Deja Vu

 ဒီနေ့ ပြောပြသွားမယ့်အကြောင်းအရာကတော့ deja vu ဖြစ်ပါတယ်။ Deja vu ဆိုတာ ဘာလဲ ဘယ်လဲ။ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ကို အရင်က ဖြစ်ခဲ့ဖူးသလို ခံစားရတာမျိုး ကြုံဖူးကြမှာပါ။ ဘယ်မှာဖြစ်ခဲ့လဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်တော့လည်း စဉ်းစားလို့ မရပြန်ပါဘူး။ ဒီလိုအဖြစ်ကို deja vu လို့ ခေါ်တာဖြစ်ပါတယ်။




အသက် (၈) နှစ်၊ (၉) နှစ်လောက်ကစပြီး deja vu ဖြစ်လေ့ ရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အများဆုံး ဖြစ်တတ်ပြီး အသက်ကြီးလာလေ အဖြစ်နည်းလာလေပါ။ ဒါကြောင့် deja vu ဖြစ်ခြင်း၊ မဖြစ်ခြင်းက ဦးနှောက်ဖွံ့ဖြိုးလာခြင်းနဲ့ သက်ဆိုင်နေတယ်လို့ ဆိုနိုင်ပါတယ်။ deja vu ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ လူသိအများဆုံး သီအိုရီတစ်ခုကတော့ သိစိတ်နဲ့ မသိစိတ်ကို ဆက်သွယ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ အချိတ်အဆက်လွတ်သွားလို့ deja vu ဖြစ်ရတာပါတဲ့။


ဒီသီအိုရီကို ပြန်ရှင်းပါမယ်။ အဖြစ်အပျက်တစ်ခု ဖြစ်နေစဉ်မှာ နောက်တစ်ခု ဖြစ်တယ်၊ ပြီးတော့ နောက်တစ်ခု ထပ်ဖြစ်တယ်။ ဥပမာ - ပန်းခြံထဲ လမ်းလျှောက်နေတုန်း ကလေးတစ်ယောက်ကို မြင်တယ်၊ ခွေးတစ်ကောင်ကို ထပ်မြင်တယ်ဆိုပါစို့။ မသိစိတ်မှာ အဲဒီအဖြစ်အပျက်တွေကို မှတ်ဉာဏ်အဖြစ် သိမ်းဆည်းလိုက်ပါတယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ သိစိတ်ကို  သတင်းရောက်တာက နည်းနည်းလေး (တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းသေးသေးလေး) နောက်ကျသွားတဲ့အခါ ဒီအဖြစ်ကို ကြုံဖူးပြီးသလို ခံစားလိုက်ရပါတယ်။ ဦးနှောက်အစိတ်အပိုင်းတွေ အချိတ်အဆက်မမိတာကတော့ temporal lobes မှာ ဒဏ်ရာရှိနေရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် deja vu ဖြစ်တိုင်း စိုးရိမ်နေစရာတော့ မလိုပါဘူး။ ဒီလိုအချိတ်အဆက်မမိတာမျိုးက ဒီတိုင်းလည်း ဖြစ်တတ်လို့ပါ။





အိပ်ပျော်ခါနီးမှာ ပြုတ်ကျသလိုခံစားလိုက်ရလို့ ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားပြီး နိုးလာတာမျိုးလည်း ကြုံဖူးကြမှာပါ။  Scientific name ကတော့ hypnagogic jerk လို့ ခေါ်ပါတယ်။ Hypnagogic jerk ဘာလို့ဖြစ်လဲဆိုတော့ အိပ်နေတဲ့အချိန်မှာ ကြွက်သားတွေက ပြေလျော့သွားပါတယ်။  ဒါပေမယ့် ဦးနှောက်တစ်စိတ်တစ်ပိုင်းကတော့ အိပ်မပျော်သေးတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်ပြီဆိုရင် လေထဲလွင့်နေသလို ခံစားရပြီး ကြွက်သားတွေကို ကျုံ့လိုက်တဲ့အတွက် နိုးလာတာဖြစ်ပါတယ်။





deja vu နဲ့ ဆင်တဲ့ နောက်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ jamais vu ပါ။ အရင်က ကြုံဖူးတွေ့ဖူးတာတွေကို အသစ်လို ခံစားရတာကို jamais vu လို့ ခေါ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရသူတွေဆိုရင် သူတို့သိတဲ့လူတွေကို မြင်တဲ့အခါ မမှတ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလူကို မသိပါဘူးလို့ ငြင်းတတ်ကြတယ်။ ကျွန်တော်တို့အားလုံးလည်း jamais vu ကို ကြုံဖူးကြပါတယ်။ ဥပမာပေးရရင် စကားလုံးတစ်ခုကို ထပ်ခါထပ်ခါ ရွတ်ကြည့်လိုက်ပါ၊ နည်းနည်းကြာတဲ့အခါ အဲဒီစကားလုံးရဲ့ ဆိုလိုရင်းက ဘာလဲဆိုတာ မေ့သလိုလိုဖြစ်လာပါလိမ့်မယ်။


ဒီနေ့တော့ Deja vu အကြောင်းသာမက jamais vu အကြောင်းကိုပါ ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ​နောက်ထပ်​နောက်ထပ် ဗဟုသုတရစရာ​တွေကို ဖတ်ရှုဖို့အတွက် Click for Revolution page လေးမှာ ဝင်ကလစ်ရင်း စောင့်မျှော်ပေးကြပါဦး။

Comments

  1. ခုထိဖြစ်တုန်းပဲ သုံးဆယ်တောင် စွန်းပြီကို

    ReplyDelete
  2. ဖြစ်ဖူးပါတယ်ဗျ

    ReplyDelete
  3. Replies
    1. Do u get Deja Vu when she's with u??oooh🐬

      Delete
  4. အလံကို

    ထိပ်ဆုံးလူလက်

    ထိလုလုအချိန်……


    ချောတိုင်ရင်းကို

    တင်းတင်းဖက်ထားတဲ့

    အောက်ဆုံးလူ ပုခုံးသားမျိုး

    တို့နှလုံးသားတွေ

    သန်မာစမ်းပါရစေ……


    #မင်းကိုနိုင်

    ReplyDelete
  5. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  6. ငယ်ငယ်ကဆိုကိုယ့်ကိုကိုယ်စွမ်းအားရှင်မှတ်ခဲ့တာဒီလိုကြုံရလို့

    ReplyDelete
  7. Deja Vuလည်းဖြစ်တယ် ခဏခဏဖြစ်တာကတော့ အိပ်နေရင်းအမြင့်ကနေပြုတ်ကျသလိုခံစားရတာပဲ

    ReplyDelete
  8. Click 💄💄🍍🍍🍍

    ReplyDelete

Post a Comment