Numbers and their meanings

 တူညီသည့်နံပါတ်များကိုထပ်ခါထပ်ခါမြင်ဖူးပါသလား။နံပါတ်တွေမှာအမှာပါးချင်တဲ့စကားတွေရှိတယ်ဆိုတာကိုယုံလား။မယုံလဲအပျင်းပြေဖတ်ကြည့်သွားဖို့နံပါတ်တွေထဲကအချို့ရဲ့ပါးချင်တဲ့အမှာစကားတွေကိုဖော်ပြထားတယ်။နံပါတ်အချို့ကတော့သုညကနေကိုးအထိသူတို့ချည်းပဲသုံးလုံးပူးနေတဲ့{000,111,...etc.}တို့လိုနံပါတ်တွေပဲဖြစ်တယ်။

000အဓိပ္ပါယ်


အခွင့်အရေးကစောင့်မျှော်နေသည်။ သင့်အတွက်အနှိုင်းမဲ့ပံပိုးမှုတွေကိုသင်ရဲ့Angles(သင့်ကိုစောင့်ရှောက်နေတဲ့Angles)တွေဆီကရနိုင်ပါတယ်။ အခွင့်အရေးအသစ်တွေလည်းသင့်ဆီတန်းတန်းမတ်မတ်ရောက်နေပါပြီ၊နီးလာပါပြီ။


111အဓိပ္ပါယ်


သင့်ကိုယ်သင်ထုတ်ဖော်ပါ။ သင်ဟာကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီးတုန့်​ပြန်ဖို့အဆင့်သင့်ဖြစ်နေပါပြီ။ ကျယ်ကျယ်ပြန့်ပြန့်မျှဝေပါ။ မျှဝေရန်စောင့်နေဖို့မလိုဘူး။ သင့်ဖြတ်သန်းခဲ့တဲ့ဗဟုသုတတွေ၊အသိအမြင်တွေအပေါ်သင်ကြားပါ၊သင်ယူပါ။ သင့်ရဲ့အလိုလိုသိခြင်းတွေကိုယုံကြည်ပါ။



222အဓိပ္ပါယ်


ပို၍မြဲမြံတဲ့ခြေလှမ်း(အခြေ)ကိုရှာဖွေပါ။ သင့်ဘဝထဲမှာဟန်ချက်မညီခြင်းတွေရှိကောင်းရှိနိုင်တယ်။ ဦးစားပေးအခြေအနေချမှတ်ခြင်းနဲ့လုပ်ဆောင်မှုတွေကိုပြန်လည်ထုတ်ဖော်ပါ။ 



333အဓိပ္ပါယ်


သင်ဘာကိုကမ်းလှမ်း(ပေးကမ်း)ချင်တာလဲဆိုတာစူးစမ်းရှာဖွေပါ။ သင်ရဲ့မှော်ဆန်မှုတွေကိုဖြန့်ထုတ်ပါ။ သင့်ဘဝရဲ့မြင့်မားတဲ့ရည်ရွယ်ချက်ကိုရှာတွေ့တဲ့အထိနက်နက်တူးဖော်ပါ။



444အဓိပ္ပါယ်


ဦးဆောင်နေရတဲ့အရာတွေကိုရင်ဆိုင်ပါ။ သင်ပါဝင်ထားတဲ့တစ်ဦးချင်းယှဥ်ပြိုင်ရတဲ့စိန်ခေါ်ခြင်းတွေမှာဖြတ်သန်းပြီးလိုချင်တာကိုရယူပါ။ သင်ကိုပံ့ပိုးနေတဲ့အဖွဲ့အစည်းအပေါ်အာရုံစိုက်ပြီးအခြေကိုတည်ဆောက်ကာယုံကြည်မှုကိုစီးနင်းလိုက်ပါ။ 



555အဓိပ္ပါယ်


ပြောင်းလဲခြင်းအတွက်အချိန်ပါပဲ။ ပြောင်းလဲမှုကနီးကပ်လာပြီ။ သင့်အတွက်ပိုကောင်းပြီးသစ်လွင်တဲ့လမ်းကြောင်းတစ်ခုပေါ်ထွက်လာပါပြီ။ နောက်အဆင့်တွေယူဖို့သာလိုအပ်တာပါ။ 



666အဓိပ္ပါယ်


အရာတွေကနည်းလမ်းအသစ်နဲ့ရှုကြည့်ပါ။ 

သင့်ဘဝထဲကိုငြိမ်းချမ်းရေးကိုဖိတ်ခေါ်ပြီးအတွေးဆိုးတွေကိုထိန်းချုပ်ဖို့ရှုထောင့်ပြောင်းကြည့်ပါ။



777အဓိပ္ပါယ်


စွမ်းအားတွေဟာပြောင်းလဲနေတယ်။ ရစ်ပတ်နွယ်တတ်သောပြန်လည်ချိန်ဆခြင်းကဖြစ်ပွားဖို့အကြောင်းရှိ။  သဘာဝကလက်​ဆောင်ပေးတဲ့ပင်ကိုစွမ်းရည်ကိုသုံးပါ။ 



888အဓိပ္ပါယ်


တာဝန်ရှိခြင်းနဲ့ဟန်ချက်ညီခြင်းရဲ့သင်ခန်းစာကိုညွှန်ပြသည်။ ကျွန်ုပ်တို့ဟာစံထားလောက်တဲ့ဟန်ချက်ညီခြင်းဒါမှမဟုတ်ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းဖို့မဟုတ်တဲ့တာဝန်ရှိခြင်းကိုခွင့်မပြု။ ဘေးဘက်ကလှမ်းနေတဲ့အခါဘယ်နေရာမှာသင်လှမ်းနေကြောင်းအသေးစိတ်စစ်တမ်းယူပါ။



999အဓိပ္ပါယ်


အဟောင်းတွေကိုသွားခွင့်ပြုလိုက်ဖို့အသစ်တွေအတွက်အခန်းတစ်ခန်းပြုလုပ်လိုက်ပါ။ သင့်ဘဝထဲကအခန်းတစ်ခုကိုပိတ်ဖို့ခွင့်ပြုပြီးအခြားတစ်ခုဖွင့်ကြည့်လိုက်ပါ။ 


ဖွင့်ဆိုသူအလိုက်အမှာစကားတွေရဲ့အဓိပ္ပါယ်တွေဟာကွဲပြားသွားပါတယ်။အခုကတော့Googleမှာရှာဖွေရင်းတွေ့ခဲ့တဲ့နံပါတ်အချို့ရဲ့အမှာစကားလေးတွေကိုမြန်မာပြန်ကြည့်ထားရုံဖြစ်လို့အမှားတစ်စုံတစ်ရာပါရှိခဲ့ရင်ခွင့်လွှတ်ပေးစေလိုပါတယ်။ 


ချစ်ခြင်းများစွာဖြင့်♡

Comments

Post a Comment