Sad Ending Movies Part 1

 ကြည့်ဖူးခဲ့တဲ့သူတိုင်းလိုလိုရဲ့ ရင်ထဲမှာ ကြေကွဲဝမ်းနည်းစွာ စွဲထင်ကျန်နေခဲ့မယ့် အနှစ်သာရတွေအပြည့်နဲ့ Moviesလေးတွေပဲ ဖြစ်ပါတယ်...❣️



📽️ Titanic 

ဒီကားကို မကြည့်ဖူးတဲ့သူ၊ မသိတဲ့သူ မရှိလောက်အောင်ကို အောင်မြင်ကျော်ကြားခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ 1912ခုနှစ်က ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြုပ်ခဲ့ရတဲ့ RSM Titanicသင်္ဘောဖြစ်ရပ်ပေါ်အခြေခံ၍ ရိုက်ကူးခဲ့ပြီး 1997ခုနှစ်က ထွက်ရှိခဲ့တဲ့ကားဖြစ်ပါတယ်။ အထက်တန်းလွှာမိသားစုက မွေးဖွားလာပြီး လက်ထပ်ဖို့အစီအစဥ်ချမှတ်ခံထားရတဲ့ Roseဆိုတဲ့ ကောင်မလေးနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပျော်ပါးပါးနေတတ်တဲ့ ပန်းချီဆရာကောင်လေး Jackတို့ကြားက Titanicသင်္ဘောကြီးပေါ်မှာ တွေ့ဆုံမိကြပြီး ပေါက်ဖွားလာခဲ့တဲ့ ချစ်ခြင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ကားဖြစ်တဲ့ကြောင့် Titanicသင်္ဘောကြီးရဲ့ အသွင်အပြင်၊ နစ်မြုပ်ခဲ့ရပုံ စတာတွေအပါအဝင် အခြားအခြားသော စိတ်ဝင်စားစရာတွေကို ကြည်ရှုခံစားကြရမှာဖြစ်ပါတယ်♥️


📽️ Me Before You

2016ခုနှစ်က ထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ Will Traynor ဆိုတဲ့ ချမ်းသာကြွယ်ဝတဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်က မတော်တဆမှုတစ်ခုကြောင့် ​အောက်ပိုင်းသေသွားခဲ့ရပါတယ်။ ထိုအချိန်ကပြီး သူဟာ အသက်ရှင်သန်နေရတာကို အဓိပ္ပာယ်မဲ့သလိုခံစားလာပြီး ခံစားချက်တွေကြမ်းတမ်းလာပါတယ်။ ဒီလိုနဲ့ Willတစ်ယောက် သူ့ကို ပြုစုစောင့်ရှောက်ဖို့ အလုပ်လာလျှောက်တဲ့ ဘဝကိုပျော်တတ်အောင်နေပြီး ဟာသဥာဏ်ရှိတဲ့ Louisaနဲ့ တွေ့ဆုံပြီးနောက်မှာတော့ သူ့ရဲ့အမြင်တွေ စတင်ပြောင်းလဲလာပြီး ပျော်ရွှင်လာခဲ့ပါတော့တယ်။ သူတို့ရဲ့ ချစ်ခြင်းတွေ နက်ရှိုင်းလာတာနဲ့အမျှ နောက်ဆုံးမှာတော့ သူတို့ရဲ့ ဘဝနဲ့ နှလုံးသားတွေဟာလည်း ဘယ်သူကမှ စိတ်ကူးမယဉ်နိုင်ဘဲ ပြောင်းလဲသွားခဲ့ကြပါတယ်♥️





📽️ Midnight Sun

ဒီကားလေးက 2018ခုနှစ်က ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ Katie Price ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ နေရောင်ခြည်နဲ့ ထိတွေ့မရတဲ့ အသက်အန္တရာယ်ရှိတဲ့ (Xeroderma pigmentosum)ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ နေ့ဖက်တွေမှာ အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲနေရလေ့ရှိပါတယ်။ တစ်ညမှာတော့ ဘူတာရုံမှာ သူမငယ်ငယ်ကတည်းက ပြတင်းပေါက်ကနေ အမြဲတမ်းခိုးကြည့်ပြီး ချစ်ကြိုက်ခဲ့ရတဲ့ Charlie နဲ့ တွေ့ဆုံပြီးနောက် သူမရဲ့အခြေအနေကို ဖုံးကွယ်ထားရင်း သူနှင့် ဆက်ဆံရေးစတင်ခဲ့ပါတယ်။ သူမဟာ တစ်သက်လုံး နေရောင်ခြည်ကို မထိတွေ့ဘဲ နေနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်စားကြည့်ရှုကြရမှာဖြစ်ပါတယ်♥️


ဒီလိုမျိုးကားလေးတွေထဲက တခြားကားကောင်းလေးတွေရှိရင် Commentမှာ လက်တို့ပေးခဲ့ကြပါဦးနော်^_^

Clickersတို့အားလုံး ကျန်းမာဘေးကင်းကြပါစေ❣️









Comments

Post a Comment