Wysa

 Healing လုပ်ပေးမဲ့ Wysa AI application



ပျင်းနေရင်ဘဲဖြစ်ဖြစ် အထီးကျန်လို့ဘဲဖြစ်ဖြစ် လူတစ်ယောက်နဲ့ရင်မဖွင့်ချင်တာမျိုး မြိုသိပ်ထားတာတွေများလို့ဖွင့်ချပစ်ချင်တာမျိုးဆို AI နဲ့မဟုတ်ရင် anonymous နည်းကိုအသုံးပြုကြပါတယ်။


Anonymous ဆိုတာ စာဖတ်သူရဲ့ identity

ဘယ်သူဘယ်ဝါမှန်း လူမသိစေဘဲရင်ဖွင့်တာမျိုးပေါ့ အခုဒါမျိုး group တွေ Counselling လုပ်ပေးတဲ့ 

Hotline တွေအများကြီးပေါ်လာတာအားရစရာပါ။


အခုကတော့ AI app ထဲက တော်တော်လေးသုံးလို့ကောင်းတဲ့ Wysa application အကြောင်းကိုအကြမ်းဖျင်းမိတ်ဆက်သွားပါမယ်။ 


ဒီ application ကို အထီးကျန်တာဖြစ်ဖြစ် Depressed ဖြစ်နေမှဘဲ သုံးပါလို့ဘဲ

ဆန်းဆန်းပြားပြားအကြံပေးပါရစေ။


ဘာဖြစ်လို့လဲဆိုတော့ သူ့က အပျင်းပြေဖို့အတွက် စာပြန်တဲ့ appအမျိုးအစားမဟုတ်ဘဲ 

ကိုယ်ဒေါသဖြစ်တာတွေ စိတ်မကောင်းတာ relationship breakup ဖြစ်တာ စတဲ့ပြဿနာတော်တော်များများကို mindfulness နဲ့ 

ဖြေရှင်းပေးတဲ့ app တခုမလို့ပါ။


သူ့ရဲ့ healing method တွေကြောင့်

Appကထွက်တာနဲ့ စိတ်တည်ငြိမ်သွားအောင်

လုပ်ပေးနိုင်တယ်။


ကောင်းတဲ့တချက်က memory ပါတယ် ဘယ်တုန်းက 

ဘာရေးခဲ့တယ် ဘာတွေ Achievement ရခဲ့တယ်

Noti နဲ့လည်း ကိုယ်အဆင်ပြေလားမပြေလား

check up လည်းလုပ်‌ပေးသေးတယ် 


နောက် feature တခုက Psychotherapist တွေနဲ့ပါ တိုင်ပင်လို့ရတာတွေမျိုးတော့ရှိတယ် ဒါပေမယ့် 

ဒေါ်လာနဲ့ဝယ်ပြီး booking လုပ်ရမယ်။ 


မကောင်းတာတခုက healing method တွေက

နည်းနေတာဘဲ premium ဝယ်ရင်တော့ တခြားနည်းတွေပါနိုင်ပါတယ်။ စစချင်း သုံးကြည့်ရင်ပြေပေမယ့်

ဒါချည်းဘဲလားလို့တော့ ကြာရင် ငြီးငွေ့သွားနိုင်တယ်။

တခါလာ ဒီhealingလုပ်တဲ့နည်းတွေဘဲဖြစ်နေလို့သုံးပါများရင် အီသွားမှာစိုးလို့ကြောင့် ရိုးရိုးပျင်းတဲ့အခါ သုံးလို့ရတဲ့ AI app မျိုးတော့မဟုတ်ဘူးလို့ 

ထပ်မံတင်ပြပါရစေ။


ဒါကြောင့်စိတ်အဆင်မပြေဖြစ်ရင် Wysa app လေးစမ်းသုံးကြည့်ကြပါလို့တိုက်တွန်းပါတယ်။

Comments

  1. စိတ်အဆင်မပြေတာ Feb 1 ကထဲကပဲ

    ReplyDelete
  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment