Famous Films, Famous Dialogues (3)

 Famous Films, Famous Dialogues (3)

Rambo III



Rambo II ထွက်ပြီး 3 နှစ်အကြား 1988 မှာ Rambo III ကိုရုံတင်ပြသခဲ့ပါတယ်။ ဒီဇတ်ကားကတာ့ ဒါရိုက်တာ Peter MacDonald ရဲ့လက်ရာပါ။ Ramvo III ကို US$ 60 M နီးပါးအကုန်အကျခံရိုက်ကူးခဲ့ပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အမြင့်ဆုံး ရိုက်ကူးမှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝင်ငွေအနေနဲ့တော့ US$ 190 M လောက်ရရှိခဲ့ပြီး Rambo II ကို မမှီခဲ့ပါဘူး။ 


Rambo III ဇတ်လမ်းကို Soviet-Afghan စစ်ပွဲနောက်ခံနဲ့ရေးသားရိုက်ကူးထားပါတယ်။ Afghanistan မှာ Soviet စစ်တပ်က ဖမ်းဆီးထားတဲ့ သူရဲ့မိတ်ဆွေလည်းဖြစ်၊ ယခင်စစ်တပ်တွင်းမှာတုန်းကအထက်အရာရှိလဲဖြစ်ခဲ့သူကို သွားရောက်ကယ်ဆယ်တဲ့ အကြောင်းနဲ့ ဇတ်လမ်းကို ဖွဲ့ထားပါတယ်။ 


Rambo III ဇတ်ကားမှာတော့ ထူးခြားဆန်းသစ်တဲ့ ဇတ်ဝင်ခန်းမျိုးတွေ မတွေ့ရပါဘူး။ ဒါပေမဲ့ Rambo ရဲ့ထုံးစံအတိုင်း လက်နက်မျိုးစုံကို မီးကုန်ယမ်းကုန်ပစ်ခတ်ပြတာကတော့ ပရိတ်သတ်တွေအတွက် ကြည့်ရတာအားရစရာပါပဲ။ 


ဂူတစ်ခုထဲမှာ ပုန်းအောင်းနေတဲ့ Rambo ဟာ သူ့နောက်ကိုလိုက်လံနှိမ်းနင်းတဲ့  Soviet စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ပါတယ်။ အဲဒီဇတ်ဝင်ခန်းမှာ လဲကျသေဆုံးသွားတဲ့ Soviet စစ်သားရဲ့ စကားပြောစက်ကို ကောက်ကိုင်လိုက်တော့ ရဟတ်ယာဉ်ပေါ်က ရန်သူစစ်သားက မင်းကဘယ်သူလဲလို့ မေးပါတယ်။ အဲဒီအခန်းမှာ Rambo ပြန်ပြောတဲ့ စကားလုံးဟာ မာန်ပါလှပါတယ်။ 


Soviet Soilder: Who are you?

Rambo: Your worst nightmare.



အခုလည်းမြန်မာပြည်သူတွေဟာ အဆုံးစွန်စော်ကားခြင်းခံခဲ့ကြရပြီ။ ပြည်သူ့အမျက် ချောင်းချောင်းထွက်ခဲ့ပြီ။ ရန်-ငါတကယ်ပြတ်သွားတဲ့အခါ တော်လှန်ရေးဆိုတာ စစ်အာဏာရှင်အတွက်တော့......

Comments

  1. People shall prevail ✊✊✊

    ReplyDelete
  2. ကြည့်ဖူးတယ် မြန်မာစာတန်းထိုး ။
    နောက်ဆုံးခန်းမှာ ကောင်လေးနဲ့လမ်းခွဲခါနီး Rambo က စကားပြောသွားတာကြိုက်တယ်။
    Rambo။ "ငါသွားတော့မယ်"
    ကောင်လေး။ "ဘယ်ကိုသွားမှာလဲ"
    Rambo။ "ငါပြန်တော့မယ် မြန်မာပြည်ကို"
    :D :D :D

    ReplyDelete
  3. ခုလည်း Rambo IV (2008) ပါပဲ။
    https://www.imdb.com/title/tt0462499/

    ReplyDelete

Post a Comment