How to save mobile data

 Mobile data နဲ့သုံးတဲ့ဖုန်းတွေမှာ Data စားသက်သာအောင် ဘယ်လိုလုပ်ကြမလဲ



အခုဆိုရင် အားလုံးလည်းသိတဲ့အတိုင်း Mobile Data ဈေးတွေက ခေါင်ခိုက်နေပါတယ်။ အရင်လို မပူမပင်ရဘဲသုံးနေကျကနေ အခုလို‌ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ သုံးနေကျအရှိန်ကို ဘရိတ်အုပ်ဖို့မလွယ်လှပါဘူး။ သတင်းVideoလေးတွေတက်လာရင် ကြည့်ချင်တယ်၊ ဟာသလေးဆိုကြည့်ချင်တယ်၊ မင်းသားမင်းသမီးချောတဲ့ကြော်ငြာလေးဆို ကြည့်လိုက်မိပြန်တယ် စသည်ဖြင့်ပေါ့။ ပြီးမှ bill ပြန်စစ်ရင်း သွေးတက်ရတာမျိုးတွေ ကြုံဖူးမှာပါ။


တချို့လူတွေကတော့ data တစ်ထောင်ဖိုးဝယ်ပြီးရင် Entertainment အတွက်ထက် ကလစ်ဖို့ကို ဦးစားပေးကြတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဒေတာသက်သက်အောင် အသုံးပြုနည်းတွေမသိလေတော့ FB လေးခနလောက်ပွတ်လိုက်ပါဦးမယ်လေ ညမှ ကလစ်တော့မယ်ဆိုပြီး ကြံထားရာကနေ ခနချင်းပဲ ဝယ်ထားတဲ့ ဒေတာလေးပြောင်သွားလို့ ကလစ်တဲ့ဆီမရောက်လိုက်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။


ဒါကြောင့် ဒီနေ့မှာ ကျွန်တော်က မလိုအပ်ဘဲ ဒေ‌တာတွေမကုန်စေမယ့် ဒေတာခြွေတာရေးနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးပါဦး။


၁။ ဖုန်းရဲ့ Setting ထဲက Background app တွေပိတ်ထားပါ။


ပုံမှန်ဆိုရင် ကျွန်တော်တို့က appတစ်ခုထဲဝင်လိုက်တာနဲ့ app က စပြီး runပါတယ်။ ကျွန်တော်တို့က appထဲက ပြန်ထွက်ပြီးရင်တောင် appက ဆက်run နေတုန်းပါတယ်။ ဥပမာ ကျွန်တော်တို့က လိုင်းဖွင့်ထားရုံနဲ့ မက်ဆင်ဂျာမှာ ကလောင်ဆိုပြီးနိုတီဝင်လာတာမျိုးပေါ့။ မက်ဆင်ဂျာကိုဖွင့်မထားပေမယ့် မက်ဆင်ဂျာက ဒေတာကို စားသုံးလိုက်လို့ နိုတီဝင်လာဝာာပါ။ ဒါက လိုတဲ့ appပဲထည့်သုံးတတ်တဲ့သူဆိုရင် ကိစ္စမရှိပေမယ့် မလိုအပ်တဲ့appတွေလျှောက်ဒေါင်းထားတတ်တဲ့လူတွေအတွက်တော့ data ကုန်ပေါက်ကြီးပါပဲ။ မလိုအပ်‌တဲ့appတွေကနေ ဝယ်သမျှဒေတာကို အလကားဖြုန်းပစ်မှာပါ။ ဒါကြောင့် မလိုအပ်တဲ့ appတွေကိုဖျက်ပါ။ backgroundပိတ်ပါ။ 


(NOTE _ Background appတွေကို ပိတ်ထားရင် notiမတက်တော့ပါဘူး ဒါကြောင့် အရေးကြီးတဲ့ app တွေကိုတော့ မပိတ်ပါနဲ့နော်)


၂။ Data Saver ဖွင့်ထားပါ။


Data Saver က တချို့ဖုန်းတွေမှာ Settingထဲမှာပါပြီးသားပါ။ တချို့ဖုန်းတွေမှာတော့မပါပါဘူး။ မပါရင်လည်း မပူပါနဲ့။ အသုံးများတဲ့ app တွေမှာ Data saver ဆိုတဲ့ Feature ကို ထည့်ပေးထားပြီးသားပါ။


Facebook 


Setting and Privacy >>Setting >> Media >> Data Saver


Data Saver ကို On ထားပေးမယ်ဆိုရင် Videoကြည့်တဲ့အခါ Data ကုန်ကျမှုကို 40 %လျှော့ချပေးမှာပါ။ ရှင်းရှင်းပြောရရင် ဒီတိုင်းကြည့်ရင် 100mb ကုန်မယ်ဆိုရင် Data Saverဖွင့်ကြည့်ရင် 60mb ပဲကုန်ကျတော့မှာပါ။


နောက်ထပ် အရေးကြီးတဲ့တစ်ချက်က Autoplay တွေကိုပိတ်ထားဖို့ပါ။ Data Saver ရဲ့အောက်နားလေးမှာပဲ Auto-play ဆိုတာလေးရှိပါတယ်။ အဲ့ကနေ Never Autoplay Videos ကို အမှန်ခြစ်ပေးပါ။


Instagram


အခုခေတ်မှာ Instagram ကို လူငယ်တွေပိုသုံးလာကြပါတယ်။ Instagram မှာလည်း Data Saver Featureလေးပါတာမို့ တစ်လက်စထဲ ညွှန်ပြပေးလိုက်ပါတယ်။


Setting >> Account >> Mobile Data Use 



Data Saver လေးကို ဖွင့်ထားပြီး High Resolution media ကို WiFi only or Neverကိုရွေးထားပေးပါ။


Telegram


ကဲ Telegram သုံးရတာ ဘေကုန်တယ်လို့ အမြဲ ငြီးတတ်တဲ့သူလေးတွေအတွက် Telegram သုံးရင် ဘေကုန်သက်သာစေမယ့် နည်းလေးတွေဖော်ပြပေးပါမယ်။ 


Setting >> Data and Storage 





Automatic Media Download မှာ သုံးခုလုံးပိတ်ထားပေးလိုက်ပါ။ ဒါဆိုရင် ကိုယ်နှိပ်မကြည့်မချင်း ဓာတ်ပုံတွေ Videoတွေအတွက် ‌Data ကုန်မှာဟုတ်တော့ပါဘူး။


ပြီး‌ရင် အောက်က Autoplay တွေ ကို ပိတ်ခဲ့ဖို့မမေ့ပါနဲ့နော်။ 


YouTube


YouTube မှာလည်း Data Saver ပါတာကို သိကြလား။ YouTube ရဲ့ Settingကနေတဆင့် ဝင်ရောက်ပြီး Data Saving ဆိုတာကို သွားဖွင့်ထားလို့ရပါတယ်။ 


၃။ Application များကို Lite Version အသုံးပြုခြင်


Lite Version ဆိုတာကတော့ ဒေတာကုန်ကျမှု အနည်းဆုံးနဲ့ အသုံးပြုနိုင်အောင်ထုတ်ပေးထားတဲ့ Applicationပေါက်စလေးပါ။ Facebookအတွက် Facebook lite , Messenger အတွက် Messenger liteဆိုပြီး ရှိပါတယ်။ application link လေးတွေကိုပါ တပါတည်းထည့်ပေးလိုက်ပါတယ်။


Facebook lite - https://play.google.com/store/apps/details?id=com.facebook.lite


Messenger lite - 

https://play.google.com/store/apps/details?id=com.facebook.mlite



ဒီလိုဆိုရင်တော့ Data အပို ကုန်ကျမှုတွေကို အတန်အသင့် လျှော့ချနိုင်မယ်လို့ထင်ပါတယ်။ 


Data ကို တခြားနေရာမှာ တတ်နိုင်သလောက်ခြွေတာပြီး Digital Strike ကို ဆက်ပြီးပြုလုပ်သွားကြပါစို့ဗျာ။



Comments

  1. ကျေးဇူးအထူးတင်ပါတယ် မင်မင်ရေ။

    ReplyDelete
  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  3. ကျေးဇူးပါ 😍

    ReplyDelete

Post a Comment