Mount Poppa

 Hello Clicker လေးတို့ရေ

ဒီတခါမှာတော့ admin က အညာမြေက မီးငြိမ်းတောင် အကြောင်းကို Experience လေးနည်းနည်းနဲ့ Sharing လုပ်ပေးသွားမှာပါ။




မီးငြိမ်းတောင်ဆိုတည်းက ပုပ္ပါးတောင်ကို ပြေးမြင်ကြတယ် ဟုတ်တယ်ဟုတ်။

ပုပ္ပါးမီးငြိမ်းတောင်ဟာ မြန်မာနိုင်ငံ အညာဒေသ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းနယ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။ ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက်နေတဲ့ မီးတောင်ဟောင်းကြီးတစ်ခုပါ။ 

ပုပါးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်ပြီး အတော် တက်ရခက်ခဲတဲ့ တောင်လည်း ဖြစ်ပါတယ်။ Admin တို့ တက်တုန်းက နေ့တဝက်လောက်ထိကြာပါတယ်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ပါဘူး။





မီးတောင်ထိပ်ဝဟာ တစ်မိုင်ခွဲခန့် ကျယ်ပြီး ပေ ၂၀ဝ၀၊ ၃၀ဝ၀ ခန့် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီး ဖြစ်ပါတယ်။ အဲ့ချောက်ကြီးကို ချုံမတွင်း ချောက်လို့ ခေါ်ပါတယ်။



ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပါးတောင်က ရှေးတုန်းက မီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲကာ နောက်ပိုင်းမှာ မီးငြိမ်းတောင် ဖြစ်လာတယ်ဆိုပါတယ်။ 

လွန်ခဲ့သော အနှစ် (၁၅) သန်းလောက်မှာ မီးတောင်ပေါက်ကွဲဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

အဲ့အချိန်တုန်းက ပုပ္ပါးတဝိုက်မှာ ကျောက်ခေတ်လူသားတွေ နေထိုင်နေပြီလို့ အမေရိကန်သိပ္ပံ ပညာရှင် တချို့က ဆိုကြပါတယ်။


မြန်မာ့သမိုင်းမှာတော့ ဘုရားသခင်  ငါးဝါအရမှာ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူကာ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မယ်လို့  ဗျာဒိတ်ထားခဲ့ပါတယ်။ ရာဇဝင်ဆရာကြီး ဦးကုလားရဲ့ မဟာရာဇဝင်ကြီးမှာ အပြည့်အစုံဖော်ပြထားပါတယ်။

ရာဇဝင်မှာ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဧရာဝတီ မြစ်ရိုး အလယ်မှာ အသံကြီးစွာ မြည်လျက် မြေငလျင်လှုပ်ခဲ့ခြင်း၊ 

ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာခြင်း၊ 

စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာခြင်း၊ 

ပုပ္ပါးတောင် မြေကထွက်လာခြင်း၊ 

သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားခြင်း စတဲ့ အံ့ဩဖွယ် အခြင်းအရာ ငါးရပ်ပေါ်ပေါက်ခဲ့ပါတယ်တဲ့။ ဗဟုသုတအနေနဲ့ ထည့်ပေးထားတာပါ။ 


မြန်မာ့ယဉ်ကျေးမှုအရ ပုပ္ပါးကို အစဉ်အလာကြီးတဲ့ နတ်တောင်လို့လည်း တလေးတစားပြုကြပါတယ်။ 

ဒါကြောင့် တချို့နေရာတွေမှာ နတ်နန်းတွေလည်း တွေ့ရတယ်လေ။ ပုပ္ပါးနတ်တောင်ရဲ့ ရာဇဝင် ဒဏ္ဍာရီကတော့ အရှည်ကြီးမို့ မပြောပြတော့ပါဘူး။

ဇာတ်လမ်းလေးက နှောင်းလူတွေအတွက်​ေတာ့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာပါပဲ။

စိတ်ဝင်စားရင်တော့ Wikipedia မှာ ဆက်လေ့လာနိုင်ပါတယ်။🤪






 ပုပ္ပါးတောင်ကလပ်က တောင်မကြီး မီးတောင်ပေါက်ကွဲရာကနေ ပဲ့ကျလာတဲ့ အစိတ်အပိုင်းတစ်ခုလို့လည်း ပြောပါတယ်။ မီးတောင်လည်တိုင်တစ်ခုလို့လည်း ယူဆကြပါတယ်။  တောင်ကလပ်ဟာ တောင်မကြီးလောက် မမြင့်ဘဲ လှေကားတွေဆောက်ပေးထားတဲ့အတွက် တက်ရတာ လွယ်ကူပါတယ်။ အသက်နည်းနည်းကြီးတဲ့သူတို့၊ အမောမခံနိုင်တဲ့ လူငယ်တို့တွေ Try ကြည့်သင့်တဲ့ တောင်ပေါ့နော်။

ဒီလိုမျောက်တွေနဲ့ လည်း သေချာမြင်တွေ့နိုင်ပါတယ်။ :3 




Admin တို့ငယ်ငယ် တောင်ကလပ်တက်တုန်းက တွေ့ရတဲ့မျောက်တွေဆို အတော်ဆိုးဆိုးပါ။ အကျင်္ီတွေဆွဲ၊ ပိုက်ဆံအိတ်တွေလုပြေးနဲ့ :3

ဒီမျောက်ပုံလေးတွေက​ေတာ့ ချစ်စရာလေးပါ။

တောင်မကြီးမှာလည်း မျောက်ရှိပေမဲ့ အပင်တွေကောများ View လည်း သိပ်မရှင်းတော့ တွေ့ရခဲတယ်လို့ထင်ပါတယ်။


ရွှေနှင့်ယိုးမှားလောက်အောင် လှတဲ့ စံကားဝါပန်းတွေ ပေါရာမြေ ပုပ္ပါးတောင်ကနေ စံကားဝါဖန်ပုလင်လေး​ေတွေကို အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်ယူလို့လည်းရပါတယ်။ 





တောင်မကြီးတက်မယ်ဆို အဓိကမှာချင်တာကတော့ Shoe ကောင်းကောင်း စီးသွားဖို့ပါပဲ။ ဘသူမှတော့ Shoe စီးပြီးဆို ခြေအိတ်မပါဘဲ မစီးလောက်ကြပါဘူး။ Admin တစ်ယောက်ပဲ ခြေအိတ်မပါဘဲ စီးခဲ့တာပါ။🤣

ခြေထောက်တွေ ပေါက်တတ်လို့ ရိုးရိုး ခြေညှပ်ဖိနပ်ဆို သိပ်အဆင်မပြေပါဘူး။ ဆိုတော့ တက်မယ်ဆို သေချာပြင်ဆင်သွားကြပါ hee။ အော် တက်ရတာ ပင်ပန်း ဗိုက်ဆာ ရေငတ်နဲ့ဆိုတော့ အစားအစာနဲ့ ရေဘူးလေးလည်း ယူသွားကြပါ။ ကျောပိုးအိတ်ကလည်း ကြာလေ လေးမှာဖြစ်လို့ ဗိုက်ပြည့်လောက်မဲ့ ပေါင်မုန့် ကိတ်မုန့် ဘာညာ အဓိက ယူပေါ့။ ကျန်တာကတော့ အဆင်ပြေတာ ကိုယ်လိုတာလေးတွေ ကြည့်ကြပ် ထည့်သွားကြပါရှင်။ ဖုန်းကတော့ မပါမဖြစ်နော် ချစ်တို့ ><



ပုပ္ပါးတောင်မကြီးကတော့ Clickers လေးတို့ တက်ခွင့်သာကြုံမယ်ဆို ထိပ်ဆုံးထိ ရောက်အောင်တက်ခဲ့ပါလို့ အကြံပေးချင်ပါတယ်။ နောင်တစ်ချိန်မှာ ငယ်ဘဝ Memories တွေပြန်ပြောဖြစ်ခဲ့ကြရင် "ငါ တောင်မကြီးကို တက်နိုင်ခဲ့တယ်ကွ" ဆိုပြီး ဂုဏ်ဆာလို့ရပါတယ်။ :3

တောင်ထိပ်ကိုရောက်ရင် ဘာတွေ့ရမှာလဲဆို အင်မတန်လှတဲ့၊ ပင်ပန်းမှုတွေ ပြေပျောက်စေမဲ့ View ကို တွေ့ရမှာဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင်​ေတာ့ မြူနှင်းတွေပါ ဆိုင်းနေမှာဆိုတော့ အတော်လေးကို ရင်သပ်ရှုမောဖွယ်ဖြစ်မှာ အမှန်ပါပဲ။ 





အားလုံးကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပုပ္ပါးတောင်မကြီးကို ထိပ်ဆုံးထိ ပျော်ပျော်တက်နိုင်အောင် အားလုံးပဲ အားတင်းထားကြပါ။ 





Comments

  1. တောင်မကြီး မတက်ဖူးသေးဘူး
    အရေးတော်ပုံကြီး အောင်မြင်ပြီးရင် try ကြည့်ဦးမယ်

    ReplyDelete
  2. မရောက်ဖူးဘူး

    ReplyDelete
  3. Click တစ်ခုချင်းကနေ အောင်ပွဲတွေရရှိပါစေ

    ReplyDelete
  4. ဆန္ဒဝတော ~~~ ဆန္ဒ၏ အစွမ်းကြီးမှုကြောင့်၊

    ကိံ နာမ ကမ္မံ ~~~ အဘယ်သို့သော အမှုလုပ်ငန်းကိစ္စမည်သည်၊

    န သိဇ္ဈတိ ~~~ မပြီး၍ မရှိနိုင်

    ReplyDelete

Post a Comment