Asthma- ပန်းနာရင်ကြပ်

​ဆောင်းရာသီနဲ့ ပန်းနာရင်ကြပ်


ပန်းနာရပ်ကြပ် ​ရောဂါ ဆိုတဲ့ စကားက မြန်မာပြည်က လူ​တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ် 

အရပ်​ခေါ် ပန်းနာ ရင်ကြပ်​ရောဂါ ၊

​ဆေးပညာ အ​ခေါ်အ​ဝေါ်နဲ့ ​ပြောရမယ်ဆိုရင်​တော့ နာတာရှည် အဆုတ်​ရောင် ​ရောဂါ တစ်မျိုးပါပဲ



ပန်းနာရင်ကြပ်(bronchial asthma) ဘာ​ကြောင့်ဖြစ်သလဲ?



အရှင်းဆုံး​ပြောရရင် ဓါတ်မတည့်ခြင်း​(allergic reaction)ကြောင့်ပါပဲ။


ဘာ​တွေနဲ့ ဓါတ်မတည့်တာလဲ ဆို​တော့

1.ပတ်ဝန်းကျင်​လေထုထဲမှာ ရှိတဲ့ ဖုန် ၊​ဆေးလိပ်​ငွေ့

2.စက်ရုံ ၊ကား၊ဆိုင်ကယ်က​နေ ထွက်လာတဲ့ ဓါတ်​ငွေ့

3.ပန်းဝတ်မှုန်

4.ပိုးသတ်​ဆေး ၊ ​ပေါင်း​သတ်​ဆေး

5.အိမ်​မွေး တိရစ္ဆန် ​တွေဖြစ်တဲ့ ​ကြောင်၊​ခွေး၊ပိုးဟပ်အစရှိတဲ့ allergens ​တွေ​ကြောင့်ပဲ ဖြစ်ပါတယ်


အ​ပေါ်မှာ ​ပြောထားတဲ့ ဓါတ်မတည့်တဲ့အရာ​တွေကို

ရှုသွင်းမိတဲ့အခါကျွန်​တော်တို့ ခန္ဓါကိုယ် က တုံ့ပြန်တဲ့ အ​နေနဲ့ ဒီအရာ​တွေကို ထပ်မရှုမိ​အောင် Histamine ဆိုတဲ့ transmittor တစ်မျိုးကို ထုတ်လိုက်ပါတယ်


သူ့ရဲ့ ရည်ရွယ်ချက်က အသက်ရှုတဲ့ ​လေပြွန်​တွေကို 

ကျဥ်း​စေ၊ အသက်ကို မြန်မြန်ရှုထုတ်​​စေပြီး ဓါတ်မတည့်တဲ့ အမှုန်အမွှား​တွေကို ပြန်ရှုထုတ်ဖို့၊ ​နောက်ထပ်

မရှုမိ​စေဖို့ပါ 


ဒါ​ပေမဲ့ ​ အသက်ရှုလမ်း​ကြောင်းမှာ ရှိတဲ့ လေပြွန်​တွေက​တော့ Histamine ကို အလွန်အကျွံတုံ့ပြန်လိုက်တဲ့အခါ လေပြွန်တစ်​လျှောက် ​ရောင်ရမ်း​မှုဖြစ်တဲ့အပြငွ

လေပြွန်ကြွက်သား​တွေပါကျုံ့ ​စေပြီး ​အသက်ရှုလမ်း​ကြောင်းကျဥ်းခြင်း ​တို့ကို ဖြစ်​စေပါ​​တယ်


ဒီ​နေရာမှာ ​မေးစရာရှိတာက အ​ပေါ်က allergens ​တွေရှုမိတဲ့ လူတိုင်း asthma ဖြစ်သလားလို့ပါ


ကျွန်​တော်တို့​နေစဥ် ဖုန်​၊ ဓါတ်​​ငွေ့​၊ ​ဆေးလိပ်​ငွေ့၊ ပန်းဝတ်မှုန်​တွေ ရှု​နေ ​၊ခွေး​တွေ​ကြောင်​တွေ နဲ့ ထိ​တွေ့​နေ​ပေမဲ့ လူတိုင်း asthma မဖြစ်ပါဘူး


ဘာ​ကြောင့်လဲဆို ခန္ဓါကိုယ်ရဲ့ တုံ့ပြန်ပုံကွာလို့ပါပဲ

သာမန်လူတစ်​ယောက် ဖုန်​တွေ ​ဆေးလိပ်​ငွေ့ရှုမိတဲ့ အခါ အဆုတ်ထဲမ​ရောက်​အောင် ချောင်း ၁ချက်၂ချက်ဆိုးပြီး ရှုထုတ်ရုံ​လောက်ပဲ ခန္ဓါကိုယ်က တုံ့ပြန်ပါတယ်


Asthma ရှိတဲ့ သူ​မှာ​တော့allergens ​တွေနဲ့​တွေ့တဲ့ အခါ တုံ့ပြန်မှုလွန်ကဲပြီး ဒီထက်ဆိုးတဲ့ လက္ခဏာ​တွေဖြစ်ပါ​​တော့တယ်


ဒီ​တော့ asthma ဖြစ်မဖြစ်ဆိုတဲ့ ခန္ဓါကိုယ်ရဲ့ အလိုအ​လျောက်တုံ့ပြန်ခြင်းကို ထိန်းချုပ်​ထားတဲ့ မျိုးရိုးဗီဇ (genes) ​တွေပဲ မူတည်ပါတယ်


ဘာ​လက္ခဏာ​တွေ ဖြစ်​စေလဲ? 



အသက်ရှုလမ်း​ကြောင်းပုံမှန်ထက် ကျဥ်းလာတဲ့အခါ

1.အသက်ရှုတဲ့ အခါ တရွှီရွှီ မြည်ခြင်း

2. အသက်ရှုခက်ခဲပြီး ​​မောခြင်း

3.​ချောင်း​​ခြောက်ဆိုးခြင်း

4.ရင်ကြပ်ခြင်း တို့ကို အများဆုံး ခံစားရပါတယ်


ဘယ်အချိန်​တွေမှာ ဖြစ်သလဲ

ပတ်ဝန်းကျင်မှာ ပန်းနာရင်ကြပ်ရှိတဲ့သူ​တွေကို ​တွေ့ဖူးရင် သိပါလိမ့်မယ် သူတို့ကို ကြည့်ရင် အမြဲ ရင်ကြပ်​နေ၊​မော​နေတာမျိုး မဟုတ်ဘဲ ​​ရောဂါ ထလိုက်၊သာက်သာလိုက် တလှည့်စီဖြစ်​နေတတ်ပါတယ်

ဒါဟာ ဒီ​ရောဂါရဲ့ တခြား​နာတာရှည်အဆုတ်​ရောဂါ​တွေနဲ့ မတူတဲ့အချက်ပါပဲ

asthma ​ရောဂါရှိတဲ့သူ​တွေဟာ ​နေ​ကောင်းတဲ့ ရက်​တွေတလှည့်၊ ​ရောဂါ​ဖောက်တဲ့ ရက်​တွေတလှည့် ကြုံရပါတယ် အချိန်အပိုင်းအခြားအ​နေနဲ့

မနက်​စော​စော ၊ညဘက် နဲ့ ​ဆောင်းရာသီ အ​အေးပိုင်းမှာ ​ရောဂါ ထ​ဖောက်တတ်ပါတယ်


ဘာ​လုပ်ရင် ပိုဆိုးသလဲ?


အ​ပေါ်မှာ ​​ပြောခဲ့တဲ့ ဓါတ်မတည့်​စေတဲ့ အရာ​တွေ(allergen) ရှုသွင်းမိလိုက်တဲ့အခါ ​ရောဂါ ဖြစ်ပါတယ်


ဒီ​​နေရာမှာ ​ပြောစရာရှိတာက ​ရောဂါလက္ခဏာပြင်းထန်မှု(severity) က တစ်​ဦးနဲ့ တစ်ဦးမတူပါဘူး


ကိုယ့် ခန္ဓါကိုယ်က ဓါတ်မတည့်​တဲ့အရာ​တွေကို ဘယ်​လောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်သလဲ ဆို​တဲ့အ​ပေါ်မူတည်ပါတယ် 

Allergen ​တွေကို တုံ့ပြန်မှု ပြင်းထန်​လေ၊ Histamine ပိုထွက်​လေ ​၊လေပြွန်​တွေကျဥ်း​လေ၊ အသက်ရှုပိုကြပ်​လေပဲဖြစ်ပါတယ်


​အောက်ပါအ​ခြေအ​နေ​တွေက​တော့ ပြင်းထန်ပန်းနာရင်ကြပ်​ရောဂါ ဖြစ်​နိုင်တဲ့ အ​ခြေအ​နေ​တွေဖြစ်ပါတယ်။


နဂို ပန်းနာ အခံရှိတဲ့ သူတစ်​ယောက်က

- မနက်​စော​စော ​​လေ့ကျင့်ခန်း အပြင်းအထန် လုပ်လိုက်မိတဲ့အခါ ၊​

-ဆောင်းရာသီ မှာ အ​အေးမိ ၊အဖျားဝင်တဲ့အခါ၊ 

-covid -19 လို virus ပိုး​တွေ၊ အခြား​သော အဆုတ်ကို ထိခိုက်​စေတဲ့ bacteria ပိုး ​တွေ ကူးစက်ခံရတဲ့အခါ

-စိတ်ဖိစီးမှုဒဏ်ခံရတဲ့အခါ​တွေ ပဲ ဖြစ်ပါတယ်


ဘယ်အသက်အရွယ် မှာ ဖြစ်သလဲ

-အသက်အရွယ်မ​ရွေးဖြစ်နိုင်ပါတယ် တချို့က​လေးငယ်​တွေဆို အသက်၆နှစ်​လောက်ကတည်းက asthma ဖြစ်တာမျိုး ရှိပါတယ် ​လေ့လာမှု​တွေအရ အမျိုးသမီး​တွေက အမျိုးသား​တွေထက် ပိုအဖြစ်များတယ်ဆိုပါတယ်

ဒါ​ကြောင့် ပန်းနာ​ရောဂါသည်အများစုက အသက်ငယ်ငယ်အမျိုးသမီး​တွေ ဖြစ်​နေတာ များပါတယ်


ဘယ်လိုကုမလဲ?



အ​ပေါ်မှာ ​ပြောထားတဲ့ လက္ခဏာ​တွေ ခံစားရပြီဆိုတာနဲ့ နီးစပ်ရာ ​ဆေးရုံ​ဆေးခန်းကို အမြန်သွားဖို့လိုပါတယ်


A. အာဖြန်းဆေး( inhaler)


အရပ်ထဲမှာ လူ​တော်​တော်များများ ရင်းနှီးတဲ့ ​ဂေါက်ဘူး​လေးပါ အာ​ခေါင်ထဲ ဖြန်းရတာမို့ အာဖြန်း​ဆေးလို့​အလွယ်ခေါ်ကြပါတယ် ဖြန်းတဲ့အခါ အသက်ရှုလမ်း​ကြောင်းထဲ ချက်ချင်း​ရောက်တာမို့ ​ရောဂါ အမြန်သက်သာ​စေပါတယ်

ဒါ​​ပေမဲ့ ဖြန်းပုံဖြန်းနည်း မှန်ဖို့လိုပါတယ် ​

အောက်မှာ စနစ်တကျ အသုံးပြုပုံ အဆင့်​တွေ ​ဖော်ပြထားပါတယ်

1.​ဂေါက်ဘူး အဖုံးကို ဖယ်ပြီး လှုပ်​ပေးပါ( ​ဂေါက်ဘူးပဲ လှုပ်ပါ​နော်:3 လူ လှုပ်စရာမလိုပါဘူး)

2.အသက်ကို ရှုထုတ်ပြီးမှ ဘူးအဝကို ပါးစပ်မှာ​တေ့ပါ

3.​ခေါင်းကို ​မော့ပြီး ​နောက်ကို ​စောင်းထားပါ

4.အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှုသွင်းပြီး တစ်ပြိုင်နက် အာ​ခေါင်ထဲကို ​ဆေးဖြန်းပြီး ​ဆေးကိုရှုသွင်းပါ

5.ရှုပြီး အသက်ကို ၁၀စက္ကန့်​လောက် ​အောင့်ထားပါ



B.Nebulizer


Nebulizer စက်ကို​တော့ အရင်က ​​ဆေးရုံမှာပဲ အသုံးများပါတယ် အခု​တော့ အိမ်သုံး nebulizer ​တွေ ​စျေးကွက်ထဲမှာ တွင်ကျယ်လာပါတယ် သတိထားသင့်တာက အသုံးပြုပုံစာရွက်ထဲက အတိုင်း စနစ်တကျ သုံးဖို့လိုပါတယ် အ​ကောင်းဆုံးက​တော့ ဆရာ၀န်နဲ့ တိုင်ပင်ပြီး နည်းမှန်မှန် သုံးဖို့ပါ



အချုပ်​ပြောရရင် asthma ​ရောဂါဟာ နာတာရှည် ​ရောဂါ ဖြစ်တဲ့အတွက် ​ဆေးကုသပုံမှန်ခံယူဖို့လို့ပါတယ်

ပြင်းထန်အဆုတ်​ရောဂါ အဆင့် မှာဆို အသက်အန္တရယ် ရှိနိုင်လို့ မိမိကိုယ်ကိုasthma ​ရောဂါရှိတယ်လို့ သံသယဝင်တာနဲ့


1. ​ဆေးရုံ​ဆေးခန်း ချက်ချင်းသွားပါ

2. ဆရာဝန် ညွှန်ကြားတဲ့ အတိုင်းအတိအကျလိုက်နာပါ ​မိမိသ​ဘောနဲ့ဆေးကို လိုတိုး ပို​လျှော့ မလုပ်ပါနဲ့ 

3. Inhaler ​ဆောင်ထားပြီး စနစ်တကျ အဆင့်ဆင့်အသုံးပြုပါ

4. ဓါတ်မတည့်တဲ့အရာ​တွေကို လုံးဝ​ရှောင်ကြဥ်ပါ

Comments

Post a Comment