Antarctica Part 2

 

Hello!

Welcome back from Antarctica Part 2


Antarctica Part 2 မှာတော့ Admin က အန္တာတိကတိုက်ရဲ့ ထူးခြားဆန်းကြယ်တဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။ အဲ့ဒါတွေကတော့  အန္တာတိကတိုက်မှာ နေတဲ့ အံ့ဖွယ် တိရစ္ဆာန်တွေ၊ ကမ္ဘာ့အကြီးဆုံး Ross Ice Shelf ၊ Blood Waterfall တွေနဲ့ တခြားထူးခြားဆန်းပြားတာတွေပဲ ဖြစ်ပါတယ်။ I'm sure you will never regret after you read this.


Animals in Antarctica


အန္တာတိကတိုက်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း 300 နီးပါးရှိပါတယ်။ အများဆုံးတွေ့ရတာက ပင်ဂွင်းလေးတွေပါ။ အန္တာတိကလို့ ပြောလိုက်တာနဲ့ ပင်ဂွင်းလေးတွေကိုပဲ ပြေးမြင်ကြမှာပါ။ နောက် ဝေလငါး၊ ပင်လယ်ဖျံ၊ ပင်လယ်ပျော်ငှက်တွေလည်း တွေ့နိုင်ပါတယ်။ Look at the pictures!










ကျောရိုးမဲ့သတ္တဝါတွေနဲ့ ထူးဆန်းတဲ့ ရေအောက်သတ္တဝါတွေလည်း ရှိပါတယ်။ သူတို့တွေကို အအေးဆုံးသော နေရာတွေမှာ အသက်ရှင်နေထိုင်နိုင်လောက်အောင်လည်း သဘာဝတရားကြီးက သာမန်ထက် ထူးကဲမှုတွေနဲ့ ဖန်ဆင်းပေးထားတာပါ။ ဒီထက်ပူတဲ့ နေရာတွေ ရောက်သွားရင် အသက်ရှင်ကြမှာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေဟာ 1970 လောက်မှာ Radar နည်းပညာနဲ့ အန္တာတိကတိုက်မှာ မြေအောက်ရေကန် 400 လောက်ရှိတယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရေကန်တွေက ရေခဲပြင်အောက် 3000  Metre အနက်မှာ ရှိနေကြတာပါ။ အဲ့အနက်ထိတောင် အံ့ဖွယ်ရေအောက်သတ္တဝါတွေဟာ အသက်ရှင်နေထိုင်ကျက်စားနေကြပါတယ်။ အန္တရာယ်လည်း ရှိကြပါတယ်။ အဏုဇီဝသတ္တဝါတွေ၊ ခြေတံရှည်ပင့်ကူတွေ၊ အခွံမာရေနေသတ္တဝါတွေ၊ ဧရာမကင်းမွန်ကြီးတွေအပြင် အခြားသော Billion နဲ့ ချီနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ တိုက်ရဲ့ အကြွင်းအကျန် သင်္ချိုင်းမြေတွေ ရှိနေပါတယ်။ တချို့သော ရေအောက်သတ္တဝါပုံလေးတွေကိုလည်း မြင်ဖူးအောင် ကြည့်လိုက်ကြပါဦးနော်။ 









ရှင်သန်ပေါက်ဖွားနေတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့လည်း စည်းမျဉ်းတွေ ရှိပါတယ်။ ဘယ်တိရစ္ဆာန်ဆိုရင် အကွာအဝေး ဘယ်လောက်ကပဲ ကြည့်လို့ရမယ်၊ ထိလို့မရဘူး၊ 

ငါးတွေ၊ ငှက်တွေကိုလည်း ဖမ်းဆီးခွင့်မရှိ၊ ပင်လယ်ထဲ ထွက်ကြည့်တဲ့အခါလည်း ကိုယ်စီးလာတဲ့ လှေနဲ့ မတိုက်မိအောင် အထူး သတိပြုရမယ်၊ လင်းပိုင်အုပ်ထဲ လှေကို လှော်ခတ် မသွားရဘူး စသဖြင့် ကန့်သတ်ချက်တွေများစွာ ချမှတ်ထားပါတယ်။ 


Ross Ice Shelf



အန္တာတိကမှာရှိတဲ့ Ross ရေခဲချပ်ကြီးရဲ့အရွယ်အစားဟာဆိုရင် ပြစ်သစ်နိုင်ငံလောက် ကျယ်ဝန်းပါတယ်။ အဲ့ဒီ ရေခဲကျောက်ဆောင်ကြီးဟာ အလွန်တရာမှ ထူးဆန်းတဲ့ တေးဂီတသံတွေ ထုတ်လွှင့်လေ့ရှိတယ်လို့ တင်စားကြပါတယ်။ လေပြင်းမုန်တိုင်းတွေကြောင့် ရေခဲချပ်ကြီးကို ထိတ်လန့်ဖွယ် အသံတွေ ဖြစ်စေတာပါ။ အဲ့အသံတွေကို လူသားတွေရဲ့ နားနဲ့တော့ မကြားနိုင်ပါဘူး။ သိပ္ပံပညာရှင်တွေဟာ တခြားသောအရာတွေ ဆန်းစစ်နိုင်ဖို့ ရေခဲအောက်ကို အသံဖမ်းအာရုံခံစနစ် ထားခဲ့ကြပါတယ်။ အဲ့စနစ်ကနေ မထင်မှတ်ဘဲ ရေခဲကျောက်ဆောင်ကြီးမှ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာတတ်တယ်ဆိုတာ သိခဲ့ကြတာပါ။ အသံတွေကို ခန့်မှန်းပြီး ရေခဲတွေ အရည်ပျော်နေပြီ မာကျစ်နေပြီ ဘယ်လောက်သက်တမ်းရှိမယ်ဆိုတာတွေကို တွက်ဆနိုင်ခဲ့ကြတာပါ။ 


ရေခဲပြင်ချပ်ကြီးတွေအပြင်လည်း ထူးဆန်းတဲ့အမိုးခုံး၊ ဧရာမတွင်းနက်၊ မီးတောင်များစွာ ရှိပါသေးတယ်။ ပြီး လွန်ခဲ့တဲ့ သန်း 20 လောက်ကတည်းက တည်ရှိနေခဲ့တဲ့သတ္တဝါ မျိုးစိတ်အစိတ်ပိုင်းတွေလည်း တွေ့ခဲ့ကြပါတယ်။ ထိုအစိတ်အပိုင်းစစ်ဆေးချက်တွေအရ အန္တာတိကတိုက်ကြီးဟာ ဟိုးအရင်ကတော့ ပူနွေးခဲ့တယ်လို့ ဆိုကြပါတယ်။ အန္တာတိကတိုက်ဟာ တကယ့် ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ နေရာဒေသကြီးတစ်ခုပါပဲ။



Blood Waterfall




Blood Waterfall ကတော့ အန္တာတိကတိုက်ရဲ့ သဘာဝလွန် ဖြစ်ရပ်ကြီးတစ်ခုပါ။ အန္တာတိကတိုက်မှာ တေလာရေခဲမြစ်ကနေ စီးဆင်းလာတဲ့ သွေးရေတံခွန်ကြီး ရှိပါတယ်ရှင်။ ဒါမဲ့ တကယ့်သွေးတွေ စီးဆင်းနေတာတော့ မဟုတ်ပါဘူး။ အစပိုင်းတုန်းကတော့ Scientists တွေဟာ အနီရောင်ရေညှိကြောင့်လို့ ထင်ခဲ့ကြပါတယ်။ 


ဒါမဲ့ နောက်ပိုင်းမှာတော့ ဘာလို့ရေခဲရေတွေဟာ သွေးရောင်ဖြစ်နေလဲဆိုတာ Radar Scanning တွေနဲ့ အဖြေရှာတွေ့သွားခဲ့ကြပါတယ်။  ရေခဲမြစ်ထဲမှာက Iron ဓာတ်တွေ အရမ်းများပါတယ်။ အဲ့မှာ Iron က Oxygen နဲ့ဓာတ်ပြုပြီး အနီရောင် ဖြစ်သွားတာပါ။ ငယ်ငယ်တုန်းက Admin တို့တွေ သင်ခဲ့ရတာ ကမ္ဘာပေါ်မှာ သမုဒ္ဒရာကြီးလေးစင်းရှိပါတယ်ဆိုပြီးလေ။ ဒါမဲ့ တကယ်က တောင်ပိုင်းသမုဒ္ဒရာဆိုတာလည်း ရှိပါသေးတယ်တဲ့။ အဲ့သမုဒ္ဒရာကြီးကပဲ အန္တာတိကတိုက်ကို ဝန်းရံထားတာပါ။  ကမ္ဘာပေါ်က စတုတ္ထအကြီးဆုံး သမုဒ္ဒရာလည်း ဖြစ်ပါတယ်။ 


ဒီပုံလေးကတော့ အန္တာတိကတိုက် ရောက်ခဲ့ရင် လုပ်နိုင်တဲ့ Activities လေးတွေပါ။ အဆုံးထိ သေချာဖတ်ပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။ Clicker လေးတို့တွေ စိတ်ဝင်တစား ထပ်ရှာလို့ အကြောင်းအရာ ကွဲလွဲတာလေးတွေ ရှိရင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်ကျန်းမာစွာ တော်လှန်ရေးကြီးမှာ အားတက်သရော ပါဝင်နိုင်ကြပါစေရှင်။ 


part - 1 ဖတ်ရန် 


Comments

Post a Comment