကို ရွှေချလိုက်ပါတော့တယ်။ ကိုစံဖဲဟာ သူ့အင်းနားကို အကပ်မခံရုံသာမက ထမင်းချိုင့်လည်းအပို့မခံတော့ပါဘ

Ko Gyi Kyaw

Image
ကိုကြီးကျော်        ပုဂံခေတ် အေဒီ(၇၃၄)ခုနစ်မှာ ထီးနန်းစိုးစံခဲ့တဲ့ သိန်းခိုမင်းကြီးမှာ စည်သူ၊ ကျော်စွာနဲ့ ရွှေလောင်းဆိုတဲ့ သားတော်သုံးပါးရှိခဲ့ပါတယ်။ စည်သူနဲ့ ကျော်စွာသားတော်နှစ်ပါးကို ရွှေကိုင်းမိဖုရားက ဖွားမြင်ပေးခဲ့တာဖြစ်ပြီး ရွှေလောင်းသားတော်ကို တောင်နန်းစံမိဖုရားဖြစ်သူက မွေးဖွားခဲ့တာပါ။ ဒီအခါမှာ သိန်းခိုဘုရင်ကြီးဟာ ထီးနန်းအရိုက်အရာပေးဖို့အခက်ကြုံနေရပါတော့တယ်။        တစ်ခါမှာတော့ လက်အောက်ခံမြို့ရွာတစ်ချို့မှာ ဆူပူနေတဲ့အတွက် နှိမ်နင်းပေးဖို့ သိန်းခိုမင်းကြီးက စည်သူနဲ့ ကျော်စွာကို စေလွှတ်ခဲ့ပါတယ်။ သားတော်တွေစစ်တိုက်နေချိန်မှာပဲ သိန်းခိုမင်းကြီး အသည်းအသန်နေမကောင်းဖြစ်တာကြောင့် မသေခင်ထီးနန်းလွှဲဖို့အတွက် အနီးမှာရှိတဲ့ ရွှေလောင်းမင်းသားကို အိမ်ရှေ့စံအရာအပ်နှင်းလိုက်ပါတယ်။        ဒီလိုမျိုး သားတော်ကြီးတွေမရှိခင် မည်သူနဲ့မှ မတိုင်ပင်ဘဲ ကိုယ့်ဆုံးဖြတ်ချက်အတိုင်းထီးနန်းလွှဲပေးခဲ့တာကို ရွှေကိုင်းမိဖုရားကြီးကလုံးဝမကျေနပ်ခဲ့ပါဘူး။ ဒီစိတ်ကြောင့်ပဲ ရွှေကိုင်းမိဖုရားကြီးဟာ သားတော်ကြီးတွေပြန်မလာသေးခင်မှာပဲ ပူဆွေးသောကရောက်ပြီးသေရပါတော့တယ်။ မိဖုရားကြီးဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် နတ်စိမ်းဖြစ

The Torture Device in your local gym

Image
  ပြေးစက်ပေါ်မှာ ပြေးဖူးလား? ပြေးဖူးမယ်ဆိုရင်တော့ တစ်နာရီလောက် ကုန်သွားပြီထင်ပြီး နာရီကြည့်လိုက်မှ မိနစ်အနည်းငယ်ပဲ ရှိသေးတဲ့အဖြစ်မျိုးကို ကြုံဖူးလောက်မှာပါ။ "ငါ့ကိုယ်ငါ ဘာလို့ နှိပ်စက်နေတာလဲ။ ဒါကြီးက နှိပ်စက်ညှင်းပန်းဖို့ ထုတ်ထားတာကြီးပဲ" လို့လည်း တွေးဖူးမယ်ထင်ပါတယ်။ တကယ်တော့ အဲဒီအတွေးက မမှားပါဘူး။ ပြေးစက်တွေကို နှိပ်စက်ညှင်းပန်းဖို့အတွက် သုံးခဲ့ဖူးပါတယ်။ Sir William Cubitt လို့ခေါ်တဲ့ ဂျုံစက်ပိုင်ရှင်ရဲ့သား၊ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာတစ်ယောက်က 1818 မှာ တီထွင်ခဲ့တာဖြစ်ပြီး အကျဉ်းသားတွေကို အပြစ်ပေးရာမှာ အသုံးပြုခဲ့ပါတယ်။ အဲဒီခေတ်ကာလတုန်းက အင်္ဂလန်နိုင်ငံရဲ့ အကျဉ်းထောင်စနစ်က အတော်လေးကို ဆိုးရွားခဲ့တာပါ။ နယ်နှင်ဒဏ်ပေးတာနဲ့ ကွပ်မျက်တာက အပေးအများဆုံး ပြစ်ဒဏ်တွေဖြစ်ပြီးတော့ ကျန်တဲ့အကျဉ်းသားတွေက အကျဉ်းခန်းတွေထဲမှာ နာရီပေါင်းများစွာ အထီးကျန်ရင်း နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေရဲ့ဘဝ တိုးတက်စေဖို့ ကြိုးပမ်းကြတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို ဘာသာရေးအဖွဲ့အစည်းတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ Charles Dickens တို့လို ကျော်ကြားသူတွေက ဦးဆောင်ခဲ့ကြပါတယ်။ ဒီလှုပ

2016 k dramas

Image
  2016ခုနှစ်ထွက် ကိုရီးယားဇာတ်လမ်းတွဲတွေဟာ အလွန်ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲများကို မီးမောင်းထိုးပြနေပါတယ်။ အမျိုးအစားအလိုက် အညီအမျှ ကိုယ်စားပြုဆုံးနှစ်၊ စိတ်ကူးယဥ်မှုနှင့်တွေးခေါ်မှုကို လှုံ့ဆော်ပေး‌သော ဇာတ်လမ်းများ၏နှစ် ဆိုပြီး အမျိုးမျိုး တင်စားခေါ်ဝေါ်ကြပါတယ်။ ဆိုတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုဇာတ်လမ်းကောင်းများကို ကြည့်လိုက်ကြရအောင်ဗျာ🥳 📽️ Descendants of the sun 2016ခုနှစ် Februaryလက ထွက်ရှိခဲ့တဲ့ကားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း မသိတဲ့သူမရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ကားပဲဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်နှင့် အထူးတပ်ဖွဲ့အရာရှိတို့ကြား ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့အမိမြေနှင့် စစ်မက်ဖြစ်ပွားနေတဲ့ Urk ၏ စိတ်ကူးယဉ်နိုင်ငံအတွင်း၊ စစ်ပွဲတစ်ခုအတွင်းမှာ သေစေနိုင်တဲ့အန္တရာယ်တွေကြားက သူတို့နှစ်ယောက် ဘယ်လိုပေါင်းစည်းကြပြီး အခက်အခက်တွေကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားရဲ့ Ostတွေဟာလည်း အလွန်ကျော်ကြားပါတယ်✨ 📽️ W : two worlds ဒီဒရာမာကတော့ မတူညီတဲ့ကမ္ဘာမှာနေထိုင်ကြတဲ့ လူနှစ်ယောက်အကြောင်းပဲဖြစ်ပါ

ခေတ္တာ

Image
 

မာလာဆောင်မောင်မလာ

Image
 

Click and Learn (Vocabulary) Part – 7

Click and Learn (Vocabulary) Part  – 7 Paucity - /ˈpɔːsɪti/ - Noun English – smallness of number or quantity မြန်မာ - ရှားပါးသော ၊ နည်းပါးသော လို့သုံးလို့ရပါတယ်။ ဥပမာ- The paucity of bicycle lanes in Yangon will be unsettling for you. ရန်ကုန်မှာ စက်ဘီးလမ်းသိပ်မရှိတာ မင်းအတွက်စိတ်ညစ်စရာဖြစ်နေမှာ။ There was a paucity of detail in your report. မင်းရဲ့အစီရင်ခံစာကလည်း အသေးစိတ်အချက်တွေနည်းလိုက်တာကွာ။  Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။ LWINT

The Scream (Edvard Munch)

Image
  The Scream (Edvard Munch) ပန်းချီဆရာဟာ တစ်ခုသောညနေမှာ လမ်းလျှောက်ထွက်လာရင်းနဲ့ တံတားတစ်ခုပေါ်ရောက်တဲ့အခါ ပတ်ဝန်းကျင်ကို  မျှော်ကြည့်မိတယ်။ ကောင်းကင်ဟာ သွေးရောင်လွှမ်းပြီး ညနေခင်းဟာ ခြောက်ခြားဖွယ်ဖြစ်နေတယ်။ အဲဒီခြောက်ခြားဖွယ်ဝေဒနာဟာ ပန်းချီဆရာရဲ့စိတ်ထဲကို ကူးစက်ဝင်ရောက်လာတယ်။ ဒီလိုနဲ့ ဒီပန်းချီကားကိုရေးဖို့ဖြစ်လာခဲ့တယ်။  ပန်းချီကားနာမည်ကတော့ The Scream လို့လူသိများကြပါတယ်။ ဒီပန်းချီကားကို နော်ဝေးပန်းချီဆရာ Edvard Munch (1963- 1944) က 1893 မှာရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားဟာ ပန်းချီလောကမှာ အင်မတန်ကျော်ကြားပြီး 2012 လေလံပွဲမှာ စံချိန်တင်ဈေး US$ 120 M နဲ့ ဝယ်ယူခြင်းခဲ့ရပါတယ်။  ဒီပန်းချီကားဟာ ပန်းချီကားသူခိုးတွေရဲ့ မျက်စိကျခြင်းခံရတဲ့ လက်ရာတစ်ခုလည်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံ Munch Museum မှာ ပြသထားတဲ့ ဒီပန်းချီကားဟာ 1994 မှာတစ်ကြိမ် 2004 မှာတစ်ကြိမ် ခိုးယူခြင်းခံခဲ့ရပါတယ်။ ပထမအကြိမ်မှာ ခိုးယူသူက US$ 1 M တောင်းဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့ဟာ ခိုးယူသူကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ပန်းချီကားကို မပျက်မယွင်းပြန်လည်ရယူနိုင်ခဲ့ပါတယ်။  2004 ခိုးယူမှုမှာတော့ ပန်းချီကားပြန်ရဖို့ US$ 3 သိန်း‌ကျော်နဲ့ညီမျှတဲ့

Tips

Image
  Hey guys!  ဒီနေ့မှာတော့ ဗိုက်မှာ အဆီစုနေတဲ့သူတွေ ဘာလုပ်သင့်လဲ ဆိုတဲ့အကြောင်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဗိုက်မှာ စုနေတဲ့အဆီတွေကို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ဖယ်ရှားလို့ မရနိုင်ပါဘူး။ အစားအသောက်ကိုလည်း ပြောင်းလဲ စားသုံးဖို့ လိုအပ်ပါတယ်။ ညစာ မစားဘဲနေတာ၊ လက်ရှိစားနေတဲ့ အစားအစာကို အလွန်လျှော့စားလိုက်တာ၊ အစာစားပြီး ပြန်အန်ထုတ်တာ စတာတွေက မှန်ကန်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး၊ ပုံမှန်စားသုံးနေကျအတိုင်းကို အနည်းငယ်ပြောင်းလဲဖို့ပဲ လိုတာပါ။ ကိုယ်စားနေတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ Admin ပြောပြတဲ့ အစာတွေပါ ပါအောင် ထည့်စားလိုက်တာပဲ ဖြစ်ပါတယ်။ ငရုတ်သီးစိမ်း       အဆီတွေ လောင်ကျွမ်းပြီး ဝိတ်ချလိုသူတွေအနေနဲ့ အစားအစာ စားသုံးတဲ့ ငရုတ်သီးစိမ်း ထည့်စားဖို့လိုပါတယ်။ သူ့မှာပါတဲ့ Capsaicin ကဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေလို့ အဆီတွေ သိုလှောင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပဲအမျိုးမျိုး             ကိုယ်စားတဲ့အစားအစာတွေထဲမှာ ပဲအမျိုးမျိုးကို ပါဝင်အောင် စားပေးရင် အမျှင်ဓာတ်နဲ့ ပရိုတင်း ရရှိစေပါတယ်။ အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲက ရေနဲ့ အဆီဓာတ်တွေကို ထိန်းထားပြီး အချိန်ကြာကြာ ဗိုက်တင်းနေစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေ