Mouse Korean Drama



ဒီတစ်ခါမှာတော့ လျို့ဝှက်ဆန်းကြယ် မှုခင်းစုံထောက်ကားတွေမှ ကြိုက်တဲ့သူတွေအတွက် " Mouse "ဆိုတဲ့ Korea Dramaနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၁၊ မတ်လက ထွက်ထားတာပါ။ ratingအနေနဲ့  8.7/10 IMDb တောင် ရထားတာပါ။ Castအနေနဲ့ Lee Seung-gi အပါအဝင် အခြားနာမည်ကြီးသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

Drama titleကို ကြည့်ပြီး လူတိုင်းလိုလို တွေးမိကြမှာပါ ဇာတ်ကားနာမည်ကလည်း ထူးဆန်းလိုက်တာ ဘာလို့ " Mouse "လဲပေါ့။ အဲ့အကြောင်းရင်းကို ဇာတ်ကားစကြည့်လည်း မသိရသေးပါဘူး။ အလယ်နားရောက်လည်း မသိရသေးပါဘူး။ ဇာတ်သိမ်းပါးနီးရောက်မှကို သဘောပေါက်ရမှာပါ။ 

ဇာတ်လမ်းဖြစ်ပေါ်လာပုံကတော့ ဒန်နီရယ်ဆိုတဲ့ သုတေသနပညာရှင်တစ်ယောက်ဟာ လူတစ်ယောက် မမွေးခင် မိခင်ရဲ့ဗိုက်ထဲက သန္ဓေသားလောင်းအဆင့်မှာတင် အဲ့ကလေးဟာ psychopath လူသတ်သမားဖြစ်လာမယ့်သူလား/ ရိုးရိုးသာမန်သူလား ဆိုတာကို ခွဲခြားသိနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုသုတေသနကနေတစ်ဆင့် နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် လူသတ်မှုတွေ မဖြစ်အောင် ကြိုတင်တားဆီးတဲ့အနေနဲ့ သန္ဓေသားလောင်းဟာ psychopath ဖြစ်နေရင် ကိုယ်ဝန်ဖျက်ချရမယ့် အစီအစဥ်ကို အစိုးရကို တင်ပြခဲ့ပါတယ်။ အဲ့အစီအစဥ်ကို အစိုးရကရော လက်ခံမလား ဒါမှမဟုတ် ပယ်ချလိုက်မလားဆိုတာကနေ အစပြုပြီး.......ကြည့်ရင်းကြည့်ရင်းနဲ့ ဘယ်လိုမှ မှန်းဆလို့ မရနိုင်တဲ့ အပြောင်းအလဲ၊ လှည့်ကွက်တွေနဲ့ ထိမိခိုင်မာလှတဲ့ ဇာတ်အိမ်တွေကို  လုံးဝ သည်းထိတ်ရင်ဖိုစွာ စောင့်စားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကြည့်ဖူးခဲ့တဲ့ အခြားမှုခင်းကားတွေနဲ့ မတူဘဲ တမူထူးခြားဆန်းသစ်တဲ့ ခံစားချက်မျိုးကို ရစေမှာ အသေအချာပါပဲ။

 ခုတလော "Squid Game"က အရမ်းတွေ စန်းထနေတာဆိုတော့ Squid Gameလိုမျိုး ကားတွေ ကြိုက်တဲ့သူတွေအနေနဲ့ ဒီ "Mouse"ကို မကြည့်ရသေးဘူးဆိုရင် ခုပဲ ကြည့်ကြည့်လိုက်ဖို့ အကြံပြုလိုက်ရပါတယ်နော်🥳

 

Comments

Post a Comment