​ဒေါင်းယာဥ် ပျံဘုံနံ​ဘေးမှာ စာ​ရေးလို့ ထားချင်တယ်

 


ဒီ​နေ့ ညွှန်းပေးချင်တဲ့ စာအုပ်လေးကတော့ 

ဆရာနွမ်ဂျာသိုင်းရဲ့ "ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်" ဆိုတဲ့ စာအုပ်လေးပါ။


ရန်ကုန်စီးပွားရေးတက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသူလေး သက်သက်


ပထမနှစ်ထဲက နောက်ဆုံးနှစ်အထိ ပန်ဆင်လိုသူတွေများပေမယ့် တစ်ယောက်မှ မရွေးချယ်ပဲ စာကိုသာကြိုးစားခဲ့သော သက်သက်ကို လေးစားရသည့် အခန်း‌ဖော်သူငယ်ချင်း ခင်ဆွေမြင့်


သက်သက်၏မောင်လေး ဆယ်တန်းစာမေးပွဲအောင်စာရင်းကိစ္စ ကူညီပေးသော ၊ခင်ဆွေမြင့် မိတ်ဆက်ပေးသဖြင့် သိခဲ့ရသော မမဦးဟုခေါ်သည့် ဆရာမဒေါ်တင်မေဦး


ဆရာမဒေါ်တင်မေဦးနှင့် အသက်ဆယ်နှစ်ကွာသော

ဒေါ်တင်မေဦးရဲ့ ယောကျာ်းကိုနိုင်လင်း


ကိုနိုင်လင်းနှင့် အသက်‌အတော်ကွာသော

တက်သစ်စ အဆိုတော်မလေး မြမိုးသူ


တစ်ခါတစ်လေ မှာ မဖြစ်နိုင်လောက်ပါဘူးလို့

ထင်ထားတဲ့အရာတွေက တကယ်ဖြစ်လာတဲ့အခါ မိမိကိုယ်တိုင်ခံစားရတဲ့ ဆိုးကျိုးတွေက များပြား လှပါတယ်။ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိလို့နောက်ဆုတ်ဖို့ ခြေလှမ်းပြင်‌နေတဲ့သက်သက်ဟာ ပတ်၀န်းကျင်ကို အရွဲ့တိုက်တတ်တဲ့ စိတ်လေးကြောင့် အမှားတွေကိုပဲ ဇွတ်တိုးလုပ်ခဲ့မိပါတယ်။ရိုးသားစွာ အားနာစွာခင်ခဲ့မိတဲ့ ဆက်ဆံရေးတွေဟာလည်း တစ်ခါတစ်လေမှာ မှားယွင်းသွားတတ်ကြပါတယ်။အနုပညာဝါသနာပါတာ တူညီတဲ့

ကိုနိုင်လင်းနဲ့ သက်သက်တို့နှစ်ယောက်ရဲ့မောင်နှမလို ဆက်ဆံရေးဟာ ပတ်၀န်းကျင်ရဲ့ရိုက်ခတ်မှုကြောင့် ပြောင်းလဲခဲ့ရပါတယ်။ပတ်၀န်းကျင်ရဲ့ရိုက်ခတ်မှု၊ ဒေါ်တင်မေဦးရဲ့စွပ်စွဲမှုတွေသာ

မပြင်းထန်ခဲ့ရင် ဒီလောက်ထိ ဖြစ်သွားလိမ့်မယ် မထင်မိပါဘူး။သက်သက်ကလည်း အိမ်ထောင်ရှိတဲ့ ကိုနိုင်လင်းကို အားနာစွာ ခင်ခဲ့မိတာလည်း မဟာအမှားတစ်ခုပါပဲ။လုပ်ချင်တာကို ရအောင်လုပ်တတ်တဲ့ သက်သက်တစ်ယောက် အိမ်ထောင်ရှိတဲ့ ကိုနိုင်လင်းကို ရအောင်ယူခဲ့ပါတယ်။သက်သက်တို့အိမ်‌ထောင်ရေးကအစပိုင်းမှာ အေးချမ်းခဲ့ပင်မဲ့ နောက်ပိုင်းမှာတော့ မငြိမ်းချမ်းလှပါဘူး။သက်သက် ရဲ့ အခုဘ၀မှာတင် ပြန်လည်တဲ့၀ဋ်‌

ကြွေးကလည်း တော်တော်ကြောက်စရာကောင်းလှပါတယ်။သက်သက်ရဲ့သား‌လေး စာဖတ်တတ်တဲ့ အရွယ်ရောက်တဲ့အခါ ငယ်ရွယ်တဲ့ တက်သစ်စ အဆိုတော်မြမိုးသူနဲ့ နိုင်လင်းတို့ဖောက်ပြန်တဲ့အချိန် သက်သက်တစ်ယောက် မမဦးကို ခံစားရအောင်လုပ်တာထက် ပိုခံစားခဲ့ရပါတယ်။ဒီစာအုပ်ထဲမှာ

မမဦးထားရှိတဲ့စိတ်ထားကလည်း ဘယ်သူမှမထားနိုင်တဲ့စိတ်ထားမျိုးပါပဲ။


မမဦးပြောသလိုမျိုး နိုင်လင်း၊သက်သက်၊မမဦး၊မြမိုးသူတို့ဟာ ခေတ်သစ် သီပေါမင်း၊စုဖုရားလတ်၊စုဖုရားကြီး၊ဒိုင်းခင်ခင်တို့ဖြစ်ခဲ့ကြပါတယ်။


စုဖုရားကြီး ရေးခဲ့တဲ့ တေးထပ်လိုမျိုးပါပဲ


ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်။

ကပ္ပဋ္ဌီငါးသွယ်မှာ

တစ်ပါးမယ်ဆူလိုက်လို့

ပူခိုက်ကိုသူသုန်မှုန်

အေးမှရိပ်လှုံ.....

ဘဝတိုင်းသည်ပုံလို

နောင်ကြုံမယ်

ကြောက်လွန်းလို့လေး"


ဒီစာအုပ်လေးက မိန်းကလေးတိုင်းဖတ်သင့်တဲ့

စာအုပ်ကောင်းလေးတစ်အုပ်ပါ။အိမ်ထောင်ရှိယောကျာ်းတွေကို လိုအပ်တာထက်ပိုမပတ်သက်သင့်ကြောင်း၊အားနာစွာနဲ့ လိုအပ်တာထက်

ပိုမခင်မင်သင့်ကြောင်း အသိတွေ၊သတိတွေ ပေးထားတဲ့ စာအုပ်ကောင်းလေးပါပဲ။


#review_by_KCCT

Comments

  1. ဆန္ဒဝတော ~~~ ဆန္ဒ၏ အစွမ်းကြီးမှုကြောင့်၊

    ကိံ နာမ ကမ္မံ ~~~ အဘယ်သို့သော အမှုလုပ်ငန်းကိစ္စမည်သည်၊

    န သိဇ္ဈတိ ~~~ မပြီး၍ မရှိနိုင်

    ReplyDelete

Post a Comment