V's Birthday

 


ဒီနေ့ကတော့  BTS အဖွဲ့ဝင်  V ရဲ့ 26 နှစ်ပြည့် (korean age 27) မွေးနေ့လေးပဲဖြစ်ပါတယ်💞✨

 "Happy Birthday Taehyungie "✨💕

V ရဲ့ နာမည်အရင်းကတော့ Kim Tae Hyung ဖြစ်ပြီး 1995 Dec 30မှာ Daegu ,South Korea မှာမွေးဖွားခဲ့ပါတယ်။ မိသားစုထဲ အကြီးဆုံးသား ဖြစ်ပြီး ညီလေးတစ်ယောက်နဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ လယ်သမားမိသားစုကနေမွေးဖွားလာခဲ့သူဖြစ်ပြီး အဆိုတော်ဖြစ်ဖို့ရည်ရွယ်ချက်က အ‌‌ခြေခံကျောင်းအဆင့်မှာပဲစတင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အားပေးမှုနဲ့ အလယ်တန်းနှစ်အစောပိုင်းကစပြီး saxophone lessons တွေကိုသင်ယူခဲ့ပါတယ်။ V ဟာ BigHit  audition သွားဖြေတဲ့ သူငယ်ချင်းကိုအဖော်လိုက်ပေးခဲ့ရင်း company တာဝန်ရှိသူတွေကသဘောကျ၍ audition ဖြေဖို့တိုက်တွန်းရာမှ ဝင်ဖြေကာ အောင်သွားခဲ့ပါတယ်။ pre debut ကာလမှာ V ကို အဖွဲ့ရဲ့ secret member အဖြစ်လျှို့ဝှက်ထားရှိကာ debut trailer video မှာမှပါဝင်ခဲ့ပါတယ်။  June 13,2013 မှာ  No more dream ဆိုတဲ့ debut song နဲ့ဖျော်ဖြေပြီး BTS member အဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။

composer အဖြစ်ပထမဆုံး credit ပေးခံရတာကတော့ The Most Beautiful Moment in Life,Part 1 ထဲမှာ co-wrote and co-produced လုပ်ခဲ့တဲ့ Hold  Me Tight ဆိုတဲ့သီချင်းလေးပါ။ အဲ့ဒီနောက် Wings album မှာပါတဲ့ သူ့ရဲ့ solo song "Stigma" ရဲ့ music composition and lyrics မှာလည်းပါဝင်ခဲ့ပါတယ်။ May 2018 မှာ သူ့ရဲ့ second solo song "Singularity" က Love Yourself:Tear album မှာပါဝင်ခဲ့ပါတယ်။

2016 မှာ KBS drama Hwarang မှာ supporting role ကနေပါဝင်ခဲ့ပြီး actor Kim Tae Hyung အနေနဲ့ debut ခဲ့ပါတယ်။ ထို Drama ရဲ့  OST "It's definitely you" ကို Jin နဲ့အတူသီဆိုပေးခဲ့ပါတယ်။ January 30,2019 မှာ ကိုယ်တိုင် compose လုပ်ထားတဲ့ "Scenery " ဆိုတဲ့သီချင်းလေးကို SoundCloud ကနေတဆင့်ထုတ်ခဲ့ပါတယ်။ ခုနစ်လကြာပြီးနောက် " Winter Bear " ဆိုတဲ့ solo song လေးကို RM နဲ့တခြားသူတွေနဲ့အတူ produce ခဲ့ပါတယ်။ 2020 မှာတော့ JTBC drama, Itaewon Class အတွက် ကိုယ်တိုင်ရေးထားတဲ့  "Sweet Night" ဆိုတဲ့သီချင်းလေးကိုသီဆိုပေးခဲ့ပါတယ်။ Dec 25,2020 မှာတော့ "Snow Flower" ဆိုတဲ့ solo song လေးကိုထွက်ရှိထားပါတယ်။အခုလတ်တလောပြသနေတဲ့ ongoing drama " Our Beloved Summer" အတွက် "Christmas Tree" ဆိုတဲ့ OST လေးကိုဆိုပေးထားပါသေးတယ်.....


Happy Birthday Our Taehyungie 💗 အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုပဲပိုင်ဆိုင်နိုင်ပါစေ🥳❤️

Comments

Post a Comment