အီတလီနိုင်ငံက Verona မြို့အကြောင်း

 


Shakespeare ရဲ့ နာမည်ကျော် Romeo and Juliet ဝတ္ထုကို အားလုံးကြားဖူးကြမယ် ထင်ပါတယ်။ ဒီတခါတော့ အဲ့ဒီကြေကွဲစရာ အချစ်ဇာတ်လမ်းလေး အခြေတည်ဖြစ်ပျက်ခဲ့တဲ့  Italyနိုင်ငံ မြောက်ပိုင်းက verona မြို့လေးအကြောင်း နည်းနည်းပြောပြချင်ပါတယ်။


Verona ဟာ Romeo and Juliet ထဲက မြို့အဖြစ် လူသိများတဲ့အတွက်ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားများအကြား ထင်ရှားသလို သူ့ရဲ့ ဗိသုကာလက်ရာ၊​ သမိုင်းဝင်ဆောက်အဦတွေကြောင့်လည်း ​​ကျော်ကြားပါတယ်။ veronaက ထင်ရှားတဲ့ နေရာအချို့အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

Juliet's house 






Juliet's balconyလို့ အသိများတဲ့ ဝရန်တာလေးနဲ့ Juliet houseဟာ ၁၃ရာစုနဲ့ ၁၄ရာစုအတွင်းက အဆောက်အဦတစ်ခု ဖြစ်ပါတယ်။​အိမ်ရဲ့အတွင်းပိုင်းမှာတော့ Leonardo dicarprio သရုပ်ဆောင်ထားတဲ့ Romeo and juliet movie versionထဲက ပရိဘော အသုံးအဆောင်များနဲ့ ဝတ်စုံများကို ခင်းကျင်းပြသထားပါတယ်။ ခြံဝန်းအတွင်းမှာတော့ Veronaရဲ့ symbol ဖြစ်တဲ့ Juliet ရုပ်ထုလည်းရှိပါတယ်။



Juliet's houseနဲ့ မလှမ်းမကမ်းမှာပဲ Romeo's houseလည်း ရှိပါတယ်။ ဒါပေမယ့် private ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဝင်ရောက်လည်ပတ်လို့တော့ မရပါဘူး။


Basilica de san zeno maggiore


ဒီ churchကျောင်းကတော့  Romeo and Juliet  နှစ်ဦး လက်ထပ်ရာ နေရာလို့ ဆိုကြပြီး သူ့ရဲ့ ၈ရာစုနဲ့ ၉ရာစု ဗိသုကာတွေကြောင့် နာမည်ကျော်ပါတယ်။



ရောမခေတ် Amphitheratre (အမိုးပွင့်ပွဲကြည့်စင်)​ဖြစ်ပြီး အခုထိလည်း operaတွေကျင်းပဆဲဖြစ်သလို  Italy နိုင်ငံရဲ့ အကြီးဆုံး Amphitheratre တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။






Sanctuary of madonna della corona


ဒီ church ​ကျောင်းတော်ကတော့ veronaမြို့အနီးမှာဖြစ်ပါတယ်။ကျောက်ကမ်းပါးဘေးမှာ တည်ရှိပြီး Adige မြစ်ဝှမ်းကို အပေါ်စီးကနေ မိုးလျက်ရှိနေပါတယ်။

ပတ်ဝန်းကျင်ရှုခင်းတွေက အံသြမှင်သက်ရအောင် လှပသလို အေးချမ်းတိတ်ဆိတ်တဲ့ နေရာတစ်ခုပါ။


Veronaရဲ့နေရာလေးတွေကို သိအပြီးမှာ veronaမြို့ကို စိတ်ဝင်စားတယ်၊ veronaရဲ့ ရှု​မျှော်ခင်းအလှအပတွေကို ထပ်​မြင်ချင်တယ် ဆိုရင်တော့ veronaမှာ အဓိကရိုက်ကူးထားတဲ့ Amada seyfriedရဲ့ ' letters to juliette'movie​​ ကိုလည်း recommend လုပ်ချင်ပါတယ်။ Veronaရဲ့  ရှုခင်းလှလှလေးတွေကို ကြည့်ပြီး အားလုံးပဲ စိတ်အမောတွေ ပြေ​နိုင်ကြပါစေနော်❤။


Comments

Post a Comment