Posts

Showing posts from March, 2022

The Anatomy Lesson of Dr.Nicolaes Tulp (Rembrandt)

Image
 The Anatomy Lesson of Dr. Nicolaes Tulp (Rembrandt) Dr. Nocolaes Tulp ဟာ Dutch လူမျိုး Surgeon တစ်ဦးဖြစ်ပါတယ်။ သူက အခြား ဆရာဝန်တွေကို လူရဲ့ကြွက်သားဖွဲ့စည်းပုံအကြောင်း ခန္ဓာဗေဒဆိုင်ရာအကြောင်းအရာတွေကို ရှင်းပြနေတဲ့မြင်ကွင်းကို Dutch ပန်းချီဆရာ Rembrandt (1606-1669) မှတ်တမ်းတင်ရေးဆွဲထားတာပါ။ ဒီပန်းချီကားကို 1632 ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး 85"×66" ရှိတဲ့ Real size ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။  ခန္ဓာဗေဒ လက်ချာကို Theater ထဲမှာပြုလုပ်နေတာဖြစ်ပြီး 17 ရာစုကာလတွေမှာတော့ ဒီလို လက်ချာတွေဟာ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် Social event တွေဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက Dutch Surgeon များအသင်းဟာ 5 နှစ်တစ်ကြိမ်ခန့် မှတ်တမ်းပန်းချီရေးဆွဲဖို့ စီစဉ်လေ့ရှိပါတယ်။ 1632 ခုနှစ်အတွက်တော့ Rembrandt ကိုအပ်ခဲ့တာပါ။ အဲဒီအချိန်မှာ Rembrandt ဟာ 26 နှစ်ပဲရှိပါသေးတယ်။  ပန်းချီကားထဲကပုဂ္ဂိုလ်များဟာ ဒီလိုမှတ်တမ်းပန်းချီကားထဲမှာပါဝင်ခွင့်ရဖို့ အသင်းကို အခကြေးငွေပေးဆောင်ရတယ်လို့ဆိုပါတယ်။ Dr Tulp ရဲ့ ပေးသွင်းရငွေက အခြားသူ‌တွေထက် ပိုများတယ်လို့လဲဆိုပါတယ်။ ပုံထဲမှာပါတဲ့ ခန္ဓာကိုယ်ကတော့ လက်ချာမတိုင်မီကမှ လောလောလတ်

Vocab 35

  Click and Learn (Vocabulary) Part – 35 Ostracize - / ˈɒstrəsʌɪz / - Verb ကဲ ဒီနေ့တော့ Non CDM တွေ စခတွေ ဘောမတွေကို ကျွန်တော်တို့လုပ်သင့်တဲ့ လုပ်လည်းလုပ်နေတဲ့ (အားမနာတမ်းပြောရရင် လုပ်သာလုပ်နေပမဲ့ မထိရောက်တဲ့ကိစ္စဗျ 😢😢 )။ Social Punishment လုပ်သလို အသိုင်းအဝိုင်းတစ်ခုကနေ ဖယ်ထုတ်လိုက် ကြဉ်ပစ်လိုက်တဲ့ လုပ်ရပ်မျိုးကို Ostracize လုပ်တယ်လို့ ခေါ်ပါတယ်။ ရှေးခေတ်ဂရိအသုံးအနှုန်းအရတော့ နယ်နှင်ဒဏ်/ပြည်နှင်ဒဏ်ပေးတာကို သုံးခဲ့ပါသတဲ့။ English – exclude from a society or group. ( in ancient Greece) banish (an unpopular or overly powerful citizen) from a city for five or ten years by popular vote. မြန်မာ - လူ့အသိုင်းမှ ဖယ်ကြဉ်သည် ၊ လူထုဆန္ဒ/အများဆန္ဒဖြင့် ပြည်နှင်ဒဏ်/နယ်နှင်ဒဏ်ပေးသည် တဲ့။ ဥပမာ We must ostracize non-CDM traitors. CDM မလုပ်တဲ့ Non သစ္စာဖောက်တွေကို ကြဉ်ဖယ်ထားရမှာပါ။ She was declared a witch and ostracized by the villagers. သူ့ကို စုန်းမလို့သမုတ်ပြီး ရွာသားတွေက ဖယ်ကြဉ်နှင်ထုတ်လိုက်ကြပါတယ်။ Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို

Vocab 34

  Click and Learn (Vocabulary) Part – 34 Factoid - / ˈ fakt ɔɪ d / - Noun ဒီနေ့လည်း အဓိပ္ပာယ်နှစ်ခွထွက်တဲ့ နောက်ထပ်စာလုံးလေးတစ်လုံးကို လေ့လာကြရအောင်ပါ။ သိပ်အရေးမကြီးလှတဲ့ အကျဉ်းချုပ်အချက်အလက်လေးတွေလို့လည်း သုံးသလို တကယ့်လက်တွေ့မှာ မမှန်ပေမဲ့ လူတွေအပြောများလို့ တကယ်လိုထင်လာပြီး အမှန်လိုဖြစ်လာတဲ့ကိစ္စမျိုးတွေကို ရည်ညွှန်းဖို့လည်း သုံးလို့ရပါတယ်။ (ဥပမာ ဖြူဖြူထွေးကို အနုပညာရှင်လို့ ရေးကြရင်း မီဒီယာတွေမှာကအစ အနုပညာရှင်လို့ ဖော်ပြလာကြသလိုမျိုးကိစ္စပေါ့လေ) English – a brief or trivial item of news or information. Or an item of unreliable information that is reported and repeated so often that it becomes accepted as fact. မြန်မာ - အကျဉ်းချုပ် (သို့) ပုံမှန် သတင်းအချက်အလက် ၊ အမှန်မဟုတ်သော်လည်း သုံးဖန်များကြားဖန်များ၍ အမှန်ကဲ့သို့လက်ခံလာကြသော အချက်အလက် လို့ပြောလို့ရပါတယ်။ A brief or trivial item of news or information ဆိုတဲ့ အဓိပ္ပာယ်က မြောက်အမေရိကဘက်မှာ ပိုသုံးကြပါသတဲ့။ ဥပမာ On the back of this note, there is a chart showing the general statistics with one or two factoids about our income. ဒီမ

Vocab 33

  Click and Learn (Vocabulary) Part – 33 Career- / kəˈrɪə /- Noun/Verb ဟာ ဒီကောင်တော့ ရေးစရာမရှိတော့လို့ ဂျင်းပြီ။ Career ဆိုတာ ကလေးကအစသိတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကိုပြောတာဆိုတာ သူငယ်တန်းကလေးသွားမေးတောင် သိသေး လို့ ထင်နေပြီလား။ ဟီးဟီး။ ဒီနေ့ မိတ်ဆက်ပေးချင်တာ သူ့ရဲ့ တြိယာအနေနဲ့သုံးတဲ့ အသုံးလေးပါ။ ကျွန်တော်တို့က နာမ်အဖြစ် အလုပ်အကိုင်လို့သိထားတာများပေမဲ့ တြိယာအနေနဲ့ အထိန်းအကွပ်မဲ့လှုပ်ရှားသည် အမြန်သွားသည်ဆိုတဲ့ တြိယာအသုံးလေးနဲ့ မိတ်ဆက်ပေးပါမယ်။ English - an occupation undertaken for a significant period of a person's life and with opportunities for progress. (Noun)     - move swiftly and in an uncontrolled way or to go at top speed in a headlong manner (verb) မြန်မာ - နာမ်ကိုတော့ ဘာသာပြန်မပေးတော့ဘူးနော်။ တြိယာအနေနဲ့က အထိန်းအကွပ်မဲ့ အရှိန်ဖြင့်သွားသည် ဒါမှမဟုတ် ခေါင်းတည်၍/ဦးစိုက်၍အမြန်သွားသည် သို့ ပြောလို့ရပါတယ်။ အပိုအနေနဲ့ တစ်တွဲထဲမိတ်ဆက်ပေးရရင် In full career သို့မဟုတ် at full career လို့ အတွဲလိုက်သုံးတတ်ပါသတဲ့။ ဥပမာ The trumpets sounded, and the knights charged each other

Vocab 32

  Click and Learn (Vocabulary) Part – 32 Myopic - / mʌɪˈɒpɪk /- Adjective ဒီနေ့တော့ နှစ်မျိုးသုံးလို့ရတဲ့ နာမဝိသေသနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ တကယ့်ကို မျက်စိမှုန်လို့ အဝေးကိုမမြင်ရတဲ့ အဝေးမှုန်လူတွေကို ရည်ညွှန်းဖို့သုံးလို့ရသလို ရေရှည်ကိုမကြည့်တတ်ဘဲ ရေတိုအသိနဲ့ အမြင်ကျဉ်းတာကိုဖော်ပြဖို့လဲသုံးလို့ရတဲ့ Adjective လေးပါ။ English – short-sighted or lacking foresight or intellectual insight မြန်မာ - အဝေးမှုန်သော သို့မဟုတ် အမြင်ကျဉ်းမြောင်းသော လို့ပြောလို့ရပါတယ်။ ဥပမာ- Most myopic children can be fitted with glasses to correct their vision. အဝေးမှုန်တဲ့ ကလေးတွေကို မျက်မှန်တပ်ပေးပြီး အမြင်ပြန်အဆင်ပြေအောင် လုပ်လို့ရပါတယ်။ Mayor’s bicycle cup on 2:00PM Feb 1 against the silent strike is really a myopic move. အသံတိတ်သပိတ်ကို ကဖျက်ယဖျက်လုပ်ဖို့ ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၂ နာရီမှာလုပ်မဲ့ မြို့တော်ဝန်ဖလားစက်ဘီးပြိင်ပွဲအစီအစဉ်ဟာ အတော်အမြင်ကျဉ်းတဲ့လုပ်ရပ်ပေါ့ဗျာ။ derring Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပ

Vocab 31

  Click and Learn (Vocabulary) Part 31 Ziggurat - / ˈzɪɡʊrat /- Noun 31 st day ဆိုတာ တစ်လရှိပြီပေါ့လေ။ တစ်နေ့ တစ်လုံးနဲ့ တစ်ဆင့်ချင်းလာလိုက်တာ vocab 31 လုံး ရသွားပြီ........... လို့.....ထင်လား 🤣🤣 ခင်ဗျားတို့တော့မသိ။ ကျွန်တော်တော့ ပြန်ကြည့်လိုက် မေ့လိုက် သတိမရလိုက်နဲ့ vocab တွေ dictionary ထဲပြန်ကုန်ပြီ။ ကောင်းပါတယ်.. တော်နေကြာ dictionary ထဲက စာလုံးတွေအကုန် ကျွန်တော့်ဦးနှောက်ထဲရောက်နေရင် ခင်ဗျားတို့အတွက်မကျန်မှာစိုးတော့ အနစ်နာခံပြီး မေ့ပေးလိုက်ပါ့မယ်လေ ဟိဟိ။ စတာပါ... ဒီနေ့စကားလုံးလေးက ရှေးဟောင်းကျောင်းဆောင်တွေ အထူးသဖြင့် လှေကားအဆင့်ဆင့် အထပ်အဆင့်ဆင့်နဲ့ ခမ်းခမ်းနားနားဆောက်ထားတဲ့ မက်ဆိုပိုတေးမီးယန်းခေတ်က နတ်နန်းတွေ ကျောင်းဆောင်တွေကို ခေါ်တဲ့စကား။ အခုခေတ်မှာတော့ အခုလို တစ်ခုချင်း တစ်ဆင့်ချင်း step by step လေ့လာရတဲ့ အဆင့်အထပ်ထပ်နဲ့ကိစ္စတွေကို တင်စားတဲ့စကားလုံးအဖြစ်လည်း သုံးကြရဲ့။ English – (in ancient Mesopotamia) a rectangular stepped tower, sometimes surmounted by a temple. Ziggurats are first attested in the late 3rd millennium BC and probably inspired the biblical story of the Towe

Vocab 30

  Click and Learn (Vocabulary) Part 30 Bamboozle- / bam ˈ bu ː z( ə )l / - Verb ဟေ့လူတွေ.. သေချာဖတ် Bumblebee မဟုတ်ဘူး Transformer နဲ့မမှားနဲ့ 😒 လိမ်တယ် ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်ဆိုတဲ့သီချင်းထဲကလို လူတစ်ယောက်ယုံအောင် လိမ်တာ လှည့်စားတာကို Bamboozle လို့ သုံးပါသတဲ့။ trick deceive နဲ့ ပုံစံတူပါပဲ။ အသုံးနောက်တစ်မျိုးပေါ့လေ။ English – to deceive, trick or confuse/ cheat or fool မြန်မာပြန် - လိမ်ညာသည်၊ လှည့်စားသည်၊ အရူးလုပ်သည် ။ ဂျင်းထဲ့သည်လို့လဲ ပြောလို့ရပါတယ်။ ဥပမာ - I got bamboozled by the salesperson to buy a more expensive model. ငါကို စျေးပိုကြီးတဲ့ ပစ္စည်းဝယ်မိအောင် အရောင်းသမားက ဂျင်းထဲ့သွားသဟေ့။ The quarterback was bamboozled by an unexpected defense. တိုက်စစ်မှူးကြီးတစ်ယောက် ထင်မှတ်မထားတဲ့ နောက်တန်းခုခံမှုနဲ့ အရူးလုပ်ခံလိုက်ရလေရဲ့။ ကိုယ့်တွေလည်း စခတွေကို Bamboozle လုပ်ဖို့ ပါးပါးနပ်နပ်နဲ့ မပြောသင့် မရှဲသင့်တဲ့သတင်းတွေကို သတိထားကြပါဦးဗျို့။ Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါ

Vocab 29

  Click and Learn (Vocabulary) Part 29 Quip - / kwɪp / - Noun/Verb ကျွန်တော်တို့တွေ ကိစ္စတစ်ခုခုကို ရီစရာရှုထောင့်တစ်ခုခုကနေကြည့်ပြီး ပြောတာမျိုးကို အသောအနှောလေးတွေနဲ့ ပြောတယ်လို့ သုံးလေ့ရှိတယ်မို့လား။ ဥပမာ “ငါမနက်တုန်းက ငှက်ပျောသီးနင်းမိတာကွာ။ လျှောကနဲချော်လဲတာ စကိတ်စီးသွားတာကျနေတာပဲ” ဆိုတာမျိုး ကိစ္စတစ်ခုခုကို ဟာသဘက်ကနေကြည့်ပြီး ပြောဆိုတာ မှတ်ချက်ပေးတာ အသောအနှောလေးတွေထဲ့တာမျိုးကို English လို ဘယ်လိုခေါ်လဲသိလား။ English Meaning – a clever/witty/funny observation or response or remark (Noun) Make a witty remark မြန်မာပြန် - အသောအနှော/ဟာသစွက်၍ပြောဆိုသောစကား (နာမ်) သို့မဟုတ် ဟာသစွက်၍ ပြောဆိုသည်။ ဥပမာ -  We traded quips over a beer. ငါတို့တွေ ဘီယာသောက်ရင်း ရယ်စရာမောစရာလေးတွေ ပြောဖြစ်ခဲ့ကြတယ်။ “Flattery will get you nowhere”, she quipped. ရှက်နေလို့တော့ ဘာမှဖြစ်မလာဘူးနော်လို့ သူမ ဟာသဖောက်လိုက်တယ်။ ကဲ.. စိတ်ညစ်စရာတွေကြား Click လိုက် quip လိုက်နဲ့ တော်လှန်ရေးလုပ်ကြတာပေါ့ဗျာ 😁😁 Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရ

Vocab 28

  Click and Learn (Vocabulary) Part – 28 Intemperate - / ɪ n ˈ t ɛ mp( ə )r ə t/ - Adjective နောက်ထပ် personality ကိုပြတဲ့ adjective လေးတစ်ခုပါ။ out of control ဖြစ်ပြီး ဒေါသတွေထွက် တရှူး ရှူး တရှဲရှဲ ဒေါသထွက်တဲ့ အမူအယာမျိုးကို ဖော်ညွှန်းတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် သိပ်ပြင်းထန်လွန်းတဲ့ ရာသီဥတုမျိုးကို ညွှန်းဆိုတဲ့အခါလည်း သုံးကြတဲ့ adjective လေးပါ။ English – having or showing a lack of emotional calmness or self-control; immoderate/ Having extreme conditions မြန်မာ - ထိန်းမနိုင် သိမ်းမရ ပြုမူသော ၊ ထိန်းသိမ်းရခက်ခဲသော ၊ အလွန်ပြင်းထန်သော ဥပမာ We cannot survive in that intemperate climates of the moon. လပေါ်က သိပ်ပြင်းထန်တဲ့ရာသီဥတုမှာ ငါတို့ရှင်သန်ဖို့မဖြစ်နိုင်ဘူး။ She apologized for her intemperate rant against me. သူမ ထိန်းမနိုင်သိမ်းမရ ပြောဆိုသောင်းကျန်းခဲ့တာအတွက် ကျွန်တော့်ကို လာတောင်းပန်သွားပါတယ်။ Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေးတာမို့ အမှားပါခဲ့ရင် ပြုပြင်ပေးခဲ့ကြပါဗျာ။ LWINT

Coconut water

Image
အုန်းရည်သောက်တာ ကောင်းလား? အုန်းရည်ကြည်ကြည်လေးဟာ မောပန်းနေချိန် နုံးနေချိန်မှာ သောက်ရင် ချက်ချင်း လန်းဆန်းသွားစေပါတယ်။ ဒီလို ဖြစ်တာဟာ အုန်းရည်မှာ ဘာဓာတ်တွေ ပါလို့လဲ? လေ့လာကြည့်ရအောင်... အုန်းရည်မှာ ဘာဓာတ်တွေ ပါဝင်လဲ ❓ 🧉​ရေဓါတ် အုန်းရည်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်ဆားနှင့် ရေဓာတ်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်  ဒါ့အပြင်ကယ်လိုရီဓာတ်ပါဝင်မှုနှုန်းလည်း အလွန်နည်းတာကြောင့် သဘာဝရဲ့ အားဖြည့် အချိုရည်လို့ တင်စားရလောက်အောင် အကျိုးထူးလှပါတယ် အားဖြည့်အချိုရည်တွေဟာ သကြားဓာတ်နဲ့ ဓာတု ပစ္စည်းတွေနဲ့ အရသာ ထပ်မံဖြည့်စွက်ထားတာကြောင့် ပြင်းပြင်းထန်ထန် အားကစားလုပ်ပြီးလို့ ဖြစ်စေ/ချွေးထွက်များလို့ နုံးချိနေလျှင် သဘာဝ မှရတဲ့ အုန်းရည်ကို အစားထိုး သောက်သုံးသင့်ပါတယ် 🧉 Electrolytes ဆိုဒီယမ် နှင့် ပိုတက်ဆီယမ်ဆိုတဲ့ ဆားဓာတ်ဟာ ဆဲလ်များ အလုပ်လုပ်ရာမှာ အလွန် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ် အုန်းရည်မှာ အဆိုပါ ဆားဓာတ်များဟာ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလို့ အစားအစာကောင်းကောင်း မဝင်လို့ ဆားဓာတ်ချို့တဲ့နေတဲ့ သူတွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ အုန်းရည်ကို သောက်သုံးခြင်းဖြင့် လိုအပ်တဲ့ ဆားဓာတ်များ ဖြည့်ဆည်းပေးနိုင်ပ

History of Chocolate

Image
သင်ဟာ ချောကလက်မရှိတဲ့ဘဝကို စိတ်ကူးမယဉ်နိုင်ရင် 16 ရာစုမတိုင်မီတွင် မမွေးဖွားခဲ့ခြင်းမှာ ကံကောင်းပါတယ်။ ထိုအချိန်အထိ ချောကလက်ဟာ ကျွန်တော်တို့ ခုသိထားတဲ့ ပုံစံနဲ့ အတော်လေးကွာခြားနေခဲ့ပြီး Mesoamerica တွင်သာရှိခဲ့ပါတယ်။ ဘီစီ 1900 လောက်တုန်းက အဲဒီဒေသက လူတွေဟာ ဇာတိရှိ ကိုကိုးအပင်ရဲ့ အစေ့တွေကို လေ့လာပြင်ဆင်တတ်လာကြသည်။ အစောဆုံးမှတ်တမ်းတွေအရ အဖျော်ယမကာကို ဖန်တီးဖို့အတွက် ထိုအစေ့ကို ပြောင်းဖူးမှုန့်နှင့် ငရုတ်သီးမှုန့်တို့ဖြင့် ရောစပ်ကြပေသည် - ချောကလက်ပူပူတစ်ခွက်မဟုတ်ဘဲ အမြှုပ်နဲ့ ရောထားတဲ့ အရသာရှိပြီး ခါးသက်တဲ့ ဖျော်ရည်ဖြစ်သည်။ Cocao( ချောကလက်စေ့)ဟာ Maya မှာ Kukulkan လို့ သိကြပြီး၊ Aztecs မှာ Quetzalcoatl လို့ သိကြတဲ့ အမွေးမြွေနတ်ဘုရားမှ လူသားတွေကို လက်ဆောင်ပေးတဲ့ ကောင်ကင်ဘုံကအစာဟု ယုံကြည်ကြပေသည်။ Aztecs လူမျိုးတွေက cocao စေ့ကို ငွေကြေးအဖြစ် အသုံးပြုကြပြီး တော်ဝင်ပွဲတွေမှာ ချောကလက်သောက်ကြပြီး တိုက်ပွဲမှာ အောင်မြင်မှုအတွက် စစ်သားတွေကို ဆုကြေးအဖြစ် ပေးကာ ထုံးတမ်းစဉ်လာများတွင် အသုံးပြုကြပေသည်။   1519 ခုနှစ်မှာ Hernán Cortés က Tenochtitlan ရှိ Moctezuma တရားရုံးသို့ သွားရောက်လည်ပတ်တဲ့အခါ ပထမဆုံး

Vocab 27

  Click and Learn (Vocabulary) Part – 27 Juggernaut - / ˈdʒʌɡənɔːt / - Noun ဒီနေ့တော့ ဘယ်တော့မှပြန်မလှည့်မဲ့ ကိစ္စလေးကိုပြောရအောင်။ (အဲလဲ့.. ကြီးကြီးကျယ်ကျယ်)။ စတာပါ။ ကျွန်တော်တို့ တော်လှန်ရေးစတုန်းက ကြွေးကြော်ခဲ့တာ မှတ်မိတယ်ဟုတ်။ အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါဆိုတာ။ တစ်ခုခုကို မရမချင်း တဟုန်ထိုးသွားတဲ့အရာ ၊ ဦးတည်ရာမရောက်မချင်း ဘယ်လိုအတားအဆီးရှိရှိ တိုက်ဖျက်သွားနိုင်အောင် အင်အားကြီးတဲ့ လှုပ်ရှားမှု/အစုအဖွဲ့ကို ဘယ်လိုခေါ်လဲ ဒီနေ့ လေ့လာကြပါမယ်။ (သေချာတာကတော့ ကောက်ရိုးမီးလို့ မခေါ်ဘူး 😒😒 ) English – a huge, powerful, and overwhelming force/ a massive inexorable force, campaign, movement, or object that crushes whatever is in its path မြန်မာ - လွန်စွာခွန်အားကြီးသော အင်အား ၊ သူ့၏လမ်းတစ်လျှောက်မည်သည့်အရာကိုမျှမဆို တိုက်ဖျက်နိုင်လောက်အောင် အင်အားကြီးသည့် လှုပ်ရှားမှု/အင်အား/ယန္တရား။ British မှာတော့ Truck ကားအကြီးကြီး (အတွဲအဆက်အရှည်ကြီးနဲ့ ၁၂ ဘီး ၁၆ ဘီးလို Truck ကားမျိုး) တွေကိုလည်း Juggernaut လို့ သုံးပါသတဲ့။ ဥပမာ CDM movement was a crucial political juggernaut for spring rev

Xiumin

Image
    EXO အဖွဲ့ရဲ့ အကြီးဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အမည်ရင်း- Kim Min Seok, stage name- Xiumin ဟာ 1990ခုနှစ် မတ်လ( 26 )နေ့တွင် ဆိုးလ်မှာ မွေးဖွားခဲ့ပြီး Gyeonggi ပြည်နယ်၊ Gyuri တွင် ကြီးပြင်းခဲ့ပါတယ်✨   2008ခုနှစ်တွင် Xiumin ဟာ SM Everysing Contest မှာ ဒုတိယနေရာကို ရရှိခဲ့ပြီးနောက်ပိုင်းတွင် SM Entertainment ရဲ့ Casting System မှတစ်ဆင့် သင်တန်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်✨ Xiumin ကို 2012ခုနှစ် ဇန်နဝါရီလမှာ EXO အဖွဲ့ရဲ့ သတ္တမမြောက်အဖွဲ့ဝင်အဖြစ် စတင်ကြေညာမိတ်ဆက်ခဲ့ပါတယ်။ ထို့နောက် EXO အဖွဲ့ဟာ 2012ခုနှစ် ဧပြီလ( 8 )ရက်နေ့မှာ ပွဲဦးထွက်ခဲ့ပါတယ်။ 2013ခုနှစ်မှာ ယခု Lovelyz အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် Jin ရဲ့ “Gone” music video တွင် မင်းသမီး Kim Yoo-jung နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်✨   2015ခုနှစ် ဇန်နဝါရီလမှာတော့ Xiumin ဟာ SM Entertainment ဂီတကျောင်း OZ တွင် Changmin, Key, Luna, Suho နှင့် Seulgi တို့နှင့်အတူ Aquila ၏ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂီတပြဇာတ်လောကမှာ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ 2015ခုနှစ် အောက်တိုဘာလတွင် သူဟာ web drama; Falling for Challenge တွင် မင်းသမီး Kim So-eun ရဲ့ ဆန့်ကျင်ဘက်အ

Vocab 26

  Click and Learn (Vocabulary) Part – 26 Opine - / əʊˈpaɪn /- Verb ပြောတာ ဖော်ပြတာတွေကို talk တွေ express တွေ သုံးရတာရိုးလာရင် ကိုယ့်အမြင်ကိုယ် ပြောပြတဲ့အခါသုံးတဲ့ verb လေးတစ်ခု မိတ်ဆက်ပေးပါရစေ။ သူက စကားတစ်လုံးထဲနဲ့ နည်းနည်းပိုပြီး တာသွားတဲ့စကာလုံးလေးတစ်ခုပါ။ English - to express an opinion မြန်မာ - မိမိအမြင်ကို ဖွင့်ထုတ်ပြောဆိုသည် ဥပမာ My teacher opined that the school simply cannot be opened in the midst of COVID waves. ဒီလောက် ကိုဗစ်လှိုင်းတွေအများကြီးကြား ကျောင်းက ပြန်ဖွင့်လို့ကိုမရတာပါလို့ ကျွန်တော့်ဆရာက သူ့အမြင်ကိုပြောသွားတယ်ဗျ။ The writer opines that the town library should be open for longer hours during the summer. စာရေးဆရာကတော့ မြို့စာကြည့်တိုက်ဟာ နွေရာသီမှာ ပိုကြာကြာဖွင့်ပေးထားသင့်တယ်လို့ မြင်နေပါတယ်။ Talk, express တွေနဲ့ နည်းနည်းကွာကတာ သူက opine တစ်လုံးထဲမှာတင် (express someone’s opinion) ဆိုတဲ့ အဓိပွာယ်အတွဲလိုက်ပါနေတာမို့ ပိုကျစ်ကျစ်လျစ်လျစ်သုံးလို့ရပါတယ်။ Disclaimer - အရမ်းသိလို့တတ်လို့ စာသင်တာမျိုးမဟုတ်ဘဲ လေ့လာသူတစ်ယောက်အနေနဲ့ နေ့စဉ်လေ့လာဖြစ်သမျှကို နားလည်သလို ပြန်ရေးပေ

Origami Lady Bug

Image
 အိုရီဂါမီ Lady Bug ဒီအခေါက်မှာတော့ စက္ကန့်ပိုင်းနဲ့တင်လုပ်လိုရမယ့် ခေါက်နည်းလေးတစ်ခု မျှဝေလိုက်ပါတယ်။ အပျင်းပြေခေါက်တာပဲဖြစ်ဖြစ်၊ အလှဆင်ဖိုပဲဖြစ်ဖြစ် အသုံးကျနိုင်တာပေါ့နော်။  နောက်အခေါက်တွေမှာလည်း ချစ်စရာကောင်းတဲ့ စက္ကူခေါက်နည်းလေးတွေကို မျှဝေပေးပါဦးမယ်နော်။ Click ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

Stray kids

Image
ဒီနေ့ကတော့ ယခုလက်ရှိ အောင်မြင်ကျော်ကြားဆုံး 4 th generation kpop အဖွဲ့တွေထဲက တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ "Stray Kids" အဖွဲ့ရဲ့  စတင်ပွဲဦးထွက်ခဲ့ပြီး အနုပညာလောကထဲ လျှောက်လှမ်းလာခဲ့တာ ( ၄ )နှစ်မြောက်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့  4 th Debut Anniversary ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ "Stray Kids" အဖွဲ့ရဲ့ အကြောင်းစုံကို အသေးစိတ် တင်ဆက်ပေးထားပါတယ် ပထမဆုံးအနေနဲ့ "Stray Kids" အဖွဲ့ဟာ အခြားအဖွဲ့တွေလို ကုမ္ပဏီက ပွဲဦးထွက်ဖို့ သင့်တော်တဲ့သူတွေကို ရွေးပြီး ဖွဲ့စည်းပေးထားတဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး။ JYP Entertainment မှာ Training ဆင်းလာခဲ့တာ ( ၇ )နှစ် ရှိပြီဖြစ်တဲ့ Bang Chan ( group leader )ဆိုသူက ကုမ္ပဏီရှိ Trainees တွေထဲက သူ့စိတ်ကြိုက် အရည်အချင်းရှိတဲ့သူတွေကို  သူကိုယ်တိုင် ရွေးချယ်ပြီး ဖွဲ့စည်းထားတဲ့ ( ၉ )ယောက် အဖွဲ့ပဲ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ သူတို့ဟာ ပွဲဦးထွက်ရန် အရည်အချင်းရှိကြောင်း JYP CEOကို သက်သေပြဖို့ 2017ခုနှစ် "Stray Kids" Reality Show တလျှောက်မှာ missions တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ရပြီး၊ အဖွဲ့ဝင်( ၂ )ယောက်လည်း ခေတ္တ ထုတ်ပယ်ခံရပြ