Posts

Showing posts from December, 2021

Winter

Image
 ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
 ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
  ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
  ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
  ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
  ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Winter

Image
  ကလစ်နှိပ်တဲ့ ကလစ်ကာအယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Building Habits

Image
  ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘဲ အချိန်တွေ အဓိပ္ပာယ်မရှိ ကုန်နေရတယ်လို့ ခံစားဖူးကြလား? ကျွန်တော်တို့တွေက နှစ်သစ်ကူးမှာ အကျင့်ဆိုးတွေကို ထားခဲ့ပြီး အကျင့်ကောင်းတွေ လုပ်ယူမယ်လို့ စိတ်ကူးတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီလို မရေမရာခံစားချက်တွေ ဝင်လာတော့တာပါပဲ။ "ဒီတစ်ခါတော့ အရင်လို မနေတော့ဘူး၊ လိုချင်တာကို ရအောင်လုပ်ယူတော့မယ်" လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြောကြတယ်။ ဒါပေမယ့်လည်း လအနည်းငယ်ကြာလို့ ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ပန်းတိုင်နဲ့ အလှမ်းဝေးမြဲ၊ ဝေးနေဆဲပါပဲ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးယူဖို့အတွက် အလေ့အကျင့်ဆိုးတွေကို ဘယ်လိုဖြတ်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ဘယ်လိုမွေးယူကြမလဲဆိုတာ ကျွန်တော် ဒီနေ့ ပြောသွားမှာဖြစ်ပါတယ်။ New York ကနေ Los Angeles ကို သွားမယ့် လေယာဉ်တစ်စီးရှိတယ်ပဲဆိုပါစို့။ လေယာဉ်မထွက်ခင်မှာ လေယာဉ်ရဲ့ direction ကို 3 degrees ပြောင်းလိုက်တယ်ထား။ ပြောင်းထားတဲ့အတိုင်း တည့်တည့်ကြီး ပျံသန်းသွားမယ်ဆိုရင် Los Angeles ကို ရောက်ရမယ့်အစား México က Tijuana မြို့နားကိုသာ ရောက်သွားပါလိမ့်မယ်။ အလေ့အကျင့်ဆိုတာကလည်း ထိုနည်းတူပါပဲ။ ကျွန်တော်တို့လုပ်ဆောင်နေ

Numbers and their meanings

  တူညီသည့်နံပါတ်များကိုထပ်ခါထပ်ခါမြင်ဖူးပါသလား။နံပါတ်တွေမှာအမှာပါးချင်တဲ့စကားတွေရှိတယ်ဆိုတာကိုယုံလား။မယုံလဲအပျင်းပြေဖတ်ကြည့်သွားဖို့နံပါတ်တွေထဲကအချို့ရဲ့ပါးချင်တဲ့အမှာစကားတွေကိုဖော်ပြထားတယ်။နံပါတ်အချို့ကတော့သုညကနေကိုးအထိသူတို့ချည်းပဲသုံးလုံးပူးနေတဲ့{000,111,...etc.}တို့လိုနံပါတ်တွေပဲဖြစ်တယ်။ • • • 000အဓိပ္ပါယ် အခွင့်အရေးကစောင့်မျှော်နေသည်။ သင့်အတွက်အနှိုင်းမဲ့ပံပိုးမှုတွေကိုသင်ရဲ့Angles(သင့်ကိုစောင့်ရှောက်နေတဲ့Angles)တွေဆီကရနိုင်ပါတယ်။ အခွင့်အရေးအသစ်တွေလည်းသင့်ဆီတန်းတန်းမတ်မတ်ရောက်နေပါပြီ၊နီးလာပါပြီ။ 111အဓိပ္ပါယ် သင့်ကိုယ်သင်ထုတ်ဖော်ပါ။ သင်ဟာကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီးတုန့်​ပြန်ဖို့အဆင့်သင့်ဖြစ်နေပါပြီ။ ကျယ်ကျယ်ပြန့်ပြန့်မျှဝေပါ။ မျှဝေရန်စောင့်နေဖို့မလိုဘူး။ သင့်ဖြတ်သန်းခဲ့တဲ့ဗဟုသုတတွေ၊အသိအမြင်တွေအပေါ်သင်ကြားပါ၊သင်ယူပါ။ သင့်ရဲ့အလိုလိုသိခြင်းတွေကိုယုံကြည်ပါ။ 222အဓိပ္ပါယ် ပို၍မြဲမြံတဲ့ခြေလှမ်း(အခြေ)ကိုရှာဖွေပါ။ သင့်ဘဝထဲမှာဟန်ချက်မညီခြင်းတွေရှိကောင်းရှိနိုင်တယ်။ ဦးစားပေးအခြေအနေချမှတ်ခြင်းနဲ့လုပ်ဆောင်မှုတွေကိုပြန်လည်ထုတ်ဖော်ပါ။  333အဓိပ္ပါယ် သင်ဘာကိုကမ်းလှမ်း(ပေးကမ်း)ချင်တာလဲဆိုတာစူးစမ်းရှာဖ

2022

Image
  နှစ်သစ်မှာ သတင်းကောင်းတွေများများကြားရပါစေ...

Movies for last day of the year

Image
  ခုနေ့ဟာ တစ်နှစ်တာရဲ့ နောက်ဆုံးနေ့လေးပဲ ဖြစ်ပါတယ်။ ခုနေ့မှာ တချို့ကလည်း ဘော်ဒါတွေစုပြီး ပျော်ဖို့ပြင်ကြမယ်။ တချို့ကလည်း လျှောက်လည်ကြမယ်။ တချို့က အိမ်မှာပဲ နေပြီး တစ်ခုခု လုပ်နေကြမယ်။  ခုနေ့လို နေ့မှာလည်း ငါတို့က‌တော့ ရှယ်ကလစ်မှာပဲ ဆိုတဲ့ ကလစ်ကာအုပ်စုအတွက် အနားယူချိန်လေးမှာ ကြည့်ရှုနိုင်ဖို့ ဇာတ်ကားကောင်းတချို့ မျှဝေပေးလိုက်ရပါတယ်ဗျ။  Titanic   ကြည်နူးဆွေးမြေ့စရာ ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပ‌ုဒ်ပေါ့ဗျာ။ ခုခေတ်စာအထာနဲ့ ရေးပြရရင် "အချစ်ဆိုတာ သူဘေးကင်း‌ေစဖို့ ကိုယ်က ရေခဲရေထဲ ဆင်းပြီး အသက်ပါ ပေးဆပ်တာမျိုး" ပေါ့ဗျာ။ 🤪 ဇာတ်လမ်းအပြီးကျ my heart will go on လေးကိုလည်း ခင်ဗျား ထဖွင့်ချင် ဖွင့်မိပါလိမ့်မယ်။ Bridge of spies  စစ်အေးကာလ ရုရှားနဲ့အမေရိကန်ရန်စောင်‌ချိန်ပေါ့ဗျာ။ အမေရိကန်မြေမှာ ဖမ်းမိခဲ့တဲ့ ရုရှားစပိုင်ကြီးကို သေဒဏ်မချစေဖို့ ခုခံ‌ေချပပေးခဲ့တဲ့ အမေရိကန်ရှေ့နေ့နဲ့ ရုရှားစပိုင်တို့ရဲ့ အကြောင်းပေါ့ဗျာ။ စစ်အေးကာလ အရှေ့ဂျာမနီ အနောက်ဂျာမနီ ဘာလင်တံတိုင်းဆောက်ကာစအခြေနေကို ခင်ဗျားမြင်ရမယ်။ နိုင်ငံရေးသဘောတရားဝချို့ တွေ့ရမယ်။ ဆုံးဖြတ်ချက် ယုံကြည်ချက်ခိုင်မာသူတွေအကြောင်း မြင်လာမယ်။ အဲ့ကားထဲက

New Year's Eve

Image
  8 Lovely Ideas for New Year's Eve ကိုယ့်လူတို့​​ရေ… အားလုံးသိကြတဲ့အတိုင်း ဒီညဆိုရင်ပဲ ကျ​နော်တို့ရဲ့ ဒီလို အဆိုးရွားဆုံးနှစ်ကြီးတစ်နှစ်ကုန်ပါ​တော့မယ်။ နှစ်​ဟောင်းနဲ့အတူ ရွံရှာစပ်ဆုတ်ဖွယ် လူယုတ်မာ​​တွေ ကျရှုံးပြီး အမျိုးမျိုး​သော အဆိုး​တွေ ​ပျောက်ကင်းသွားလို့ အမှန်တရားဟာ အနိုင်ရရှိပါ​​စေ။ ဒီလို ​နှစ်သစ်ကိုကြို​ပြီး ​ကောင်းစွာဖြတ်သန်းသင့်တဲ့ နေ့တစ်​နေ့ ဖြစ်တဲ့ Dec 31st- New Year's Eve အတွက် ကိုယ်တစ်​ယောက်တည်းဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်း​တွေနဲ့ ဖြစ်ဖြစ် အမှတ်တရ ​ဖြတ်သန်းနိုင်ဖို့ နည်း​လေး​တွေကို ​စုစည်​ပေးလိုက်ရပါတယ် 🤎 1. Click click click - Digital Strike မှာ အားတက်သ​ရောပါဝင်ပါ ​ပျော်တာလည်း ​ပျော်တာ တစ်ပိုင်းပါပဲ၊ ဒီ​တော်လှန်​ရေးမပြီးမချင်း၊ ဒီလူယုတ်မာ​တွေ မကျရှုံးမချင်း တ​ရေးနိုးထ​မေးရင်​တောင် ပထမဆုံးလုပ်ရမယ့်အရာက​တော့ ကလစ်ဖို့ပါပဲ။ ဒီ​တော့ ဒီ​နေ့အတွက်လည်း ကျန်တာ​တွေ ဘာပဲ လုပ်ဖို့စီစဥ်ထား၊ စီစဥ်ထားထား အရင်ဆုံးကလစ်ပြီးမှ ကျန်တာ​တွေကို ဆက်ကြပါမယ်။ Website ကိုလည်း ဝင်ကြည့်ပြီး Youtube channel က video ​တွေကိုလည်း Stream ​ပေးပါ 😚 Friends/ Family ​တွေနဲ့ အတူတူဖြတ်သန်းဖို့ Ideas မ

New Year Resolution

Image
  New Year Resolution ဒီနေ့ဟာ 2021 ရဲ့ နောက်ဆုံးနေ့ပါ။ ဟိုအရင်နှစ်တွေကတော့ New Year မှာ တချို့က မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ Celebrate လုပ်ကြတယ်၊ တချို့က ချစ်ရသူတွေနဲ့အတူတူ တချို့ကတော့ တစ်ယောက်ထဲ New Year ညကို အေးဆေးစွာဖြတ်သန်းကြပါတယ်။  ခရစ်ယာန်ဘာသာဝင်တွေဆိုရင်လည်း New Year မှာ ဝတ်ပြုဆုတောင်းခြင်း၊ အတူသီချင်းဆိုခြင်း၊ ချက်ပြုတ်စားသောက်ခြင်း စသည်ဖြင့် New Year ပွဲတော်ကို ဆင်နွဲလေ့ရှိကြပါတယ်။ ည 12:00 အတိမှာ Countdown ရေပြီး "Happy New Year"လို့ အော်ပြီး New Year ကို ကြိုဆိုနေကျပေါ့ခင်ဗျာ။ ဒီနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် New Year ပွဲတော်ကို အရင်လိုပျော်ရွှင်စွာမကျင်းပနိုင်ကြပါဘူး။ ဒီနှစ်မှာ တချို့မိသားစုတွေမစုံတော့ဘူး၊ တချို့မိသားစုတွေ တကွဲတပြားဖြစ်နေရတယ်၊ တချို့မိသားစုဝင်တွေ အချုပ်ထဲရောက်နေတယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း အရင်လို ပျော်ရွှင်စွာ "Happy New Year" လို့အော်ဖို့ အခွင့်အရေးမရှိပါဘူး။  ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။ New Year Resolution လေးတွေချရေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် အားပေးခြင်းပါ။  New Year Resolu

Beautiful Boy

Image
Beautiful Boy True story တစ်ခုဖြစ်ပြီး IMDb 7.3/10 ရရှိထားပါတယ်။ Director Felix van Groeningen ကရိုက်ကူးထားပြီး၊ Brad Pitt ကိုယ်တိုင် one of the producers အဖြစ် ပါဝင်ထုတ်လုပ်ဖန်တီးထားပါတယ်။ 2018 မှာထွက်ရှိခဲ့တဲ့ American biographical drama film တစ်ခုဖြစ်ပြီး awards ပေါင်းများစွာ nominations‌ ပေါင်းများစွာလည်း ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ "Beautiful Boy" ပါတဲ့။  သရုပ်ဆောင်တွေအနေနဲ့ "Call Me By Your Name"  ဆိုတဲ့ ဇာတ်ကားလေးကနေ တဟုန်ထိုးနာမည်ကျော်ကြားလာတဲ့ အမေရိကန် ပြင်သစ်ကပြားမင်းသားလေး Timothée Chalamet ၊ Actor, producer, writer, comedian, director စသဖြင့် အနုပညာပိုင်းဆိုင်ရာ စွယ်စုံရတဲ့ အမေရိကန်မင်းသားကြီး Steve Carell တို့က main roles အဖြစ် ပုံဖော်သရုပ်ဆောင်ထားပါတယ်။  "Beautiful Boy" ဆိုတဲ့ဇာတ်ကားလေးဟာ တကယ်တော့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုပါ။ တက်လမ်းတွေအများကြီးရှိနေတဲ့သားဖြစ်သူဟာ Meth လို့လူသိများတဲ့ Methamphetamine ခေါ် မူးယစ်ဆေးစွဲလန်းသွားတဲ့အခါ အဖေဖြစ်သူအနေနဲ့ သားကို မူးယစ်တွင်းကနေ ပြန်ကယ်ဆယ်ဖို့ကြိုးစားတဲ့အကြောင်းဖြစ်ပါတယ်။ သားဖြစ်သူရဲ့နာမည်ဟာ Nicolas

V's Birthday

Image
  ဒီနေ့ကတော့  BTS အဖွဲ့ဝင်  V ရဲ့ 26 နှစ်ပြည့် (korean age 27) မွေးနေ့လေးပဲဖြစ်ပါတယ်💞✨  "Happy Birthday Taehyungie "✨💕 V ရဲ့ နာမည်အရင်းကတော့ Kim Tae Hyung ဖြစ်ပြီး 1995 Dec 30မှာ Daegu ,South Korea မှာမွေးဖွားခဲ့ပါတယ်။ မိသားစုထဲ အကြီးဆုံးသား ဖြစ်ပြီး ညီလေးတစ်ယောက်နဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ လယ်သမားမိသားစုကနေမွေးဖွားလာခဲ့သူဖြစ်ပြီး အဆိုတော်ဖြစ်ဖို့ရည်ရွယ်ချက်က အ‌‌ခြေခံကျောင်းအဆင့်မှာပဲစတင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အားပေးမှုနဲ့ အလယ်တန်းနှစ်အစောပိုင်းကစပြီး saxophone lessons တွေကိုသင်ယူခဲ့ပါတယ်။ V ဟာ BigHit  audition သွားဖြေတဲ့ သူငယ်ချင်းကိုအဖော်လိုက်ပေးခဲ့ရင်း company တာဝန်ရှိသူတွေကသဘောကျ၍ audition ဖြေဖို့တိုက်တွန်းရာမှ ဝင်ဖြေကာ အောင်သွားခဲ့ပါတယ်။ pre debut ကာလမှာ V ကို အဖွဲ့ရဲ့ secret member အဖြစ်လျှို့ဝှက်ထားရှိကာ debut trailer video မှာမှပါဝင်ခဲ့ပါတယ်။  June 13,2013 မှာ  No more dream ဆိုတဲ့ debut song နဲ့ဖျော်ဖြေပြီး BTS member အဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။ composer အဖြစ်ပထမဆုံး credit ပေးခံရတာကတော့ The Most Beautiful Moment in Life,Part 1 ထဲမှာ co-wrote and co-produced လုပ်ခဲ့တ

Sad Ending Movies (Part 2)

Image
  Sad Ending Movies အပိုင်း 2 လာပါပြီ 📽️ Five Feet Apart 2019ခုနှစ်က ထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ cystic fibrosis ရှိတဲ့ ဆယ်ကျော်သက် လူငယ်နှစ်ယောက်ဟာ ဆေးရုံမှာ တွေ့ဆုံကြပြီး ချစ်ကြိုက်နေကြသော်လည်း သူတို့ရဲ့ရောဂါဟာ ရောဂါရှိသူအချင်းချင်း ၆ပေအကွာမှာသာ ရှိနေရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကို ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ချစ်ခြင်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ဦး ထိတွေ့မှုမရှိဘဲ ဘယ်လိုဆက်နေကြမလဲ၊ နေရောနေနိုင်ကြပါ့မလားဆိုတာ စိုးရိမ်ထိတ်လန့်စွာနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်♥️ 📽️ The Fault In Our Stars ဒီကားလေးက 2014ခုနှစ်က ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ Hazel Grace Lancaster ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး သူမရဲ့ ကင်ဆာရောဂါထောက်ပံ့ရေးအဖွဲ့မှ အလားတူ ကင်ဆာဝေဒနာရှင်ဖြစ်တဲ့ Gus Waters နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်မိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ စာအုပ်တွေကို ကြိုက်နှစ်သက်ကြပြီး တစ်နေ့မှာတော့ သီးသန့်စာရေးဆရာနဲ့တွေ့ဆုံဖို့ သူတို့ဟာ သူတို့ဘဝတိုတိုလေးရဲ့စွန့်စားခန်းကို စတင်ခဲ့ကြပါတော့တယ်။ ကင်ဆာရောဂါသည်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို ရိုက်ကူးပုံဖော်ပြထာ

Sad Ending Movies Part 1

Image
  ကြည့်ဖူးခဲ့တဲ့သူတိုင်းလိုလိုရဲ့ ရင်ထဲမှာ ကြေကွဲဝမ်းနည်းစွာ စွဲထင်ကျန်နေခဲ့မယ့် အနှစ်သာရတွေအပြည့်နဲ့ Moviesလေးတွေပဲ ဖြစ်ပါတယ်...❣️ 📽️ Titanic  ဒီကားကို မကြည့်ဖူးတဲ့သူ၊ မသိတဲ့သူ မရှိလောက်အောင်ကို အောင်မြင်ကျော်ကြားခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ 1912ခုနှစ်က ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြုပ်ခဲ့ရတဲ့ RSM Titanicသင်္ဘောဖြစ်ရပ်ပေါ်အခြေခံ၍ ရိုက်ကူးခဲ့ပြီး 1997ခုနှစ်က ထွက်ရှိခဲ့တဲ့ကားဖြစ်ပါတယ်။ အထက်တန်းလွှာမိသားစုက မွေးဖွားလာပြီး လက်ထပ်ဖို့အစီအစဥ်ချမှတ်ခံထားရတဲ့ Roseဆိုတဲ့ ကောင်မလေးနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပျော်ပါးပါးနေတတ်တဲ့ ပန်းချီဆရာကောင်လေး Jackတို့ကြားက Titanicသင်္ဘောကြီးပေါ်မှာ တွေ့ဆုံမိကြပြီး ပေါက်ဖွားလာခဲ့တဲ့ ချစ်ခြင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ကားဖြစ်တဲ့ကြောင့် Titanicသင်္ဘောကြီးရဲ့ အသွင်အပြင်၊ နစ်မြုပ်ခဲ့ရပုံ စတာတွေအပါအဝင် အခြားအခြားသော စိတ်ဝင်စားစရာတွေကို ကြည်ရှုခံစားကြရမှာဖြစ်ပါတယ်♥️ 📽️ Me Before You 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ Will Traynor ဆိုတဲ့ ချမ်းသာကြွယ်ဝတဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဟာ လွန်ခဲ့တဲ

About Coca Cola

Image
 ဒီနေ့မှာတော့ လူသိများတဲ့ coca cola ​အကြောင်းကို ကလစ်ကာတို့ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ Coca cola formulaကို1885ခုနှစ်မှာGeorgiaနိုင်Atalantaမှာရှိတဲ့pharmacistတ​ယောက်ဖြစ်တဲ့John Pembertonကရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်တယ်။ Coca leafက​နေရတဲ့ ကိုကိန်း(cocaine)နဲ့kola nutမှာပါတဲ့ ကဖင်း(caffine)ဓါတ်တို့အဓိကပါဝင်ပါတယ်။ အဲ့အတွက် caffine ဓာတ်နဲ့မတည့်တဲ့သူတွေတော့ နည်းနည်းသတိထားသင့်ပါတယ်။ Coca leaf က​နေ coca ဆိုတဲ့နာမည် kola nut က​နေ cola ​ဆိုတဲ့ နာမည် ၂ ခုပေါင်း coca cola ဆိုပြီး နာမည်ပေးခဲ့တာပါ။ လက်ရှိအချိန်မှာကိုကိန်း(cocaine)ဟာတရားမဝင်​ပေမယ့်အဲ့အချိန်ကကိုကိန်းပမာဏနည်း"ကအန္တရာယ်မရှိဘူးလို့ယူဆခဲ့ကြတယ်။​ ပြောချင်တာက အဲ့ချိန်က တရားဝင် (legal) ဖြစ်ခဲ့ပါတယ်။ coca colaကိုမူလကအ​သေးစားဖျားနာမှု​တေ​၊​ခေါင်းကိုက်တာ၊ပင်ပန်းနွမ်းနယ်တာ​တွေအတွက်ရည်ရွယ်ခဲ့​တယ်။သို့​သော် Atlantaမြို့ကAsa Candlerဆိုသူpharmacistတ​ယောက်ဟာCoca colaကိုJohn pembertonရဲ့သားCharley Pembertonဆီကဝယ်ယူခဲ့ပြီးCoca Cola companyတည်​ထောင်ခဲ့တယ်။ Asa Candlerဟာcokeကို​ဖျော်ရည်အဖြစ်​​ကြော်ငြာပြီးအ​မေရိကန်နိုင်ငံအဝှမ်း​မှာ​ရောင်းချနိုင်​အ

Yellow Parrot

Image
  Thank you 💗💗

Butterfly

Image
  လိပ်ပြာလုံဖို့ ကလစ်စို့.....

How to save mobile data

Image
  Mobile data နဲ့သုံးတဲ့ဖုန်းတွေမှာ Data စားသက်သာအောင် ဘယ်လိုလုပ်ကြမလဲ အခုဆိုရင် အားလုံးလည်းသိတဲ့အတိုင်း Mobile Data ဈေးတွေက ခေါင်ခိုက်နေပါတယ်။ အရင်လို မပူမပင်ရဘဲသုံးနေကျကနေ အခုလို‌ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ သုံးနေကျအရှိန်ကို ဘရိတ်အုပ်ဖို့မလွယ်လှပါဘူး။ သတင်းVideoလေးတွေတက်လာရင် ကြည့်ချင်တယ်၊ ဟာသလေးဆိုကြည့်ချင်တယ်၊ မင်းသားမင်းသမီးချောတဲ့ကြော်ငြာလေးဆို ကြည့်လိုက်မိပြန်တယ် စသည်ဖြင့်ပေါ့။ ပြီးမှ bill ပြန်စစ်ရင်း သွေးတက်ရတာမျိုးတွေ ကြုံဖူးမှာပါ။ တချို့လူတွေကတော့ data တစ်ထောင်ဖိုးဝယ်ပြီးရင် Entertainment အတွက်ထက် ကလစ်ဖို့ကို ဦးစားပေးကြတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဒေတာသက်သက်အောင် အသုံးပြုနည်းတွေမသိလေတော့ FB လေးခနလောက်ပွတ်လိုက်ပါဦးမယ်လေ ညမှ ကလစ်တော့မယ်ဆိုပြီး ကြံထားရာကနေ ခနချင်းပဲ ဝယ်ထားတဲ့ ဒေတာလေးပြောင်သွားလို့ ကလစ်တဲ့ဆီမရောက်လိုက်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်က မလိုအပ်ဘဲ ဒေ‌တာတွေမကုန်စေမယ့် ဒေတာခြွေတာရေးနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးပါဦး။ ၁။ ဖုန်းရဲ့ Setting ထဲက Background app တွေပိတ်ထားပါ။ ပုံမှန်ဆိုရင် ကျွန်တော်တို့က appတစ်ခုထဲဝင

Asthma- ပန်းနာရင်ကြပ်

Image
​ဆောင်းရာသီနဲ့ ပန်းနာရင်ကြပ် ပန်းနာရပ်ကြပ် ​ရောဂါ ဆိုတဲ့ စကားက မြန်မာပြည်က လူ​တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်  အရပ်​ခေါ် ပန်းနာ ရင်ကြပ်​ရောဂါ ၊ ​ဆေးပညာ အ​ခေါ်အ​ဝေါ်နဲ့ ​ပြောရမယ်ဆိုရင်​တော့ နာတာရှည် အဆုတ်​ရောင် ​ရောဂါ တစ်မျိုးပါပဲ ပန်းနာရင်ကြပ်(bronchial asthma) ဘာ​ကြောင့်ဖြစ်သလဲ? အရှင်းဆုံး​ပြောရရင် ဓါတ်မတည့်ခြင်း​(allergic reaction)ကြောင့်ပါပဲ။ ဘာ​တွေနဲ့ ဓါတ်မတည့်တာလဲ ဆို​တော့ 1.ပတ်ဝန်းကျင်​လေထုထဲမှာ ရှိတဲ့ ဖုန် ၊​ဆေးလိပ်​ငွေ့ 2.စက်ရုံ ၊ကား၊ဆိုင်ကယ်က​နေ ထွက်လာတဲ့ ဓါတ်​ငွေ့ 3.ပန်းဝတ်မှုန် 4.ပိုးသတ်​ဆေး ၊ ​ပေါင်း​သတ်​ဆေး 5.အိမ်​မွေး တိရစ္ဆန် ​တွေဖြစ်တဲ့ ​ကြောင်၊​ခွေး၊ပိုးဟပ်အစရှိတဲ့ allergens ​တွေ​ကြောင့်ပဲ ဖြစ်ပါတယ် အ​ပေါ်မှာ ​ပြောထားတဲ့ ဓါတ်မတည့်တဲ့အရာ​တွေကို ရှုသွင်းမိတဲ့အခါကျွန်​တော်တို့ ခန္ဓါကိုယ် က တုံ့ပြန်တဲ့ အ​နေနဲ့ ဒီအရာ​တွေကို ထပ်မရှုမိ​အောင် Histamine ဆိုတဲ့ transmittor တစ်မျိုးကို ထုတ်လိုက်ပါတယ် သူ့ရဲ့ ရည်ရွယ်ချက်က အသက်ရှုတဲ့ ​လေပြွန်​တွေကို  ကျဥ်း​စေ၊ အသက်ကို မြန်မြန်ရှုထုတ်​​စေပြီး ဓါတ်မတည့်တဲ့ အမှုန်အမွှား​တွေကို ပြန်ရှုထုတ်ဖို့၊ ​နောက်ထပ် မရှုမိ​စေဖို့ပါ  ဒါ​ပေမဲ့

No Fly Zone In Myanmar

Image
  #NoFlyZoneInMyanmar