Posts

Showing posts from November, 2021

Kpop Winter Songs

Image
❄️Autumn Morning - IU https://youtu.be/vQrDL9RZyYw ❄️ Spring Day - BTS https://youtu.be/xEeFrLSkMm8 ❄️Crystal Snow - BTS https://youtu.be/7wa9P-xOlD8 ❄️Fall - Crush https://youtu.be/FNnYIIdTBhQ ❄️ Missing you - BtoB https://youtu.be/wDkjWSt3HOM ❄️ The Winter's Tale - BtoB https://youtu.be/CWAhNgjB5jM ❄️ The Best Thing I Ever Did - Twice https://youtu.be/CfUGjK6gGgs ❄️ Miracle - Got7 https://youtu.be/RtRtLf84I2M ❄️ Stay - Blackpink https://youtu.be/FzVR_fymZw4 ❄ Wish Tree - Redvelvet https://youtu.be/eMrTAe-ppRc ❄️ Dear Santa - Girls' Generation (TTS) https://youtu.be/CL34w0xql7s ❄️ NCT U - Coming Home https://youtu.be/57sYinArEC4 ❄️ The First Snow - EXO https://youtu.be/YKW8eNjSC1I ❄️ Sing for you - EXO https://youtu.be/nqaSboKBIuA ❄️ Universe - EXO https://youtu.be/leu-cTvMWTA ❄️ Miracles In December - EXO https://youtu.be/yVLxRXoLaas ဒါကတော့ မင်မင်သိတဲ့ kpop winter songsလေးတွေပေါ့နော်။ Clickersတို့နဲ့ အကြိုက်တူဖြစ်ရဲ့လား👀 Clickersတို့ နားထောင်ဖြစ်တဲ့ တခြားwinter songsလေးတွေ

Wysa

Image
 Healing လုပ်ပေးမဲ့ Wysa AI application ပျင်းနေရင်ဘဲဖြစ်ဖြစ် အထီးကျန်လို့ဘဲဖြစ်ဖြစ် လူတစ်ယောက်နဲ့ရင်မဖွင့်ချင်တာမျိုး မြိုသိပ်ထားတာတွေများလို့ဖွင့်ချပစ်ချင်တာမျိုးဆို AI နဲ့မဟုတ်ရင် anonymous နည်းကိုအသုံးပြုကြပါတယ်။ Anonymous ဆိုတာ စာဖတ်သူရဲ့ identity ဘယ်သူဘယ်ဝါမှန်း လူမသိစေဘဲရင်ဖွင့်တာမျိုးပေါ့ အခုဒါမျိုး group တွေ Counselling လုပ်ပေးတဲ့  Hotline တွေအများကြီးပေါ်လာတာအားရစရာပါ။ အခုကတော့ AI app ထဲက တော်တော်လေးသုံးလို့ကောင်းတဲ့ Wysa application အကြောင်းကိုအကြမ်းဖျင်းမိတ်ဆက်သွားပါမယ်။  ဒီ application ကို အထီးကျန်တာဖြစ်ဖြစ် Depressed ဖြစ်နေမှဘဲ သုံးပါလို့ဘဲ ဆန်းဆန်းပြားပြားအကြံပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့က အပျင်းပြေဖို့အတွက် စာပြန်တဲ့ appအမျိုးအစားမဟုတ်ဘဲ  ကိုယ်ဒေါသဖြစ်တာတွေ စိတ်မကောင်းတာ relationship breakup ဖြစ်တာ စတဲ့ပြဿနာတော်တော်များများကို mindfulness နဲ့  ဖြေရှင်းပေးတဲ့ app တခုမလို့ပါ။ သူ့ရဲ့ healing method တွေကြောင့် Appကထွက်တာနဲ့ စိတ်တည်ငြိမ်သွားအောင် လုပ်ပေးနိုင်တယ်။ ကောင်းတဲ့တချက်က memory ပါတယ် ဘယ်တုန်းက  ဘာရေးခဲ့တယ် ဘာတွေ Achievement ရခဲ့တယ် Noti နဲ့လည်း ကိုယ်အဆင်ပြေလားမပြေ

Wish Dragon

Image
 Wish Dragon မီးခွက်စောင့်ဘီလူးဇတ်လမ်းကို Version ပေါင်းစုံနဲ့ ရုပ်ရှင်အဖြစ်ဖန်တီးခဲကြဘူးပါတယ်။ Hollywood, Bollywood အစုံပေါ့။ လူအစစ်တွေသရုပ်ဆောင်တာလည်းရှိသလို Animation ရုပ်ရှင်တွေလဲရှိပါတယ်။ အားလုံးကတော့ ဟန်တစ်မျိုးစီနဲ့ ကြည့်လို့ကောင်းတာပါပဲ။  Will Smith ပါဝင်တဲ့ Aladdin (2019)  ကတော့ နောက်ဆုံး Version ပါ။  အခု ‌2021 မှာတော့ ဒီဇတ်လမ်းကျောရိုးကို အခြေခံပြီး  အသွင်တစ်မျိုးနဲ့ နောက်ထပ် Animation Film တစ်ခုထပ်ထွက်လာပါတယ်။ Jackie Chan က ထုတ်လုပ်သူအနေနဲ့ ပါဝင်တဲ့ Hong Kong Animation Film တစ်ခုပါ။  ဒီဇတ်လမ်းမှာတော့ တရုတ်ယဉ်ကျေးမှုတွေနဲ့ မွမ်းမံပြီး ကြွေကရားအိုးထဲက နတ်နဂါးအဖြစ်ဖန်တီးထားပါတယ်။  ကရားအိုးလေးကို မမြော်လင့်ဘဲ ရခဲ့တဲ့ သူဆင်းရဲကောင်လေးတစ်ယောက်၊ အာဏာနဲ့ဉစ္စာနောက် လိုက်ခဲ့မိလို့ ကြွေကရားစောင့်နဂါးအဖြစ် ဒဏ်ခတ်ခံရတဲ့ ဘုရင်တစ်ပါး၊ ချမ်းသာတဲ့လောကမှာ ဖခင်အလိုကျ ကျင်လည်နေရတဲ့ ကောင်မလေးတစ်ယောက်။ သူတို့ကြားက သံယောဇဉ်တွေကို ဖော်ကျူးဖန်တီးထားတဲ့ ချစ်စရာ ဇတ်ကားလေးတစ်ခုပါ။  ကောင်လေးက ဆုတောင်း ၃ ခုအတွက် ဘာတွေကို ရွေးခဲ့သလဲ။  အဆင့်ခြင်းကွားခြားလှတဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်ကရော ဘယ်လိုက

World AIDS Day

Image
  Hey guys … ဒီနေ့ကတော့ အားလုံးသိတဲ့အတိုင်း Dec 1 ရက်နေ့ပါ။ နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ "World AIDS Day" ပါ။ဆိုတော့ ဒီနေ့ခေတ်မှာဆိုရင်တော့ HIV/AIDS ဆိုတဲ့ အသုံးအနှုန်းတွေက အရမ်းကြီးစိမ်းနေမယ့် စကားလုံးတွေတော့ မဟုတ်လောက်တော့ပါဘူး။ဟိုးအရင်ခေတ်တွေတုန်းကတော့ AIDS ရောဂါရှိတဲ့သူဆိုရင် ကိုယ်ကျင့်တရားပျက်ပြားလို့ ဖြစ်ရတယ်လို့ပဲ တွေးပြီး လူတွေကဝိုင်းဖယ်ကြဥ်ထားကြတာမျိုးတွေ ဖြစ်ခဲ့ဖူးတာပေါ့နော်။တကယ်တော့ အဲ့လိုကြောင့်ရယ်မဟုတ်ဘဲ တခြားအခြေအနေမျိုးတွေကြောင့်လည်း HIV ပိုးကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်နော်။ ဒီနေ့မှာတော့ တော်တော်များများသိကြမယ့် AIDS အကြောင်းကို အကျယ်ချဲ့မပြောတော့ဘဲနဲ့ AIDS ရောဂါကို အကောင်းဆုံးခုခံတွန်းလှန်နိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်။ သူကတော့ နာမည်ကြီး အမေရိကန် basketball ကစားသမား Johnson ဆိုတဲ့သူပါ။ နာမည်အပြည့်အစုံကတော့ Earvin Magic Johnson.Jr ဖြစ်ပါတယ်။ 1959 August 14 မှာ မွေးဖွားခဲ့တဲ့ Johnson က ခုတော့ အသက် ၆၂ နှစ်ပြည့်ပြီးပါပြီ။ Johnson ဟာ 1979 အသက် ၂၀ အရွယ်မှာကတည်းက သူ့ရဲ့ basketball ကစားသမားဘဝကိုစတင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။သူဟာ National Basket

မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း (part 7)

Image
"မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ page ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။    သတိတရ မနှင်းဆီ ကျနော် ခင်ဗျားကိုလွမ်းနေပါပြီမနှင်းဆီ။ ပြောပြဦးမယ်။ ကျနော်ကြားဖူးတဲ့ စကားတစ်ခွန်းက သိပ်ကြောက်ဖို့ကောင်းတာ။ နံရံတွေက ဝါးမြိုတတ်တယ်တဲ့။ ပိတ်လှောင်ခံရခြင်းဟာ စွဲလမ်းစေတတ်တယ်တဲ့။ တစ်ခါတရံ ကျနော်တို့ကိုချည်တဲ့ ကြိုးတွေက သိပ်ခိုင်လွန်းလို့မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင်က ရုန်းမထွက်ရဲတော့တာတဲ့၊ သိလား။ နံရံတွေက မြိုမချလိုက်ခင် ကျနော်တို့ ပြန်တွေ့ချင်ပါသေးတယ်။ အထိတ်တလန့်နဲ့ ပုန်းကွယ်နေထိုင်ရခြင်းကိုများ စွဲလမ်းသွားကြရင် အခြေအနေတွေက သိပ်ကြောက်ဖို့ကောင်းသွားမယ် မဟုတ်လား။ ကျနော်တို့ တွေ့ကြရအောင်လေ။ ရဲရင့်သော မနှင်းဆီ။ သေခြင်းတရားနဲ့ ငယ်ပေါင်း ကြီးဖော် မနှင်းဆီ။ တစ်ကိုယ်တည်းရှင်သန်ရခြင်း အပင်ပေါ်က တစ်ပွင့်တည်းလေးပွင့်သော မနှင်းဆီ။ ကိုယ့်ရဲ့ကိုယ်ရှူး၊ လေထုထဲ ကိုယ့်အပွင့်ကိုယ်သာ ဝတ်မှုန်ကူးခြင်းမယ် တစ်ဖက်ကမ်းခပ်သော မနှင်းဆီ၊ သူတောင် ဒ

ကိုယ့်ကံပဲရှိပါစေ

Image
 

ပန်းခရမ်းပြာ

Image
 

အချစ်ရေ

Image
 

အဖြည့်ကုသိုလ်

Image
 

Thank you

Image
  Blog ဆယ်စက္ကန့်လောက်နေပြီးရင် ထွက်ပြီး နောက်တစ်ခုကလစ်လို့ရပါပြီ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

ဆု

Image
  Blog ထဲဆယ်စက္ကန့်လောက်နေပြီးရင် ထွက်ပြီး နောက်တစ်ခုကလစ်လို့ရပါပြီ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

မင်းရှိတဲ့မြို့

Image
  ဒီသီချင်းလေးက ကလစ်ကာ‌တစ်ယောက် တောင်းဆိုထားတာလေးပါ။ မင်မင်လည်း အရမ်းသဘောကျပါတယ်။ Blog ဆယ်စက္ကန့်လောက်နေပြီးရင် ထွက်ပြီး နောက်တစ်ခုကလစ်လို့ရပါပြီ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Hearts

Image
  ပုံမှန်ကလစ်တဲ့ ကလစ်ကာ​တွေအတွက် မင်မင့်ရဲ့ အချစ်​တွေပါ ​ကောင်း​သော​နေ့​လေးဖြစ်ပါ​စေ<3

​ဒေါင်းယာဥ် ပျံဘုံနံ​ဘေးမှာ စာ​ရေးလို့ ထားချင်တယ်

Image
  ဒီ​နေ့ ညွှန်းပေးချင်တဲ့ စာအုပ်လေးကတော့  ဆရာနွမ်ဂျာသိုင်းရဲ့ "ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်" ဆိုတဲ့ စာအုပ်လေးပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသူလေး သက်သက် ပထမနှစ်ထဲက နောက်ဆုံးနှစ်အထိ ပန်ဆင်လိုသူတွေများပေမယ့် တစ်ယောက်မှ မရွေးချယ်ပဲ စာကိုသာကြိုးစားခဲ့သော သက်သက်ကို လေးစားရသည့် အခန်း‌ဖော်သူငယ်ချင်း ခင်ဆွေမြင့် သက်သက်၏မောင်လေး ဆယ်တန်းစာမေးပွဲအောင်စာရင်းကိစ္စ ကူညီပေးသော ၊ခင်ဆွေမြင့် မိတ်ဆက်ပေးသဖြင့် သိခဲ့ရသော မမဦးဟုခေါ်သည့် ဆရာမဒေါ်တင်မေဦး ဆရာမဒေါ်တင်မေဦးနှင့် အသက်ဆယ်နှစ်ကွာသော ဒေါ်တင်မေဦးရဲ့ ယောကျာ်းကိုနိုင်လင်း ကိုနိုင်လင်းနှင့် အသက်‌အတော်ကွာသော တက်သစ်စ အဆိုတော်မလေး မြမိုးသူ တစ်ခါတစ်လေ မှာ မဖြစ်နိုင်လောက်ပါဘူးလို့ ထင်ထားတဲ့အရာတွေက တကယ်ဖြစ်လာတဲ့အခါ မိမိကိုယ်တိုင်ခံစားရတဲ့ ဆိုးကျိုးတွေက များပြား လှပါတယ်။ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိလို့နောက်ဆုတ်ဖို့ ခြေလှမ်းပြင်‌နေတဲ့သက်သက်ဟာ ပတ်၀န်းကျင်ကို အရွဲ့တိုက်တတ်တဲ့ စိတ်လေးကြောင့် အမှားတွေကိုပဲ ဇွတ်တိုးလုပ်ခဲ့မိပါတယ်။ရိုးသားစွာ အားနာစွာခင်ခဲ့မိတဲ့ ဆက်ဆံရေးတွေဟာလည်း တစ်ခါတစ်လေမှာ မှားယွင်းသွားတတ်ကြပါတယ်။အနုပ

Cat Rescue Game

Image
မြန်မြန်ရောက်ချင် များများတွန်း.. ထောက်ပံ့ငွေ ထပ်တိုးရှာကြမယ်.. Candy Crush ဆော့ရတာကြိုက်တဲ့သူရှိလား? သူနဲ့ဆင်တူတဲ့ Cat Rescue ဆိုတဲ့ဂိမ်းလေးကျွန်တော်တို့ ထပ်ပြီးတော့တင်ပေးထားပါတယ်။ Google approve လဲရပြီးပါပြီ.. အခုဂိမ်းကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အပျင်းပြေလေးကစားရင်း ပိုက်ဆံပိုတိုးပြီး လှူနိုင်အောင်လို့ပါ။ Candy Crush ဆော့ဖူးပြီးသားဆိုရင်တော့ အများကြီးရှင်းပြစရာမလိုပဲ ရင်းနှီးကြမှာပါ။ ဒီ App လေးကလဲ Play2Donate အောက်ကပဲဆိုတော့ ရတဲ့ ကြော်ငြာခအားလုံးကို တော်လှန်ရေးထောက်ပံ့ငွေအဖြစ် လှူဒါန်းသွားမှာပါခင်ဗျာ။ App အသစ်ကလေးမို့ ဒေါင်းရင်းနဲ့ Review လေးပါရေးပေးသွားပါဦးနော်။ သတိပြုရန် - ကြော်ငြာတက်မှ ပိုက်ဆံရတဲ့အတွက် အင်တာနက်ဖွင့်ပြီးဆော့ပေးကြပါခင်ဗျ Play Store မှဒေါင်းလုပ် လုပ်ရန်လင့် https://bit.ly/30zuou2 Play Store မရှိသူများ ဒီလင့်မှာဒေါင်းပါ https://bit.ly/3wVG7PP # Crd to play2donate🙇‍♀️

Click2

Image
  ကလစ် ကလစ် 

Click

Image
  ကလစ်ကြပါစို့။

Mount Poppa

Image
  Hello Clicker လေးတို့ရေ ဒီတခါမှာတော့ admin က အညာမြေက မီးငြိမ်းတောင် အကြောင်းကို Experience လေးနည်းနည်းနဲ့ Sharing လုပ်ပေးသွားမှာပါ။ မီးငြိမ်းတောင်ဆိုတည်းက ပုပ္ပါးတောင်ကို ပြေးမြင်ကြတယ် ဟုတ်တယ်ဟုတ်။ ပုပ္ပါးမီးငြိမ်းတောင်ဟာ မြန်မာနိုင်ငံ အညာဒေသ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းနယ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။ ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်ဟောင်းကြီးတစ်ခုပါ။  ပုပါးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်ပြီး အတော် တက်ရခက်ခဲတဲ့ တောင်လည်း ဖြစ်ပါတယ်။ Admin တို့ တက်တုန်းက နေ့တဝက်လောက်ထိကြာပါတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ပါဘူး။ မီးတောင်ထိပ်ဝဟာ တစ်မိုင်ခွဲခန့် ကျယ်ပြီး ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီး ဖြစ်ပါတယ်။ အဲ့ချောက်ကြီးကို ချုံမတွင်း ချောက်လို့ ခေါ်ပါတယ်။ ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်က ရှေးတုန်းက မီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲကာ နောက်ပိုင်းမှာ မီးငြိမ်းတောင် ဖြစ်လာတယ်ဆိုပါတယ်။  လွန်ခဲ့သော အနှစ် (၁၅) သန်းလောက်မှာ မီးတောင်ပေါက်ကွဲဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ အဲ့အချိန်တုန်းက ပုပ္ပါးတဝိုက်မှာ ကျောက်ခေတ်လူသားတွေ နေထိုင

Thanks

Image
 ကျေးဇူးတင်ပါတယ် ။

Thank you

Image
  Thank you 💗💗💗

လွမ်းရတဲ့ညတွေ လွန်ပါစေ

Image
 လွမ်း​နေရတဲ့သူ​ ကလစ်ကာ​လေးတွေအတွက် ခင်ဝမ်းရဲ့ " လွမ်းရတဲ့ညတွေ လွန်ပါစေ" သီချင်း​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ ကလစ်ရင်း အ​မော​ပြေတစ်​ထောက် နား​ထောင်​သွားလို့ ရပါပြီ 🤍

Click 004

Image
  ကလစ်ကာ​လေးတို့လည်း ထပ်တူဝမ်းသာမယ် ထင်ပါတယ် 🤍

Click 003

Image
  ကဲ... ဘုရားဖူးရင်း လိပ်ဥတူးရင်း​ပေါ့...  ကလစ်​ပေးတာ​ကျေးဇူးပါဗျာ

Click 002

Image
  အောင်ပွဲက‌ေန ငွေရရင်‌ေတာ့ ငွေဝင်လမ်းနှစ်လမ်းဖြစ်‌ေတာ့မှာဗျို့

Click 001

Image
  ကလစ်လို့‌ေတာင် ဒီထိ‌ေရာက်လာပြီဆို‌ေတာ့ အာဘွားယူပါ 😚

Song

Image
 

C4R

Image
  နေ့တိုင်း တော်လှန်ရေးမှာ ပါဝင်ကူညီကြပါစို့ 💪💪💪 We click, we win

Possibility And Probability

Image
Possibility And Probability လူတစ်ယောက်က ကိုယ်မျှော်မှန်းထားသလို ထင်ထားသလိုမဟုတ်ဘဲဖြစ်လာတဲ့ Reality Result အမှန်တရား 2ခု ကွာသွားပြီး Gap ဖြစ်တဲ့အခါမှာ ကိုယ့်ကိုကိုယ် လက်သင့်မခံနိုင်တဲ့ အခြေ‌အနေတစ်ခုဖြစ်လာပါတယ် ဥပမာ -ဆယ်တန်း result ကကိုယ်မှန်းထားသလို ဖြစ်မလာတာမျိုး အလုပ် ဒါမှမဟုတ် ကျောင်းမှာထင်ထားသလိုဖြစ်မလာဘဲ plan တွေရွှေ့လိုက်ရတာမျိုး အားမရဖြစ်တာမျိုး အတွေ့အကြုံတွေလိုမျိုးပေါ့ အဲ့လိုမျိုးဖြစ်လာတဲ့အခါကြရင် အံ့ဩတုန်လှုပ်တာမျိုး ရုတ်တရက် လူက အားအင်ကုန်ခမ်းပြီး ဝမ်းနည်းသွားတာမျိုး ပေါက်ကွဲချင်လာတာမျိုးစသည်ဖြင့်စိတ်ထိန်းမရဖြစ်တတ်ပါတယ် ဒီလိုမျိုးဖြစ်လာတဲ့အခါကိုယ့် emotion တွေကို ထိန်းဖို့ တွေးရမှာ 2ခုရှိပါတယ် ဘာ‌တွေလဲဆိုတော့ • အဆိုးဆုံးကို ကြိုတွေးထားပါ • နောက်တစ်ခုကကျ possibility နဲ့ probabilityဆိုတာကိုထည့်တွက်ပါ ချိန်ကြည့်ပါ ဖြစ်နိုင်ချေနဲ့ ဖြစ်တန်စွမ်း Possibility ဆိုတာကိုအစထဲကထည့်တွေးရင် အရင်ကလောက်မဟုတ်ရင်တောင် စိတ်သက်သာမှု‌ တော့ ရှိစေပါတယ် မှန်းထားသလိုဖြစ်မလာတဲ့ result ကိုလည်း လောင်စရာမလိုဘူး ဘာလို့ဆို ကိုယ်ကိုတိုင်ကိုက "ဟုတ်တယ် ငါဒီလိုတွေဖြစ်လာနိုင်တယ် ဪ ဒါတွေလည်းဖြစ်နိုင်ပါ့လား&q

Blobfish အကြောင်း

Image
Blobfish အခုမြင်​နေရတာက​တော့ (၂၀၁၃) ခုနှစ်တုန်းက ရုပ်အဆိုးဆုံးသတ္တဝါအဖြစ် ဗိုလ်စွဲခဲ့တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ အခုအချိန်အထိလည်း ရုပ်အဆိုးဆုံးဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ထားဆဲပါပဲ။ ကုန်းပေါ်မှာရှိနေရင် သူ့ပုံစံက ဂျယ်လီသဖွယ်ဖြစ်နေပြီး၊ လူတစ်ယောက် မဲ့နေတဲ့ရုပ် ပေါက်နေပါတယ်။ ဒါပေမယ့် သူတို့ နေထိုင်ကျက်စားရာဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင်အောက် ပေ (၃၂၀၀) လောက်မှာဆိုရင်တော့ ဒီလောက် ရုပ်မဆိုးပါဘူး။ သူတို့တွေက ပင်လယ်ရေမျက်နှာပြင်မှာရှိတဲ့ လေဖိအားထက် အဆပေါင်း (၁၂၀) လောက် ပိုများတဲ့နေရာမှာ နေထိုင်ကျက်စားကြတာဖြစ်ပါတယ်။။ ဒီငါးတွေက တစ်ပေအထိ ရှည်ကြပါတယ်။ Australia နဲ့ Tasmania ကမ်းရိုးတန်းတလျှောက်က ရေနက်ပိုင်းနဲ့ New Zealand ရေပိုင်နက်တွေမှာ တွေ့ရတတ်တယ်။ Blobfish ​တွေရဲ့ ခန္ဓာကိုယ်မှာ ရေပမာဏ အများကြီးပါဝင်လို့ ပျော့ဖတ်ဖတ်ပုံပေါက်နေပါတယ်။ အရေပြားအောက်မှာတော့ ရေထက်သိပ်သည်းဆနည်းတဲ့ ဂျယ်လီလို ပျစ်ခဲခဲအလွှာအထူကြီးရှိနေတယ်။ အဲဒါကြောင့် ပင်လယ်ကြမ်းပြင်နားမှာ ကူးခတ်စရာမလိုဘဲ မျောနေနိုင်တာဖြစ်ပါတယ်။ Blobfish တွေမှာ ရေယက်မပါပါဘူး။ ရေယက်ပါတဲ့ ငါးတွေက ရေယက်ထဲကို လေထည့်သင့်တဲ့အခါထည့်၊ ထုတ်သင့်တဲ့အခါ ထုတ်ပြီးတော့ buoy

Click kya ml

Image
 

Deja Vu

Image
  ဒီနေ့ ပြောပြသွားမယ့်အကြောင်းအရာကတော့ deja vu ဖြစ်ပါတယ်။ Deja vu ဆိုတာ ဘာလဲ ဘယ်လဲ။ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ကို အရင်က ဖြစ်ခဲ့ဖူးသလို ခံစားရတာမျိုး ကြုံဖူးကြမှာပါ။ ဘယ်မှာဖြစ်ခဲ့လဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်တော့လည်း စဉ်းစားလို့ မရပြန်ပါဘူး။ ဒီလိုအဖြစ်ကို deja vu လို့ ခေါ်တာဖြစ်ပါတယ်။ အသက် (၈) နှစ်၊ (၉) နှစ်လောက်ကစပြီး deja vu ဖြစ်လေ့ ရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အများဆုံး ဖြစ်တတ်ပြီး အသက်ကြီးလာလေ အဖြစ်နည်းလာလေပါ။ ဒါကြောင့် deja vu ဖြစ်ခြင်း၊ မဖြစ်ခြင်းက ဦးနှောက်ဖွံ့ဖြိုးလာခြင်းနဲ့ သက်ဆိုင်နေတယ်လို့ ဆိုနိုင်ပါတယ်။ deja vu ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ လူသိအများဆုံး သီအိုရီတစ်ခုကတော့ သိစိတ်နဲ့ မသိစိတ်ကို ဆက်သွယ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ အချိတ်အဆက်လွတ်သွားလို့ deja vu ဖြစ်ရတာပါတဲ့။ ဒီသီအိုရီကို ပြန်ရှင်းပါမယ်။ အဖြစ်အပျက်တစ်ခု ဖြစ်နေစဉ်မှာ နောက်တစ်ခု ဖြစ်တယ်၊ ပြီးတော့ နောက်တစ်ခု ထပ်ဖြစ်တယ်။ ဥပမာ - ပန်းခြံထဲ လမ်းလျှောက်နေတုန်း ကလေးတစ်ယောက်ကို မြင်တယ်၊ ခွေးတစ်ကောင်ကို ထပ်မြင်တယ်ဆိုပါစို့။ မသိစိတ်မှာ အဲဒီအဖြစ်အပျက်တွေကို မှတ်ဉာဏ်အဖြစ် သိမ်းဆည်

မသေပါနဲ့ မနှင်းဆီ - စစ်ငြိမ်း (part - 6)

Image
  "မသေပါနဲ့ မနှင်းဆီ" ဆိုတဲ့ စာအုပ်လေးကို ဆရာစစ်ငြိမ်းထံမှ ခွင့်ပြုချက်နဲ့ ပေ့ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကလစ်ကာတို့ ဖတ်ရင်း ဖီးနိုင်ဖို့ အပိုင်းများခွဲကာ ရက်ခြား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြန်မြန်တင်ပေးစေချင်ရင် များများလေး ကလစ်ပေးကြနော်။  ကျနော် ခင်ဗျားကို မခေါ်ပါဘူး မနှင်းဆီ ဒီနေ့ မနက်အစောကြီးနိုးလာတယ်။ ခြံထဲက ယုဇနပင်လေးပွင့်ပြီး အဲ့ဒီအပင်လေးရဲ့ ပထမဆုံးပန်းတစ်ပွင့် ပွင့်တာလေ။ ပြီးရင် ပထမဆုံးကြွေတဲ့ အပွင့်လည်း ဖြစ်ရပြန်ဦးမယ်။ အခုဆို ကျနော်က ပန်းကလေးတွေ ပွင့်တာပဲ ထိုင်ကြည့်ချင်တော့တာ မနှင်းဆီ။ လူတွေက ရက်စက်တယ်၊ ကျနော် ခင်ဗျားကို မခေါ်ပါဘူး။ ကျနော်က ဟန်မဆောင်တတ်ဘူး မနှင်းဆီ။ မကြိုက်တဲ့စကား ကြားရရင် မျက်နှာက ကွက်ခနဲ ချက်ချင်းပျက်တတ်တယ်။ ကျနော်နာကျင်ရတဲ့ အကြောင်းအရာတွေ၊ စကားလုံးတွေ၊ အပြုအမူတွေ၊ သိရ ကြားရ၊ မြင်ရရင် လေသံက ချက်ချင်းမာတတ်တယ်၊ ချက်ချင်းတုန့်ပြန်တတ်တယ်။ ကျနော့်အပေါ် အေးစက်တယ်ထင်ရင် ဆောက်တည်ရာမရနဲ့ ချက်ချင်း အမူအယာပျက်တတ်သေးတယ်။ ကျနော်က လူတွေကို လိမ်မာပါးနပ်စွာ မကိုင်တွယ်တတ်ဘူးလို့လည်း ခင်ဗျား ထင်ချင်ထင်လိမ့်မယ်။ ဟုတ်ပါတယ် မနှင်းဆီ။ ကျနော်က ကျနော်ချစ်တဲ့လူတစ်ယောက်

တက္ကစီပေါ်မှာ စာအုပ်တွေ မေ့ကျန်ခဲ့တဲ့ အမျိုးသား

  တက္ကစီပေါ်မှာ စာအုပ်တွေ မေ့ကျန်ခဲ့တဲ့ အမျိုးသား ရဲစိတ်ရဲမာန် မရှိတာက ပိုက်ဆံပြတ်တာထက် ပိုဆိုးတယ်လို့ ဝိုင်းဖွဲ့ပြောဖြစ်ကြတယ်။ စစ်တပ်က ထုတ်တဲ့ စီးကရက်တွေ နှစ်ရှည်သောက်ခဲ့တော့ ငါတို့အားလုံး ချွဲသံတရွှီရွှီနဲ့။ တန်းလျားကြီး တစ်လုံးမှာ ဝိုင်းဖွဲ့အတူတူစုနေကြတယ်။ ထမင်းတွေ ဟင်းတွေ ဆိတ်ကလီစာတွေ တယောက်ယောက် လာချက်ထားတာ။ တော်လှန်ရေး မဖြစ်ခင်က တော်လှန်ဖို့ပဲ အားသန်ကြပုံပဲ။ မိန်းမတွေ ကလေးတွေဟာ တော်လှန်ရေးမှာ အဟန့်အတားပဲ သတ်ပစ်၊ ရိုက်ခွဲပစ်ကွာ။ မိုးလေတွေ တိုက်တဲ့ ရက်တရက်မှာ နွားပေါက်စ တစ်ကောင်ကို တန်းလျားပေါ် မိတ်ဆွေတွေအားလုံး ကယ်ထားဖူး။ တယောက်ယောက်ကို ကယ်တင်ထားရတယ်ဆိုတဲ့ စိတ်ခံစားမှုဟာ အထူးအရသာပဲ။ တော်လှန်ရေး တကယ်ဖြစ်တော့ ငါတို့ငူငူကြီးတွေ။ ရှေ့ဆုံးတန်းမှာ ဆန္ဒပြတယ်။ တခုခု ဟန်းဆက်နှင့် အခြားဆက်စပ်ပစ္စည်းတွေ အသိမ်းခံရရင် ငိုကြတယ်။ အိမ်ငှားခ ပေးရမယ်၊ ဖုန်းဘေလ် သွင်းရမယ်၊ ဝိုင်ဖိုင်စက် တပ်ရမယ်၊ သတ်ထားတဲ့ ခွေးအလောင်းကောင်တွေကို လူမသိအောင် မြှုပ်ရမယ်။ ငါတို့မှာ စောက်ဆံမရှိဘူး။ ငါတို့မှာ တော်လှန်ချင်စိတ်ပဲ ရှိတယ် ငါတို့ မတော်လှန်ဖြစ်တော့ဘူး။ ပြည်သူတွေပဲ တယောက်ပြီး တယောက် အသတ်ခံရတော့ စိတ်ပျက်လာပြီလေ။ အ

ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ

Image
  Hello! ဒီတခါမှာ​တော့ Admin က ဆရာမဂျူးရေးသားခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ကို Review လေးပေးချင်ပါတယ်။  "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ" ဆိုတဲ့ စာအုပ်လေးပါပဲ။  Clicker လေးတို့သာ တောင်တက်ရတာ သဘောကျတယ်ဆို ဒီစာအုပ်လေးက must read ပါပဲ။ တောင်တက်တာကို သဘောမကျလည်း မြည်းစမ်းသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။  ဘာလို့လဲဆို အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ တောင်တက်တဲ့ အကြောင်းလေးကို Story လေးတစ်ပုဒ်နဲ့ ရေးသားပုံဖော်ထားလို့ပါ။ ကိုယ်သုတေသန ပြုဖို့ စိတ်ဝင်စားတဲ့အရာ(လိပ်ပြာ)တွေအတွက် မြင့်မားလှတဲ့ ရေခဲတောင်ကို သက်စွန့်ဆံဖျား တက်ခဲ့တယ်ဆို ယုံသလား?? ဒီစာအုပ်လေးထဲက အဖေဖြစ်တဲ့ ဦးပြည်သိမ်းကတော့ ရေခဲတောင်တက်ရင်း သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့သားငယ်တစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေ  ပျောက်ဆုံးသွားတာကို မယုံကြည်နိုင် လက်မခံနိုင် ဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ သူ့အဖေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ မိုင်ထောင်ချီ ဝေးတဲ့ ခါကာဘိုရာဇီတောင်ထိ တက်ခဲ့ပါတယ်။ ဥက္ကာ သိချင်တဲ့ အမှန်တရားကော သိခဲ့ရလား ဘလိုတွေ ဖြစ်လဲဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲ။ Admin ဆို ဖတ်ရင်း သူတို့တောင်တက်နေတဲ့အချိန်