Movies for last day of the year

 


ခုနေ့ဟာ တစ်နှစ်တာရဲ့ နောက်ဆုံးနေ့လေးပဲ ဖြစ်ပါတယ်။ ခုနေ့မှာ တချို့ကလည်း ဘော်ဒါတွေစုပြီး ပျော်ဖို့ပြင်ကြမယ်။ တချို့ကလည်း လျှောက်လည်ကြမယ်။ တချို့က အိမ်မှာပဲ နေပြီး တစ်ခုခု လုပ်နေကြမယ်။ 


ခုနေ့လို နေ့မှာလည်း ငါတို့က‌တော့ ရှယ်ကလစ်မှာပဲ ဆိုတဲ့ ကလစ်ကာအုပ်စုအတွက် အနားယူချိန်လေးမှာ ကြည့်ရှုနိုင်ဖို့ ဇာတ်ကားကောင်းတချို့ မျှဝေပေးလိုက်ရပါတယ်ဗျ။ 



Titanic 
ကြည်နူးဆွေးမြေ့စရာ ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပ‌ုဒ်ပေါ့ဗျာ။ ခုခေတ်စာအထာနဲ့ ရေးပြရရင် "အချစ်ဆိုတာ သူဘေးကင်း‌ေစဖို့ ကိုယ်က ရေခဲရေထဲ ဆင်းပြီး အသက်ပါ ပေးဆပ်တာမျိုး" ပေါ့ဗျာ။ 🤪
ဇာတ်လမ်းအပြီးကျ my heart will go on လေးကိုလည်း ခင်ဗျား ထဖွင့်ချင် ဖွင့်မိပါလိမ့်မယ်။



Bridge of spies 

စစ်အေးကာလ ရုရှားနဲ့အမေရိကန်ရန်စောင်‌ချိန်ပေါ့ဗျာ။ အမေရိကန်မြေမှာ ဖမ်းမိခဲ့တဲ့ ရုရှားစပိုင်ကြီးကို သေဒဏ်မချစေဖို့ ခုခံ‌ေချပပေးခဲ့တဲ့ အမေရိကန်ရှေ့နေ့နဲ့ ရုရှားစပိုင်တို့ရဲ့ အကြောင်းပေါ့ဗျာ။ စစ်အေးကာလ အရှေ့ဂျာမနီ အနောက်ဂျာမနီ ဘာလင်တံတိုင်းဆောက်ကာစအခြေနေကို ခင်ဗျားမြင်ရမယ်။ နိုင်ငံရေးသဘောတရားဝချို့ တွေ့ရမယ်။ ဆုံးဖြတ်ချက် ယုံကြည်ချက်ခိုင်မာသူတွေအကြောင်း မြင်လာမယ်။ အဲ့ကားထဲက tom hankလိုပဲ ကျနော်တို့ဟာလည်း မတရားမှုကို တော်လှန်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ခုချိန်ထိ တော်လှန်နေကြဆဲပဲမဟုတ်လားဗျာ။




Whisper of the heart 
Studio Ghibliရဲ့ လက်ရာကောင်းဇာတ်ကားတစ်ခုပေါ့။ ကျောင်းသားလူငယ်တွေကြားက chemistryကို တွေ့ရမယ်။ အချစ်အကြောင်းတွေလည်း ပါမယ်။ country roadကို ဗားရှင်းအသစ်နဲ့ နားထောင်ရမယ်။ ခုလိုညမ‌ျိုးမှာ ကြည့်ဖို့တန်တဲ့ ကားတစ်ကားပါပဲဗျာ။ 


Soul 
Pixar studio ဟာဆိုရင် သူ့ဇာတ်ကားတွေနဲ့ လူတွေရဲ့ နှလုံးသားကို ဖမ်းစားခဲ့တာ အကြိမ်ကြိမ်ပေါ့ဗျာ။ ငယ်ငယ်က toy story 1 2 3 , အချစ်ရဲ့ အိပ်မက်ကို တည်အောင်ကြိုးစားနေတဲ့ အဘ်ုးကြီးနဲ့ ကလေးလေးတို့ရဲ့ လေပေါ်ပျံအိမ် Up , remember me ဆိုတဲ့ COCO , ခံစားချက်တွေကို ကာရိုက်တာ‌ေတွနဲ့ ဖော်ထုတ်ပြခဲ့တဲ့ Inside out စသဖြင့်ပေါ့ဗျာ။ ခုကားမှာလည်း jazz သမား လူကြီးတစ်ယောက် သူ့ရဲ့အိပ်မက်နဲ့ နီးစပ်လာခါနီးကျမှ ခေါက်ခနဲ သေသွားတယ်။ သူ့အိပ်မက်ကို ရောက်လိုစိတ်နဲ့ ဝိဉာဉ်ဘဝနဲ့ လူ့ဖက်ကမ်းကို ပြန်လာဖို့ ကြိုးစားတယ်။ သူ့အိပ်မက် ဖြစ်ခွင့်ရမလားဆိုတာကို jazz သံစဉ်တွေနဲ့အတူ ကြည့်ရှုလိုက်ပါဗျာ။ jazz ဆိုတာမျိုးက သာမန်ချိန်မှာ တမျိုးနေပေမဲ့ အင်မတန်ငြိမ့်လို့ကောင်းတဲ့ အမျိုးအစားဗျ။ ခုကားကိုလည်း ကြိုက်ကြမယ်လို့ထင်ပါတယ်။ 


Forrest Gump 
ဒါကတော့ အားလုံးသိတဲ့ကားလေးပါပဲ။ လူတစ်ယောက်အကြောင်းပေါ့ဗျာ။ ဘယ်လိုလူလဲဆိုတာ မကြည့်ရသေးသူတွေ ကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းအပြီးမှာ ခင်ဗျားတစ်ခုခု ရမှာအသေအချာပါပဲ။ အဲ့တာက နောင်တမဟုတ်တာကိုလည်း ကျနော် ရဲရဲကြီး အာမခံပါတယ်။ 


A dog's purpose 2017 
ဒါကတော့ ဝုချစ်သူလေးတို့အတွက် must watch ကားလေးပါ။ ခုလိုညလေးမှာ ခွေးရှိရင် ခွေးကိုပိုက်ရင်း ဒီကားလေးကို ကြည့်လိုက်ပါ။ ပျော်ရွှင်ဝမ်းနည်းမှုအစုံကို ခင်ဗျား ခံစားရမှာပါ။



The prestige 2006 
Christopher Nolan ဟာ လူတွေကို အတော်လေး ခေါင်းစားအောင် လုပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ခင်ဗျား interstellar တို့ inception တို့ tenet တို့ ကြားဖူးမယ် ကြည့်ဖူးမယ်။ သူရိုက်တဲ့ batmanသုံးကားတွဲ the dark knight trilogyဟာဆိုရင်လည်း အတော်လေးကျော်ကြားတယ်။ ခုကားက christian bale ကို batman ပထမကားရိုက်အပြီး ထပ်ရိုက်တဲ့ ဇာတ်ကကားပေါ့ဗျာ။ ဇာတ်လမ်းကတော့ မျက်လှည့်ဆရာဘော်ဒါနှစ်ယောက်ကြားက အာဃာတတွေ ပြိုင်ဆိုင်မှုတွေ လှည့်ကွက်အကြီးစားတွေအကြောင်းပေါ့ဗျာ။ Christian Bale နဲ့အပြိုင် Hugh Jackmanကလည်း အကောင်းဆုံး လုပ်ဆောင်ပြသွားခဲ့ပါတယ်။ plot twist တွေမြင်ရင် ခင်ဗျားစိတ်ထဲ တစ်ခုခုတော့ ခံစားလာရမှာပါ။ 


3 idiots
နောက်ဆုံးပိတ်ကတော့ အားလုံးကြည့်ဖူးမယ့်ကားတစ်ကားပါပဲ။ တက္ကသိုလ်မှာ သူငယ်ချင်းသုံးယောက် ဗရုတ်ကျတာတွေ ကိုယ်စီဘဝတွေ အဆွေးအလွမ်းဇာတ်တွေ ပညာရေးစနစ်အကြောင်းတွေ မိသားစုအကြောင်းတွေ ဘော်ဒါတွေကြားက သံယောဇဉ်တွေ September 5ရက်နေ့ စတာတွေ အစုံပဲ။ ကုလားကားတွေ မကြိုက်ရင်တောင် ခုကားလေးတော့ ကြည့်ကြည့်လိုက်ပါ။ ခင်ဗျား သဘောကျသွားမယ်လို့ ပြောရဲပါတယ်။ 



အားလုံးပဲ တစ်နှစ်တာရဲ့ နောက်ဆုံးရက်လေးမှာ အဆင်ပြေအေးချမ်းကြပါစေလို့ တောင်းဆုပြုအပ်ပါတယ်။ 


Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment