Beautiful Boy

Beautiful Boy

True story တစ်ခုဖြစ်ပြီး IMDb 7.3/10 ရရှိထားပါတယ်။ Director Felix van Groeningen ကရိုက်ကူးထားပြီး၊ Brad Pitt ကိုယ်တိုင် one of the producers အဖြစ် ပါဝင်ထုတ်လုပ်ဖန်တီးထားပါတယ်။ 2018 မှာထွက်ရှိခဲ့တဲ့ American biographical drama film တစ်ခုဖြစ်ပြီး awards ပေါင်းများစွာ nominations‌ ပေါင်းများစွာလည်း ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ "Beautiful Boy" ပါတဲ့။ 



သရုပ်ဆောင်တွေအနေနဲ့ "Call Me By Your Name"  ဆိုတဲ့ ဇာတ်ကားလေးကနေ တဟုန်ထိုးနာမည်ကျော်ကြားလာတဲ့ အမေရိကန် ပြင်သစ်ကပြားမင်းသားလေး Timothée Chalamet ၊ Actor, producer, writer, comedian, director စသဖြင့် အနုပညာပိုင်းဆိုင်ရာ စွယ်စုံရတဲ့ အမေရိကန်မင်းသားကြီး Steve Carell တို့က main roles အဖြစ် ပုံဖော်သရုပ်ဆောင်ထားပါတယ်။ 

"Beautiful Boy" ဆိုတဲ့ဇာတ်ကားလေးဟာ တကယ်တော့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုပါ။ တက်လမ်းတွေအများကြီးရှိနေတဲ့သားဖြစ်သူဟာ Meth လို့လူသိများတဲ့ Methamphetamine ခေါ် မူးယစ်ဆေးစွဲလန်းသွားတဲ့အခါ အဖေဖြစ်သူအနေနဲ့ သားကို မူးယစ်တွင်းကနေ ပြန်ကယ်ဆယ်ဖို့ကြိုးစားတဲ့အကြောင်းဖြစ်ပါတယ်။



သားဖြစ်သူရဲ့နာမည်ဟာ Nicolas Sheff ဖြစ်ပြီး၊ အဖေကတော့ David Sheff ပါ။ အပြင်မှာလည်း ဒီသားအဖနှစ်ယောက်ဟာ စာရေးဆရာတွေဖြစ်တဲ့အလျောက် သူတို့ရဲ့အတွေ့အကြုံကို စာအုပ်အသီးသီးထုတ်ဝေရေးသားခဲ့ကြတာပါ။ ဒါကြောင့် ဒီဇာတ်ကားလေးဟာ သားဖြစ်သူ Nicolas Sheff ရေးထားတဲ့ "Tweak: Growing up on Methamphetamines" ဆိုတဲ့စာအုပ်နဲ့၊ အဖေဖြစ်သူ David Sheff ရေးသားထားတဲ့ "Beautiful Boy: A Father's Journey Through His Son's Addiction" ဆိုတဲ့ စာအုပ်နှစ်အုပ်ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ အဓိကသရုပ်ဆောင်တွေကိုယ်တိုင် ဒီသားအဖနှစ်ယောက်နဲ့ သေချာဆွေးနွေးပြီး သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ဇာတ်ကားကြည့်နေတယ်လို့တောင် မခံစားရဘဲ တကယ့်အဖြစ်အပျက်ကို မျက်မြင်တွေ့နေရသလို ပီပြင်လှပါတယ်။ Acting, Directing ပိုင်းတွေကောင်းရုံမက နောက်ခံတေးသီချင်းတွေဟာလည်းကောင်းမွန်တဲ့အတွက် ရသမမြောက်မှာတော့ စိုးရိမ်စရာမလိုပါဘူး။ ဇာတ်ကားကောင်းတစ်ခုကြည့်ပြီးရင် ပြည့်ဝသွားတဲ့ခံစားချက်ကို ခံစားဖူးသူပဲ သိပါလိမ့်မယ်။ အနည်းဆုံးတော့ အချိန်ကုန်သွားပေမယ့် နောင်တတော့မရစေရဘူးဆိုတာ အာမခံပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့အားတဲ့အချိန် အပန်းဖြေတဲ့အနေနဲ့ ကြည့်ဖို့ စာရေးသူက strongly recommend ချင်ပါတယ်။ 

#Aesthete

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment