The Scream (Edvard Munch)

 The Scream (Edvard Munch)



ပန်းချီဆရာဟာ တစ်ခုသောညနေမှာ လမ်းလျှောက်ထွက်လာရင်းနဲ့ တံတားတစ်ခုပေါ်ရောက်တဲ့အခါ ပတ်ဝန်းကျင်ကို  မျှော်ကြည့်မိတယ်။ ကောင်းကင်ဟာ သွေးရောင်လွှမ်းပြီး ညနေခင်းဟာ ခြောက်ခြားဖွယ်ဖြစ်နေတယ်။ အဲဒီခြောက်ခြားဖွယ်ဝေဒနာဟာ ပန်းချီဆရာရဲ့စိတ်ထဲကို ကူးစက်ဝင်ရောက်လာတယ်။ ဒီလိုနဲ့ ဒီပန်းချီကားကိုရေးဖို့ဖြစ်လာခဲ့တယ်။ 



ပန်းချီကားနာမည်ကတော့ The Scream လို့လူသိများကြပါတယ်။ ဒီပန်းချီကားကို နော်ဝေးပန်းချီဆရာ Edvard Munch (1963- 1944) က 1893 မှာရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားဟာ ပန်းချီလောကမှာ အင်မတန်ကျော်ကြားပြီး 2012 လေလံပွဲမှာ စံချိန်တင်ဈေး US$ 120 M နဲ့ ဝယ်ယူခြင်းခဲ့ရပါတယ်။ 


ဒီပန်းချီကားဟာ ပန်းချီကားသူခိုးတွေရဲ့ မျက်စိကျခြင်းခံရတဲ့ လက်ရာတစ်ခုလည်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံ Munch Museum မှာ ပြသထားတဲ့ ဒီပန်းချီကားဟာ 1994 မှာတစ်ကြိမ် 2004 မှာတစ်ကြိမ် ခိုးယူခြင်းခံခဲ့ရပါတယ်။ ပထမအကြိမ်မှာ ခိုးယူသူက US$ 1 M တောင်းဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့ဟာ ခိုးယူသူကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ပန်းချီကားကို မပျက်မယွင်းပြန်လည်ရယူနိုင်ခဲ့ပါတယ်။ 

2004 ခိုးယူမှုမှာတော့ ပန်းချီကားပြန်ရဖို့ US$ 3 သိန်း‌ကျော်နဲ့ညီမျှတဲ့ နော်ဝေငွေ 2 သန်းနဲ့ ဆုငွေထုတ်ရှာဖွေခဲ့ရပြီး ပြန်လည်ရရှိတဲ့အခါ ယိုယွင်းမှုတွေရှိတဲ့အတွက် ပြုပြင်မှုအချို့လုပ်ခဲ့ရပါတယ်။ ပြင်မရတဲ့အချို့‌နေရာတွေကိုတော့ ဒီအတိုင်းထားပြီး ပြသထားပါတယ်။ 


ဒီပန်းချီကားထဲက လူမျက်နှာဟာ ထိတ်လန့်စိုးရွံ့မှုကို နက်

နက်ရှိုင်းရှိုင်းဖေါ်ပြနိုင်တဲ့အတွက် ရုပ်ရှင်ကားတွေမှာ မှီငြမ်းမှုပြုကြပါတယ်။ လူသိများတဲ့ မှီငြမ်းမှုတွေကတော့ Home Alone ရုပ်ရှင် poster ပေါ်က ဇတ်ကောင် ကလေးရဲ့မျက်နှာနဲ့ Scream ရုပ်ရှင်ထဲက မျက်နှာဖုံးတို့ပါ။  ဒီ Emoji 😱 ဟာလဲ ဒီပန်းချီကားကို မှီငြမ်းဖန်တီးထားတယ်လို့ဆိုပါတယ်။ 



Expressionism အယူအဆတွေနဲ့ရေးဆွဲထားတဲ့ The Scream ဟာရာစုနှစ်‌တွေကိုဖြတ်သန်းပြီး အနုပညာလောကမှာ ယခုတိုင် ဩဇာသက်ရောက်နေဆဲပါပဲ။

Comments

Post a Comment