Posts

Showing posts from September, 2021

Eyes,Nose,Lips

Image
ဒီတစ်ခါအလှည့်ကျတာကတော့ Big Bang member တစ်ဦးဖြစ်တဲ့ Taeyang(Young Bae) ရဲ့ Eyes,Nose,Lips ဆိုတဲ့သီချင်းလေးပါ။ကိုယ်နဲ့လမ်းခွဲပြီးသွားတဲ့ ex ကောင်မလေးကို သတိရမိတဲ့အကြောင်းတွေကို ရေးထားတာပါ 🌝 2014 မှာထွက်ခဲ့တဲ့ solo album "Rise" ထဲက သီချင်းတစ်ပုဒ်ပါ။Taeyang နဲ့ Teddy Park တို့ရေးထားပြီးတော့ R&B အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။သီချင်းထွက်ပြီး ၁ ပတ်အတွင်းမှာ Billboard No.1 ရခဲ့ပြီးတော့ one of the best songs of the year လို့လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။အိုင့်ကောင်လေး(ခုတော့ ယောက္ခမလောင်း🥲) က ဒီသီချင်းနဲ့ပဲ ဆုတွေလည်း အများကြီးရခဲ့ပါသေးတယ်။သီချင်းကတော့ အေးအေးငြိမ့်ငြိမ့်လေးပါပဲ။K-pop industry တစ်ခုလုံးက အသိအမှတ်ပြုထားရတဲ့ Taeyang ရဲ့ vocal က ဒီသီချင်းမှာဆို အရမ်းသိသာနေရောပဲ။ btw hey girls,you should watch the MV nww  ကလစ်နှိပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Blogထဲမှာ ဆယ်စက္ကန့်လောက်‌နေပြီး ပြန်ထွက်လို့ရပါပြီ။

Bang Bang Bang

Image
ဒီတစ်ခါမှာတော့ သီချင်းမြူးမြူးလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်းကြားတော့ကြားဖူးလောက်ပါတယ်။ King of Kpop လို့တင်စားကြတဲ့ Big Bang အဖွဲ့ရဲ့  Bang Bang Bang ဆိုတဲ့သီချင်းလေးပါ။2016 ခုနှစ်ကထွက်တဲ့ Made Series Album မှာပါဝင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။သီချင်းရေးသူတွေကတော့ Big Bang ရဲ့ leader G-dragon နဲ့ နာမည်ကြီးတေးရေးဆရာ Teddy Park တို့ပဲဖြစ်ပါတယ်။Hip hop, k-pop အမျိုးအစားဖြစ်ပြီးတော့ Mnet Asian Music Award for song of the year & Seoul Music Award Record of the year စတဲ့ဆုတွေလည်း ရရှိခဲ့ပါတယ်။ကမ္ဘာတစ်လွှားအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီးတော့ over 5 million downloads ရှိပါတယ်။ဒီသီချင်းထဲမှာဆိုရင် Big Bang အဖွဲ့ရဲ့ အမိုက်စား vocal ရယ် creative ဖြစ်တဲ့ ကကွက်တွေရယ် ကို တွေ့ရမှာပါ။သီချင်းကလည်း အရမ်းမြူးလို့ နားထောင်ရင်းနဲ့တောင် ထကချင်စိတ်ပေါက်ပါတယ် :3 မီကတော့ ဒီသီချင်းဖွင့်မိရင် အစအဆုံးကိုအနည်းဆုံး ၂ ခေါက်လောက် ပြန်နားထောင်ပါတယ် 🤣 Blog မှာ ဆယ်စက္ကန့်လောက်နေပြီးရင် ပြန်ထွက်ပြီး နောက်လင့်တစ်ခုကို ကလစ်လို့ရပါပြီ။

'Mean no harm' variety show

Image
     Halo ယော်ရော်ဘွန်းတို့ရေ  Penthouse fanလေးတွေ ပါကြလားဟေ့ ယူတို့ Penthouseကြီး ပြီးသွားလို့ လွမ်းနေကြမှာပဲနော် ဒါဆို မီက ယူတို့ အလွမ်းပြေစေဖို့ အစီစဉ်လေးတစ်ခု ပြောပြပေးမယ်နော် ဒါကတော့ Mean No Harmဆိုတဲ့ Variety Showလေးပဲဖြစ်ပါတယ် ဒီမှာဆို ဂျူဒန်းထယ်ကြီးရယ် ဒေါက်တာဟာရယ် မားမားဘွိုင်းတို့သုံးယောက် လူမရှိတဲ့ အိမ်လေးတစ်လုံးမှာ နေထိုင်ချက်ပြုတ်စားသောက်ကြရင်း ပျော်စရာလေးတွေ ဖန်တီးကြမယ့် showလေးတစ်ခု ဖြစ်ပါတယ် Penthouse ထဲက သူတွေကလည်း ဧည့်သည်တွေအဖြစ် ပါဝင်လာမှာဖြစ်ပါတယ် ဒီအစီအစဉ်လေးကတော့ Penthouse လို လောင်ရမှာမဟုတ်ပဲ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေးတွေနဲ့တူတူ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုခံစားလို့ ရမှာပဲဖြစ်ပါတယ် ဒါကြောင့် ယော်ရော်ဘွန်းတို့က အလွမ်းပြေ ဒီအစီစဉ်လေးကို စိတ်အပန်းဖြေရင်း ကြည့်လိုက်ကြပါဦးနော် https://www.varietymyanmar.org/series/mean-no-harm/

မဖဲဝါနဲ့ ကိုစံဖဲရဲ့ ဘဝဇာတ်ကြောင်း

Image
        မဖဲဝါနဲ့ သူမရဲ့အစ်ကို အင်းသူကြီးကိုစံဖဲတို့ဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ရှိတဲ့ တံငါရွာလေးမှာနေထိုင်ခဲ့ကြပါတယ်။ အသားညိုညို၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကိုစံဖဲဟာ သူ့နှမဖြစ်သူမဖဲဝါကို အရမ်းချစ်တာမို့ သူ့အင်းကနေ ငါးရောင်းရတိုင်း သူ့နှမအတွက် အင်္ကျီထဘီအသစ်များ ဝယ်ပေးလေ့ရှိပါတယ်ဗျ။ မဖဲဝါကလည်း သူ့အကိုရဲ့ ငါးဒိုင်နေရာမှာ စာရင်းမှတ်ပြီး ကူလေ့ရှိပါတယ်။       ကိုစံဖဲရဲ့ အင်းဟာ ငါးအရများတာကြောင့် ဝင်ငွေလည်း အရမ်းကောင်းပါတယ်ဗျ။ သူ့ရဲ့ အကုသိုလ်ဟာ ဘယ်လောက်ကြီးလဲဆိုရင် ရွှေတိဂုံဘုရားကို  ရွာလုံးကျွတ် ရွှေသင်္ကန်းကပ်ဖို့သွားတာတောင် ကိုစံဖဲတစ်ယောက်ကတော့ မျက်စိရှေ့မှာ ရှိတဲ့ စေတီတော်ကြီးကို မမြင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒီလိုနဲ့ ရွာကို ပြန်ရောက်လာပြီးနောက် ကိုစံဖဲဟာ ရွှေတိဂုံဘုရားကို မဖူးနိုင်ခဲ့တဲ့ သူ့ကံတရားကို စိတ်နာသွားပြီး အင်းထဲမှာပဲ နေပြီး အရက်တွေသာ လွှတ်သောက်ပါတော့တယ်။        နောက်တော့ ဘုရားကို ရွှေချဖို့ စီစဉ်ထားတဲ့ သူ့ရွှေတုံးတွေကို အရည်ကျိုပစ်လိုက်ပြီး သူ့အင်းထဲမှာ စိုက်ထားတဲ့ တိုင်တွေကို ရွှေချလိုက်ပါတော့တယ်။ ကိုစံဖဲဟာ သူ့အင်းနားကို အကပ်မခံရုံသာမက ထမင်းချိုင့်လည်း အပို့မခံတ

အီတလီနိုင်ငံက Verona မြို့အကြောင်း

Image
  Shakespeare ရဲ့ နာမည်ကျော် Romeo and Juliet ဝတ္ထုကို အားလုံးကြားဖူးကြမယ် ထင်ပါတယ်။ ဒီတခါတော့ အဲ့ဒီကြေကွဲစရာ အချစ်ဇာတ်လမ်းလေး အခြေတည်ဖြစ်ပျက်ခဲ့တဲ့  Italyနိုင်ငံ မြောက်ပိုင်းက verona မြို့လေးအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Verona ဟာ Romeo and Juliet ထဲက မြို့အဖြစ် လူသိများတဲ့အတွက်ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားများအကြား ထင်ရှားသလို သူ့ရဲ့ ဗိသုကာလက်ရာ၊​ သမိုင်းဝင်ဆောက်အဦတွေကြောင့်လည်း ​​ကျော်ကြားပါတယ်။ veronaက ထင်ရှားတဲ့ နေရာအချို့အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ Juliet's house  Juliet's balconyလို့ အသိများတဲ့ ဝရန်တာလေးနဲ့ Juliet houseဟာ ၁၃ရာစုနဲ့ ၁၄ရာစုအတွင်းက အဆောက်အဦတစ်ခု ဖြစ်ပါတယ်။​အိမ်ရဲ့အတွင်းပိုင်းမှာတော့ Leonardo dicarprio သရုပ်ဆောင်ထားတဲ့ Romeo and juliet movie versionထဲက ပရိဘော အသုံးအဆောင်များနဲ့ ဝတ်စုံများကို ခင်းကျင်းပြသထားပါတယ်။ ခြံဝန်းအတွင်းမှာတော့ Veronaရဲ့ symbol ဖြစ်တဲ့ Juliet ရုပ်ထုလည်းရှိပါတယ်။ Juliet's houseနဲ့ မလှမ်းမကမ်းမှာပဲ Romeo's houseလည်း ရှိပါတယ်။ ဒါပေမယ့် private ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဝင်ရောက်လည်ပတ်လို့တော့ မရပါဘူး။ Basilica de s

Different kinds of Headaches

Image
ခေါင်းကိုက်ရောဂါက မဖြစ်ဖူးတဲ့သူ မရှိလောက် အဖြစ်များကြပါတယ်။ တစ်ချို့အရမ်းဆိုးတဲ့သူဆို ခဏခဏဖြစ်တတ်ပါတယ်။ အခုက ခေါင်းကိုက်ခြင်းအမျိုးအစားများ၊ ဖြစ်ရသောအကြောင်းရင်းများ၊ သက်သာအောင်ပြုလုပ်ခြင်း နှင့် ဆေးရုံဆေးခန်းဘယ်အချိန်မှာ သွားသင့်လဲဆိုတာကို ပြောပြမှာဖြစ်ပါတယ် ၁။ခေါင်းကိုက်ခြင်းအမျိုးအစားများ ခေါင်းကိုက်ခြင်းက မစိုးရိမ်ရသော အန္တရာယ်မရှိသော ခေါင်းကိုက်ခြင်း နှင့် စိုးရိမ်ရသော အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းတွေ ရှိကြပါတယ်။  အန္တရာယ်မရှိသောခေါင်းကိုက်ခြင်းတွေမှာ- -စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ရခြင်း(tension headache) -ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine) -ကိုယ်ပူကြီး၍ ခေါင်းကိုက်ခြင်းတို့ ပါဝင်ပါတယ်။  အန္တရာယ်ရှိသော စိုးရိမ်ရသော ချက်ချင်းဆေးရုံသွားပြီး ကုသမှုတစ်ခုခု လုပ်ဖို့လိုသော ခေါင်းကိုက်ခြင်းတွေမှာ- -ဦးခေါင်းတွင်း သွေးကြောပေါက်ခြင်း -ဦးခေါင်းတွင်းသွေးကြောပိတ်ခြင်း -အကြိတ်အခဲဖြစ်ခြင်း -ဦးဏှောက်ပိုးဝင်း၍ခေါင်းကိုက်ခြင်း စတာတွေ ပါဝင်ပါတယ်။  ၂။ခေါင်းကိုက်ခြင်း ပုံစံအမျိုးမျိုး ခေါင်းကိုက်တာက ခံစားရတဲ့အမျိုးအစားခြင်းက မတူကြပါဘူး။  စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာက နဖူးပြင်တော့တစ်လျှောက

Mouse Korean Drama

Image
ဒီတစ်ခါမှာတော့ လျို့ဝှက်ဆန်းကြယ် မှုခင်းစုံထောက်ကားတွေမှ ကြိုက်တဲ့သူတွေအတွက် " Mouse "ဆိုတဲ့ Korea Dramaနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၁၊ မတ်လက ထွက်ထားတာပါ။ ratingအနေနဲ့  8.7/10 IMDb တောင် ရထားတာပါ။ Castအနေနဲ့ Lee Seung-gi အပါအဝင် အခြားနာမည်ကြီးသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။  Drama titleကို ကြည့်ပြီး လူတိုင်းလိုလို တွေးမိကြမှာပါ ဇာတ်ကားနာမည်ကလည်း ထူးဆန်းလိုက်တာ ဘာလို့ " Mouse "လဲပေါ့။ အဲ့အကြောင်းရင်းကို ဇာတ်ကားစကြည့်လည်း မသိရသေးပါဘူး။ အလယ်နားရောက်လည်း မသိရသေးပါဘူး။ ဇာတ်သိမ်းပါးနီးရောက်မှကို သဘောပေါက်ရမှာပါ။  ဇာတ်လမ်းဖြစ်ပေါ်လာပုံကတော့ ဒန်နီရယ်ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်ဟာ လူတစ်ယောက် မမွေးခင် မိခင်ရဲ့ဗိုက်ထဲက သန္ဓေသားလောင်းအဆင့်မှာတင် အဲ့ကလေးဟာ psychopath လူသတ်သမားဖြစ်လာမယ့်သူလား/ ရိုးရိုးသာမန်သူလား ဆိုတာကို ခွဲခြားသိနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုသုတေသနကနေတစ်ဆင့် နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် လူသတ်မှုတွေ မဖြစ်အောင် ကြိုတင်တားဆီးတဲ့အနေနဲ့ သန္ဓေသားလောင်းဟာ psychopath ဖြစ်နေရင် ကိုယ်ဝန်ဖျက်ချရမယ့် အစီအစဥ်ကို အစိုးရကို တင်ပြခဲ့ပါတယ်

Your Soulmate's Physical appearance and Personality

Image
  Pick A Sign Your Soulmate's Physical appearance and Personality Inhale Exhale 5ကြိမ်လုပ်ပါ Sign3ခုလုံးရဲ့ပုံကို အာရုံစူးစိုက်စွာနဲ့ကြည့်ပါ ကိုယ့်ကိုအဆွဲဆောင်နိုင်ဆုံးပုံလေးကိုရွေးချယ်ပါ Soulmateတိုင်းက Right Person မဟုတ်ကြသလို Right Personတိုင်းကလဲ Soulmateမဟုတ်ကြပါဘူး ကိုယ့်ရဲ့ SoulmateကိုRight person အနေနဲ့Right timeမှာ ဆုံနိုင်ကြပါစေရှင့် This Reading can be true only for the people who match my energy #ByKhin sign - 1 ဖတ်ရန်   sign - 2 ဖတ်ရန်   sign - 3 ဖတ်ရန် ဒါက ‌admin team ရဲ့ စေတနာနဲ့ အထူးအကြံပြုချက်လေးပါ။ sign တစ်ခုခု ရွေးဖတ်ပြီးရင် ဒါလေး ဖတ်ပေးနော်။😍  (  ဖတ်ရန် )

Click 23

Image
 

Click 22

Image
 

Click 21

Image
 

Click 20

Image
 

Detox water အကြောင်း

Image
"Detox water သောက်ကြမယ်" အခုတလော ကျန်းမာရေးလိုက်စားတဲ့လူတွေ အလှအပရေးရာ ဂရုစိုက်ကြတဲ့လူတွေကြားမှာ Detox water လေးက တဖြည်းဖြည်းနဲ့ နာမည်ရလာတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဆိုတော့ Detox water ဆိုတာဘာလဲ? Detox water ဘယ်လိုလုပ်ကြမလဲ? သူ့ဆီကနေဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတာကို မျှဝေပေးသွားချင်ပါတယ်ရှင်။ Detox water ဆိုတာကတော့ သန့်ရှင်းလတ်ဆတ်ပြီး ကိုယ်ခံအားကောင်းစေတဲ့ အသီးအနှံတွေ ပေါင်းစပ်ပါဝင်ပြီး အဆိပ်အတောက်ပြေစေသော အာနိသင်ရှိတဲ့ ရေတစ်မျိုးဖြစ်ပါတယ်။ Detox water ကို ဘယ်လိုပြုလုပ်လို့ရနိုင်မလဲဆိုရင်တော့  - သောက်ရေသန့် တစ်လီတာခန့် (ကိုယ်ထည့်မယ့် ဘူးအပေါ်လိုက်ပြီး အချိုးအဆပြောင်းလို့ရပါတယ်) - သံပယိုသီး သို့မဟုတ် သံပုရာသီး အလုံးတစ်ဝက်လောက်ကို အကွင်းလေးတွေပါးပါးလေးဖြစ်အောင်လှီးပြီးထည့်ပါ။ - သခွားသီးကိုလည်း အကွင်းပါးပါးလေးတွေ ဆယ်ကွင်းလောက်လှီးပြီးထည့်ပါ။ - ပူစီနံရွက် ခြောက်ရွက်မှ ဆယ်ရွက်ခန့် ထည့်ပေးပါ။ (ဒီထက်များသွားရင် အရသာခါးသွားနိုင်ပါတယ်) - ဂျင်းပါးပါးလေးနှစ်ပြားလောက် ပြားပြီး ထည့်ပါ။ - အရသာချိုချင်ရင်တော့ ပန်းသီးစိတ်လေးတွေ ထည့်နိုင်ပါတယ်။ အသားအရည်လှချင်ရင်တော့ ရာသီပေါ်အသီးတ

PSG 2-0 City ပွဲပြီး သုံးသပ်ချက်

Image
   PSG 2-0 City  7’ - Gueye ⚽ 74’ - Messi ⚽                      Oil Clasico လို့ ပြောလို့ စိတ်တော့ မဆိုးလိုက်နဲ့ဗျို့။ ရေနံသူဌေးတွေရဲ့ အလုံးအရင်းနဲ့ ထောက်ပံ့မှုတွေကြောင့် နောက်ပိုင်းနှစ်တွေမှာ ကြောက်မခန်းလိလိလူစာရင်းကို ပိုင်ဆိုင်လာတဲ့ နှစ်သင်းဆိုတော့ ရေနံဒါဘီပေါ့ဗျာနော့။ မနှစ်က Semifinal မှာ တွေ့ခဲ့တုန်းကတော့ City တို့က တည်တည်ငြိမ်ငြိမ်ပဲ ကျော်ဖြတ်ပြသွားခဲ့တယ်။ဒါပေမယ့် အခြေအနေတွေကတော်တော်ကွာခြားသွားပြီ။ ကမ္ဘာ့အကောင်းဆုံးကစားသမား လီယိုမက်ဆီ ၊ ကိုပါမှာ အီတလီနဲ့အတူ တောက်ပခဲ့တဲ့ ဂိုးသမားဒွန်နာရမ်မာ ၊ ဟာကီမီ ၊ ဝိုင်နယ်ဒမ်း ၊ နူနိုမန်ဒက်စ် တို့ ပါဝင်လာပြီဖြစ်တဲ့ PSG ရဲ့ squad dept က တော်တော်ကြောက်စရာပါပဲ။                       အမှန်တိုင်းပြောရရင် မန်ချက်စတာသားတွေက ပွဲကို ပိုပြီး စိုးမိုးနိုင်ခဲ့ပါတယ်။ ဥရောပချန်ပီယံ ချယ်ဆီးကို လွမ်းမိုးနိုင်ခဲ့သလို PSG ကိုလည်း မကြောက်မရွံ့နဲ့ ကွင်းတစ်ဝက်ထိ တက်ပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ကန်ဆယ်လို နဲ့ ဝေါ်ကာရဲ့ ကစားအားကတော့ တော်တော်လေးကို အားရဖို့ ကောင်းလွန်းပါတယ်။ ဝေါ်ကာဟာ ရှေ့ထိတက်ပြီး PSG ရဲ့ normal pass တွေတက် pressတော့လည်း သူ ၊ ကောင်တာပေါက်ပြီး နောက

Antarctica Part 2

Image
  Hello! Welcome back from Antarctica Part 2 Antarctica Part 2 မှာတော့ Admin က အန္တာတိကတိုက်ရဲ့ ထူးခြားဆန်းကြယ်တဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။ အဲ့ဒါတွေကတော့  အန္တာတိကတိုက်မှာ နေတဲ့ အံ့ဖွယ် တိရစ္ဆာန်တွေ၊ ကမ္ဘာ့အကြီးဆုံး Ross Ice Shelf ၊ Blood Waterfall တွေနဲ့ တခြားထူးခြားဆန်းပြားတာတွေပဲ ဖြစ်ပါတယ်။ I'm sure you will never regret after you read this. Animals in Antarctica အန္တာတိကတိုက်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း 300 နီးပါးရှိပါတယ်။ အများဆုံးတွေ့ရတာက ပင်ဂွင်းလေးတွေပါ။ အန္တာတိကလို့ ပြောလိုက်တာနဲ့ ပင်ဂွင်းလေးတွေကိုပဲ ပြေးမြင်ကြမှာပါ။ နောက် ဝေလငါး၊ ပင်လယ်ဖျံ၊ ပင်လယ်ပျော်ငှက်တွေလည်း တွေ့နိုင်ပါတယ်။ Look at the pictures! ကျောရိုးမဲ့သတ္တဝါတွေနဲ့ ထူးဆန်းတဲ့ ရေအောက်သတ္တဝါတွေလည်း ရှိပါတယ်။ သူတို့တွေကို အအေးဆုံးသော နေရာတွေမှာ အသက်ရှင်နေထိုင်နိုင်လောက်အောင်လည်း သဘာဝတရားကြီးက သာမန်ထက် ထူးကဲမှုတွေနဲ့ ဖန်ဆင်းပေးထားတာပါ။ ဒီထက်ပူတဲ့ နေရာတွေ ရောက်သွားရင် အသက်ရှင်ကြမှာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေဟာ 1970 လောက်မှာ Radar နည်းပညာနဲ့ အန္တာတိကတိုက်မှာ မြေအောက်ရေကန် 400 လောက်ရှိတယ်လို့ ရှာဖွေတွေ့