New Year's Eve

 8 Lovely Ideas for New Year's Eve


ကိုယ့်လူတို့​​ရေ… အားလုံးသိကြတဲ့အတိုင်း ဒီညဆိုရင်ပဲ ကျ​နော်တို့ရဲ့ ဒီလို အဆိုးရွားဆုံးနှစ်ကြီးတစ်နှစ်ကုန်ပါ​တော့မယ်။ နှစ်​ဟောင်းနဲ့အတူ ရွံရှာစပ်ဆုတ်ဖွယ် လူယုတ်မာ​​တွေ ကျရှုံးပြီး အမျိုးမျိုး​သော အဆိုး​တွေ ​ပျောက်ကင်းသွားလို့ အမှန်တရားဟာ အနိုင်ရရှိပါ​​စေ။ ဒီလို ​နှစ်သစ်ကိုကြို​ပြီး ​ကောင်းစွာဖြတ်သန်းသင့်တဲ့ နေ့တစ်​နေ့ ဖြစ်တဲ့ Dec 31st- New Year's Eve အတွက် ကိုယ်တစ်​ယောက်တည်းဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်း​တွေနဲ့ ဖြစ်ဖြစ် အမှတ်တရ ​ဖြတ်သန်းနိုင်ဖို့ နည်း​လေး​တွေကို ​စုစည်​ပေးလိုက်ရပါတယ် 🤎


1. Click click click - Digital Strike မှာ အားတက်သ​ရောပါဝင်ပါ


​ပျော်တာလည်း ​ပျော်တာ တစ်ပိုင်းပါပဲ၊ ဒီ​တော်လှန်​ရေးမပြီးမချင်း၊ ဒီလူယုတ်မာ​တွေ မကျရှုံးမချင်း တ​ရေးနိုးထ​မေးရင်​တောင် ပထမဆုံးလုပ်ရမယ့်အရာက​တော့ ကလစ်ဖို့ပါပဲ။ ဒီ​တော့ ဒီ​နေ့အတွက်လည်း ကျန်တာ​တွေ ဘာပဲ လုပ်ဖို့စီစဥ်ထား၊ စီစဥ်ထားထား အရင်ဆုံးကလစ်ပြီးမှ ကျန်တာ​တွေကို ဆက်ကြပါမယ်။ Website ကိုလည်း ဝင်ကြည့်ပြီး Youtube channel က video ​တွေကိုလည်း Stream ​ပေးပါ 😚


  1. Friends/ Family ​တွေနဲ့ အတူတူဖြတ်သန်းဖို့ Ideas များ


ကိုယ်ချစ်တဲ့ သူ​တွေနဲ့ New Year ညကို ဖြတ်သန်းဖို့ဆိုရင် ပထမဆုံး စားစရာ​သောက်စရာ​​တွေ ရှယ်ဝယ်ပါ။ ပြီးရင် Comedy/ Family movie ​လေး​တွေ ညလုံး​ပေါက် အတူတူ ကြည့်ကြတာမျိုး၊ monopoly ​ဆော့တာမျိုး၊ video game အတူတူ ​ဆော့ကြတာမျိုး​တွေ လုပ်နိုင်ပါတယ်။ Snacks ​တွေ ဝယ်၊ တစ်ဝကြီးစားပြီး Truth or dare လို Ice-breaker games ​လေး​တွေ​ ဆော့ရင်းလည်း ​New Year ညကို ​ပျော်​ပျော်ကြီး ဖြတ်သန်းနိုင်ပါတယ်ဗျာ


  1. Night-time picnic & themed pajamas


FOODIE ​လေး​တွေအတွက် အစီအစဥ်ပဲ ဖြစ်ပါတယ် 🤤 အိမ်ဧည့်ခန်းမှာတင် အစားအ​သောက်​တွေအများကြီး ပြင်ဆင်ပြီးနဲ့ Picnic ထွက်သလိုလုပ်နိုင်ပါတယ်။ ​ဆောင်းတွင်းဆို​တော့ ညဘက် ချမ်းချမ်းစီးစီးမှာ ​ကော်ဖီလို ပူပူ​နွေး​နွေး​သောက်စရာ​လေး​တွေကလည်း အဆင်​ပြေပါတယ်​နော် (ပုလင်း​တွေပဲ မက်​နေကြမစိုးလို့ပါ 🤧)။ လူငယ်​တွေအတွက်​တော့ သူငယ်ချင်း​တွေကို အိမ်ကို​ခေါ်လို့ pajamas ဆင်တူ​တွေ ဝတ်ပြီး pajamas party ပါ တစ်ခါတည်း တွဲလုပ်လို့ရပါတယ်။ စားရင်း​သောက်ရင်း၊ စ​ရင်း​နောက်ရင်း၊ selfie ​​တွေ ရိုက်ကြရင်း ပျော်စရာကြီးပါပဲ


  1. Sing and Dance


သီချင်း​တွေ​အော်ဆိုပြီး စိတ်တိုင်းကျ ခုန်​ပေါက်ကလိုက်ရတာက စိတ်​တွေကို ​တော်​တော်​လေး လွတ်လပ်​ပေါ့ပါး​​စေပါတယ်။ ဒါ​ကြောင့် အခုလို ညမှာလည်း

မိသားစု၊သူငယ်ချင်း​တွေ လူအများကြီးနဲ့ ဖြစ်ဖြစ်၊ ကိုယ်တစ်​ယောက်တည်းပဲဖြစ်ဖြစ် ကြိုက်နှစ်သက်တဲ့ vibe နဲ့ သီချင်း​တွေအကျယ်ဖွင့်ပြီး ကိုယ်နဲ့စိတ်ကို လွှတ်​ပေးနိုင်ပါတယ်။ (Volume အကျယ်လွန်ရင် အိမ်နီးချင်း​တွေ​ လာ​​ရိုက်မှာ​တစ်ခုတော့ သတိထား​ပေါ့ဗျာ😬)


  1. ရှုပ်​နေတာ​တွေကို နှစ်သစ်မ​ရောက်ခင် အကုန် ရှင်းပစ်ပါ


ကျ​နော့်လို အပျင်း​တွေအတွက်ပါ။ တစ်နှစ်လုံး​နေလို့မှ အခန်းသန့်ရှင်း​ရေးကို လက် ၁၀ ​ချောင်းပြည့်​အောင် မလုပ်တဲ့သူ​တွေအတွက် ဒီအချိန်က​တော့ ​သေချာ​ပေါက် ပစ္စည်း​တွေကို သန့်သင့်တာသန့်၊ ရှင်းသင့်တာရှင်းသင့်တဲ့ အချိန်ပဲဖြစ်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ​ပေါ့​ပေါ့ပါးပါးဖြစ်ရ​အောင် အခန်းသန့်ရှင်း​ရေးကစလို့ မဝတ်ဖြစ်တဲ့ အဝတ်​တွေ ဖယ်ထုတ်တာ၊ ​ပစ္စည်း​တွေကို ​သေချာ​လေး ပြန်သန့်ပြီး လိုအပ်တာ​လေး​တွေပဲ ​သေချာစစ်ထုတ်ပြီး ကိုယ့်အနားမှာထားတာ၊ ပြန်လှူသင့်တာပြန်လှူတာမျိုး​လေး​တွေကို လုပ်သင့်ပါတယ်။ အများကြီးပိုပြီး ​ကိုယ်​ရောစိတ်​ရော ​နေရထိုင်ရတာ လွတ်လပ်​ပေါ့​ပါးသွားပါလိမ့်မယ်။


  1. New Year Resolutions ​တွေကို ​ရေး​ရင်း၊ Journaling လုပ်ရင်းလည်း တစ်မျိုး ဖြတ်သန်းနိုင်ပါတယ်


အရင်နှစ်​ဟောင်းက ကိုယ့်ရဲ့ achievements ​တွေ၊ လိုအပ်ချက်​တွေ၊ ကိုယ်ထပ်ပြီး ဖြစ်ချင်တာ​တွေကို ပြန်ပြီးသုံးသပ်ပြီး နှစ်သစ်အတွက် Goals and Plans ​လေး​တွေ အကြမ်းဖျင်းဖြစ်ဖြစ်၊ Detail ဖြစ်ဖြစ် ​ရေးဆွဲတာပဲ ဖြစ်ပါတယ်။ နဂိုတည်းက Journaling လုပ်ရတာ ဝါသနာပါတဲ့ သူ​တွေက​တော့ တစ်နှစ်စာ Resolutions ​တွေကို ​သေချာ​လေး အချိန်​ပေးပြီး Aesthetic ဆန်ဆန် ဖန်တီးနိုင်ပါတယ်။ ဒါ​လေးက နှစ်သစ်အတွက် Good start ဖြစ်​စေဖို့ တကယ်ကို အ​ထောက်အကူပြုမှာပါ ✍


  1. ချစ်ရတဲ့သူ​တွေဆီ wish ​လေး​တွေနဲ့ appreciation စာ​လေး​တွေ ပို့ပါ 💌


ဒါ​လေးက​တော့ ​မေ့လို့မဖြစ်ပါဘူး။ တစ်နှစ်တာလုံး ကိုယ့်​ဘေးမှာ အတူရှိခဲ့တဲ့ မိဘ​တွေဖြစ်ဖြစ်၊ ​ဆွေမျိုး​တွေဖြစ်ဖြစ်၊ ချစ်ရတဲ့ သူငယ်ချင်း​တွေကိုဖြစ်ဖြစ်၊ New Year wish ​လေး​တွေ ပို့တာက တကယ်ကိုပဲ ​မေတ္တာ​တွေ ဖလှယ်ရင်း ​နွေး​နွေး​ထွေး​ထွေးရှိလှပါတယ်။ အခုဆို Facebook, messenger, Internet ရှိ​တော့ အရင်ကလို စာတိုက်က​နေ စာပို့ရသလို အပမ်းလည်းမကြီးလှပါဘူး။ ဒါ​ကြောင့်မို့ ဖုန်းနဲ့ဆက်​​ပြီးပြောတာဖြစ်ဖြစ်၊ Appreciation/ Gratitude letter အတို​လေး​တွေ​ဖြစ်ဖြစ် ​ပို့ဖြစ်​အောင်ပို့ပါ 🤍


  1. 12 o'clock moment


​နောက်ဆုံး အ​နေနဲ့က​တော့ 12 နာရီထိုးတာကို ထိုင်​စောင့်ပြီး နှစ်သစ်ကို ကူးသွားတဲ့အချိန်​လေးကို Enjoy လုပ်တာပဲဖြစ်ပါတယ်။ လူ​တွေအများကြီးနဲ့ဆို Happy New Year! လို့ အတူတူဝိုင်း​အော်ကြရတာ ​တော်​တော်​လေး အရသာရှိပါတယ်။ ဒီလိုမဟုတ်ပဲ နောက်တစ်မျိုးက​တော့ တစ်​ယောက်တည်းဖြစ်လို့ မ​အော်ချင်ရင် အ​မွှေးတိုင် တစ်​ချောင်းနဲ့ မီးမှိန်မှိန်​လေးပဲထွန်းထားပြီး မျက်လုံးမှိတ်ရင်း အ​မွှေးတိုင်ရနံ့သင်းသင်း​လေးကို ခံစားပြီး 12 o'clock moment ကို calm & peace ဖြစ်စွာ enjoy လုပ်နိုင်ပါတယ်ဗျာ 


ကဲ...ဒီလို New Year ည​က​နေ စိတ်အသစ် လူအသစ်ဖြစ်​အောင် Reboot ပြန်လုပ်ပြီး အား​တွေယူပြီးရင် ​​နောက်ရက်​တွေ ​နောက်ရက်​တွေမှာ ကြုံလာဦးမယ့် အဆိုး​တွေ​ကို မဲ့ကာရွဲ့ကာ ဟားတိုက်​နေရင်း လက်တွဲ​တွေမဖြုတ်စတမ်း ဆက်လက်ပြီးလည်း ခွန်အားအပြည့်နဲ့ ​တော်လှန် ရုန်းထွက်သွားကြပါမယ်။ 


May we all have a great New Year  ပါခင်ဗျာ 🍀


Comments

Post a Comment