Different kinds of Headaches
ခေါင်းကိုက်ရောဂါက မဖြစ်ဖူးတဲ့သူ မရှိလောက် အဖြစ်များကြပါတယ်။ တစ်ချို့အရမ်းဆိုးတဲ့သူဆို ခဏခဏဖြစ်တတ်ပါတယ်။ အခုက ခေါင်းကိုက်ခြင်းအမျိုးအစားများ၊ ဖြစ်ရသောအကြောင်းရင်းများ၊ သက်သာအောင်ပြုလုပ်ခြင်း နှင့် ဆေးရုံဆေးခန်းဘယ်အချိန်မှာ သွားသင့်လဲဆိုတာကို ပြောပြမှာဖြစ်ပါတယ်
၁။ခေါင်းကိုက်ခြင်းအမျိုးအစားများ
ခေါင်းကိုက်ခြင်းက မစိုးရိမ်ရသော အန္တရာယ်မရှိသော ခေါင်းကိုက်ခြင်း နှင့် စိုးရိမ်ရသော အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းတွေ ရှိကြပါတယ်။
အန္တရာယ်မရှိသောခေါင်းကိုက်ခြင်းတွေမှာ-
-စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ရခြင်း(tension headache)
-ခေါင်းတစ်ခြမ်းကိုက်ခြင်း(Migraine)
-ကိုယ်ပူကြီး၍ ခေါင်းကိုက်ခြင်းတို့ ပါဝင်ပါတယ်။
အန္တရာယ်ရှိသော စိုးရိမ်ရသော ချက်ချင်းဆေးရုံသွားပြီး ကုသမှုတစ်ခုခု လုပ်ဖို့လိုသော ခေါင်းကိုက်ခြင်းတွေမှာ-
-ဦးခေါင်းတွင်း သွေးကြောပေါက်ခြင်း
-ဦးခေါင်းတွင်းသွေးကြောပိတ်ခြင်း
-အကြိတ်အခဲဖြစ်ခြင်း
-ဦးဏှောက်ပိုးဝင်း၍ခေါင်းကိုက်ခြင်း စတာတွေ ပါဝင်ပါတယ်။
၂။ခေါင်းကိုက်ခြင်း ပုံစံအမျိုးမျိုး
ခေါင်းကိုက်တာက ခံစားရတဲ့အမျိုးအစားခြင်းက မတူကြပါဘူး။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာက နဖူးပြင်တော့တစ်လျှောက်ကိုက်တာ ပိုများပါတယ်။ အရမ်းကြီးလည်း မခံစားရသလို ပုံမှန်အလုပ်တွေတောင်လုပ်နိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ နဲနဲဆိုးတယ်။ ဖြစ်ရင်လည်းအချိန်ကြာတတ်တယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက မျိုးရိုးလည်း လိုက်တတ်တယ်။ တစ်ခြမ်းပဲ ဖြစ်တာများပေမယ့် နှစ်ခြမ်းလုံးလည်း ဖြစ်တတ်တယ်။ သူခေါင်းကိုက်ရင်တော့ ပုံမှန်အလုပ်တောင် မလုပ်နိုင်အောင်ခံစားရတယ်။ အသက်အရွယ်ငယ်ရွယ်သူမိန်းကလေးတွေမှာဖြစ်တာများပါတယ်။
ကိုယ်ပူကြီးခြင်း ဖျားခြင်းကြောင့် ခေါင်းကိုက်တာတွေက အဖြစ်များကြပါတယ်။ ဖျားတာသက်သာသွားရင်တော့ ပြန်ပျောက်သွားကြပါတယ်။
ဦးခေါင်းတွင်းသွေးကြောပေါက်ပြီး ခေါင်းကိုက်တာကတော့ တစ်ခါမှ မခံစားဖူးတဲ့ အရမ်းနာကျင်ကိုက်ခဲပြီး ဦးခေါင်းနောက်ကို မိုးကြိုးပစ်လိုက်သလို နာကျင်ခံစားရပါတယ်။
အလုံးအကြိတ်တွေကြောင့် ခေါင်းကိုက်တာကတော့ အကြိတ်က တစ်ဖြည်းဖြည်း ကြီးတတ်တဲ့သဘောရှိတော့ ရောဂါက တစ်ဖြည်းဖြည်းဆိုးလာတတ်ပါတယ်။ အကြိတ်ကြောင့် ကိုယ်လက်မလှုပ်နိုင်တာတွေ မျက်လုံးဝါးတာတွေ ဖြစ်တတ်ပါတယ်။
ဦးခေါင်းပိုးဝင်ခေါင်းကိုက်ခြင်းက ဖျားတာနဲ့ဖြစ်တတ်တယ်။ ခေါင်းကိုက်ပြီးတော့ သတိလစ်သွားတာတွေ ဖြစ်တတ်ပါတယ်။
၃။ ခေါင်းကိုက်တာက ဘယ်အချိန်မှာ အရေးကြီးပြီး ဆေးရုံသွားသင့်လဲ?
အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းတွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆေးရုံတွေမှာ ပြသရမှာဖြစ်ပါတယ်။
၄။ခေါင်းကိုက်ခြင်းကို ဘယ်လိုကုသကြမလဲ?
ရောဂါကို ကုသတဲ့အခါမှာ ရောဂါဖြစ်ရတဲ့အကြောင်းကို ကုသနိုင်မှ ရောဂါက သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်တာလည်း ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းကို ကုသနိုင်မှ ပျောက်မှာပါ။ ခေါင်းတွင်းသွေးကြောပေါက်တဲ့အခါမှာ သွေးကြောကို ပြန်ပြုပြင်နိုင်မှသက်သာမှာပါ။ သွေးကြောပိတ်တဲ့ အခါမှာလည်း သွေးကြောပြန်ဖွင့်တဲ့ဆေးတွေ ပေးမှသက်သာမှာပါ။ အကြိတ်အခဲဖြစ်ရင်လည်း ခွဲစိတ်ရမှ သက်သာမှာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါကတော့ အကိုက်အခဲပျောက်ဆေးလေးတွေကို အစာအိမ်ဆေးနဲ့ တွဲသောက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကိုက်တာကိုတော့ စိတ်ဖိစီးမှုလျှော့ချနည်းတွေ ဖြစ်တဲ့ တရားထိုင်တာ သီချင်းနားထောင်တာတွေ လုပ်လို့ရသလို မသက်သာဘူးဆိုရင်လည်း အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်ညွှန်ကြားချက်နှင့် သောက်သုံးနိုင်ပါတယ်။
ကျန်းမာကြပါစေ။
@BoB
Very Helpful. Thank you
ReplyDeleteThank you
ReplyDeleteThank you
ReplyDeleteThank You.
ReplyDeleteThanks for health tips
ReplyDeleteDone🤗s
ReplyDeletedone
ReplyDeleteDone...bb
ReplyDelete👍
ReplyDelete