Sad Ending Movies (Part 2)

 

Sad Ending Movies အပိုင်း 2 လာပါပြီ


📽️ Five Feet Apart

2019ခုနှစ်က ထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ cystic fibrosis ရှိတဲ့ ဆယ်ကျော်သက် လူငယ်နှစ်ယောက်ဟာ ဆေးရုံမှာ တွေ့ဆုံကြပြီး ချစ်ကြိုက်နေကြသော်လည်း သူတို့ရဲ့ရောဂါဟာ ရောဂါရှိသူအချင်းချင်း ၆ပေအကွာမှာသာ ရှိနေရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကို ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ချစ်ခြင်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ဦး ထိတွေ့မှုမရှိဘဲ ဘယ်လိုဆက်နေကြမလဲ၊ နေရောနေနိုင်ကြပါ့မလားဆိုတာ စိုးရိမ်ထိတ်လန့်စွာနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်♥️

📽️ The Fault In Our Stars

ဒီကားလေးက 2014ခုနှစ်က ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ Hazel Grace Lancaster ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး သူမရဲ့ ကင်ဆာရောဂါထောက်ပံ့ရေးအဖွဲ့မှ အလားတူ ကင်ဆာဝေဒနာရှင်ဖြစ်တဲ့ Gus Waters နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်မိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ စာအုပ်တွေကို ကြိုက်နှစ်သက်ကြပြီး တစ်နေ့မှာတော့ သီးသန့်စာရေးဆရာနဲ့တွေ့ဆုံဖို့ သူတို့ဟာ သူတို့ဘဝတိုတိုလေးရဲ့စွန့်စားခန်းကို စတင်ခဲ့ကြပါတော့တယ်။ ကင်ဆာရောဂါသည်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို ရိုက်ကူးပုံဖော်ပြထားတဲ့ ကားလေးပဲဖြစ်ပါတယ်♥️

Comments

Post a Comment