New Year Resolution

 New Year Resolution




ဒီနေ့ဟာ 2021 ရဲ့ နောက်ဆုံးနေ့ပါ။ ဟိုအရင်နှစ်တွေကတော့ New Year မှာ တချို့က မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ Celebrate လုပ်ကြတယ်၊ တချို့က ချစ်ရသူတွေနဲ့အတူတူ တချို့ကတော့ တစ်ယောက်ထဲ New Year ညကို အေးဆေးစွာဖြတ်သန်းကြပါတယ်။  ခရစ်ယာန်ဘာသာဝင်တွေဆိုရင်လည်း New Year မှာ ဝတ်ပြုဆုတောင်းခြင်း၊ အတူသီချင်းဆိုခြင်း၊ ချက်ပြုတ်စားသောက်ခြင်း စသည်ဖြင့် New Year ပွဲတော်ကို ဆင်နွဲလေ့ရှိကြပါတယ်။ ည 12:00 အတိမှာ Countdown ရေပြီး "Happy New Year"လို့ အော်ပြီး New Year ကို ကြိုဆိုနေကျပေါ့ခင်ဗျာ။


ဒီနှစ်မှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် New Year ပွဲတော်ကို အရင်လိုပျော်ရွှင်စွာမကျင်းပနိုင်ကြပါဘူး။ ဒီနှစ်မှာ တချို့မိသားစုတွေမစုံတော့ဘူး၊ တချို့မိသားစုတွေ တကွဲတပြားဖြစ်နေရတယ်၊ တချို့မိသားစုဝင်တွေ အချုပ်ထဲရောက်နေတယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း အရင်လို ပျော်ရွှင်စွာ "Happy New Year" လို့အော်ဖို့ အခွင့်အရေးမရှိပါဘူး။ 


ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။ New Year Resolution လေးတွေချရေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် အားပေးခြင်းပါ။ 



New Year Resolution ဆိုတာ ကျွန်တော်တို့ ကုန်လွန်ခဲ့တဲ့တစ်နှစ်လုံးကိုဘယ်လို ဖြတ်သန်းခဲ့သလဲ၊ ကျွန်တော်တို့ ဘာတွေမှားခဲ့သလဲ၊ ဘာတွေပြုပြင်ပြောင်းလဲလိုက်ရင် ပိုမိုကောင်းမွန်သွားမလဲဆိုတာကို ပြန်လည်သုံးသပ်ပြီး နောက်နှစ်မှာ ဘယ်လိုပိုကောင်းအောင်လုပ်မယ်၊ ဘယ်အချက်တွေပြင်မယ် ဆိုတဲ့ Personal Goal လေးတွေ ထားရှိခြင်းကို ဆိုလိုပါတယ်။


New Year Resolution ပြုလုပ်ခြင်းကို Western Culture မှာပိုတွေ့ရပေမယ့် အခုဆိုရင် ကျွန်တော်တို့လို အရှေ့တိုင်းနိုင်ငံတွေမှာပါ တွေ့လာရပါပြီ။ အရာရာတိုင်းမှာ စမှတ်ဆိုတာ ရှိစမြဲဆိုတော့ New Year Resolution ဆိုတဲ့ အလေ့အထလေး ဘယ်က‌စပေါ်လာသလဲဆို‌တာကို ဗဟုဟုတအနေနဲ့ ပြောပြမယ်နော်။


ဟိုးရှေးရှေးတုန်းက ရောမလူမျိုးတွေက သူတို့ရဲ့ နတ်ဘုရား Janus ဆီကို နှစ်တစ်နှစ်ရဲ့အစကနေ အဆုံးထိ သူတို့ဘယ်လို ကောင်းကောင်းနေပါမယ်ဆိုတာကို ကတိတွေပေးလေ့ရှိပါတယ်တဲ့။ (Fact - နတ်ဘုရား Janus ကိုအစွဲပြုပြီး January လလို့ခေါ်တွင်တာပါနော်)


နောက် ဥရောပအလယ်ခေတ်လောက်မှာ စစ်သူရဲကောင်းတွေက Christmas season ရောက်တိုင်း အဓ္ဓိဌာန်ပြု ကတိသစ္စာကျိန်ဆိုလေ့ရှိကြပါတယ်တဲ့။ 


နောက်ပိုင်းမှာ ‌ခရစ်ယာန်ဘာသာဝင်တွေက New Year Eve ( December 31) ညပိုင်းမှာ ဘုရားကျောင်းတွေမှာ တစ်ညလုံးနေပြီး လာမယ့်နှစ်အတွက် ဆုတောင်းခြင်းတွေ၊ Resolution တွေ ပြုလုပ်ခြင်းတွေ လုပ်လာကြပါတယ်တဲ့။ 


တခြားဘာသာတွေအနေနဲ့ အခြားသော Story လေးတွေလည်းရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေအပြင် အရှေ့တိုင်းနိုင်ငံတွေမှာပါ New Year Resolution ပြုလုပ်တဲ့ အလေ့အထလေးတွေ ပေါ်ပေါက်လာပါတယ်။


ကိုယ့်ကိုယ်ကိုယ် တစ်နှစ်စာ Self Reflection လုပ်ပြီး လာမယ့်နှစ်အတွက် ပိုမိုကောင်းမွန်တဲ့လူ‌တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ပြီး Goal လေးတွေပြုလုပ်တာဟာ ကောင်းမွန်‌တဲ့ အလေ့အထလေးဖြစ်တာမို့ ကျွန်တော်တို့လည်း ဒီည Self Reflection လေးလုပ်ပြီး Resolution လေးတွေ ချရေးလိုက်စို့နော်။ 




Comments

  1. ဒီတစ်နှစ်လုံးကတော့ မအေလိုး မင်းအောင်လှိုင်နဲ့ စစ်ခွေးတွေကို တော်လှန်ရင်း အချိန်ကုန်ခဲ့ရတာပဲ
    ရှေ့နှစ်မှာတော့ အာဏာရူးတွေကို အမြစ်ဖြုတ်ရမယ်။ ကျွန်ရူးတွေကို Social Punishment လုပ်ရမယ်။

    ReplyDelete
  2. May God Bless You all. .😢🙏🍀

    ReplyDelete
  3. နောက်ထပ်မငိုတော့ဘူး၊🌚🌚

    ReplyDelete
  4. လက်နက်အားကိုးအာဏာရူးဖက်ဆစ်တပ် မြန်မာ့မြေပေါ်မှာမရှိမှ ငါတို့တိုင်းပြည်သာယာမယ်

    ReplyDelete

Post a Comment