Tips

 Hey guys!

 ဒီနေ့မှာတော့ ဗိုက်မှာ အဆီစုနေတဲ့သူတွေ ဘာလုပ်သင့်လဲ ဆိုတဲ့အကြောင်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။



ဗိုက်မှာ စုနေတဲ့အဆီတွေကို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ဖယ်ရှားလို့ မရနိုင်ပါဘူး။

အစားအသောက်ကိုလည်း ပြောင်းလဲ စားသုံးဖို့ လိုအပ်ပါတယ်။ ညစာ မစားဘဲနေတာ၊ လက်ရှိစားနေတဲ့ အစားအစာကို အလွန်လျှော့စားလိုက်တာ၊ အစာစားပြီး ပြန်အန်ထုတ်တာ စတာတွေက မှန်ကန်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး၊ ပုံမှန်စားသုံးနေကျအတိုင်းကို အနည်းငယ်ပြောင်းလဲဖို့ပဲ လိုတာပါ။ ကိုယ်စားနေတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ Admin ပြောပြတဲ့ အစာတွေပါ ပါအောင် ထည့်စားလိုက်တာပဲ ဖြစ်ပါတယ်။



ငရုတ်သီးစိမ်း


      အဆီတွေ လောင်ကျွမ်းပြီး ဝိတ်ချလိုသူတွေအနေနဲ့ အစားအစာ စားသုံးတဲ့ ငရုတ်သီးစိမ်း ထည့်စားဖို့လိုပါတယ်။ သူ့မှာပါတဲ့ Capsaicin ကဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေလို့ အဆီတွေ သိုလှောင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


ပဲအမျိုးမျိုး

    

       ကိုယ်စားတဲ့အစားအစာတွေထဲမှာ ပဲအမျိုးမျိုးကို ပါဝင်အောင် စားပေးရင် အမျှင်ဓာတ်နဲ့ ပရိုတင်း ရရှိစေပါတယ်။ အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲက ရေနဲ့ အဆီဓာတ်တွေကို ထိန်းထားပြီး အချိန်ကြာကြာ ဗိုက်တင်းနေစေတဲ့ အဆိပ်အတောက်တွေကို

ဖယ်ရှားပေးပါတယ်။ ပရိုတင်းက ကြွက်သားတွေ တည်ဆောက်ပေးပြီး သံဓာတ်က ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးပါတယ်။


ရွှေဖရုံသီး

     

       Vitamin C က တစ်နေ့တာလုံးလိုအပ်တဲ့ စွမ်းအင်ပမာဏရရှိအောင် ကူညီပေးပါတယ်။ ရွှေဖရုံသီးမှာက Vitamin C ကြွယ်ဝပါတယ်။ ရွှေဖရုံသီးကို စွပ်ပြုတ်၊ ကြော်ချက်တွေ ချက်စားလို့ ရတဲ့အပြင် မုန့်ဖုတ်စားလို့လည်း ရပါတယ်။ အသီးရဲ့ လိမ္မော်ရောင်ကလည်း မျက်စိကျန်းမာရေးကို အတော်အထောက်အကူဖြစ်စေပါတယ်။


အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်


ဟင်းသီးဟင်းရွက်တွေကို စားသုံးတာကြောင့် ဝမ်းဗိုက်မှာ အဆီတွေစုတာကို ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆီချေဖျက်မှုကို အားပေးပြီး အူလမ်းကြောင်း လှူပ်ရှားမှူကို ကောင်းစေပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်စတာတွေမှာ Vitamin နဲ့သတ္တုဓာတ်တွေ များစွာပါလို့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် ကောင်းစေပါတယ်။


သခွားသီး 


အစာအနပ်ကြီး တစ်ခုနဲ့တစ်ခုကြား အဆာပြေစားတဲ့အခါ Calorie နည်းတာကို ရွေးချယ်စားသောက်သင့်ပါတယ်။ အရည်ရွှမ်းတဲ့အသီးအနှံတွေက Calorie မပါဘဲ အဆာပြေစေပါတယ်။ သခွားသီး အစိတ် အနည်းငယ် လှီးစားပြီး ရေသောက်ပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သခွားသီးကို သုပ်ပြီးလည်း စားနိုင်ပါတယ်။


ခရမ်းချဉ်သီး


ခရမ်းချဉ်သီးကတော့ ဟင်းချက်တွေထဲမှာ မပါမဖြစ်ပါ။ Calcium,Vit C ကြွယ်ဝလို့ အဆီတွေ လောင်ကျွမ်းစေပြီး ဗိုက်မှာ အဆီတွေ မစုအောင် ကာကွယ်ပေးပါတယ်။ ဟင်းချက်ရာမှ ထည့်ချက်နိုင်သလို အသုပ်လည်း သုပ်စားနိုင်ပါတယ်။ သူ့ထဲက လိုင်ကိုပိုတင်းဓာတ်ကိုတော့ ဟင်းချက်စားမှသာ ပိုမို ရရှိနိုင်ပါတယ်။


ဆိုတော့ ပူနေတဲ့ ဗိုက်လေးတွေ ကျချင်ရင် Workout လည်းလုပ်၊ ခုပြောပြလိုက်တဲ့အစားအစာလေးတွေကော ထည့်စားကြပါနော်။

 #🌸🍒


Comments

Post a Comment