သူ ဘယ်သူလဲ

 သူ....ဘယ်သူလဲ


သိုးဆောင်း



     ဒီစာအုပ်လေးကတော့ ဆရာသိုးဆောင်းရဲ့ ဟန်ပန်အတိုင်း အတွေးခေါ်ဆန်းဆန်းတွေ ဒသနတွေ ဝေဝေဆာဆာပါဝင်တဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။

     မိုးနဲ့ဆောင်းဆိုတဲ့ သူငယ်ချင်းလေးနှစ်ယောက်ဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ ထူးဆန်းတဲ့ လုပ်ရပ်လေးတစ်ခုလုပ်လေ့ရှိပါတယ်။

     အဲ့တာကတော့ သူတို့ဆိုင်ကိုလာတဲ့သူတိုင်းက  ဆိုင်ကိုအကြံပြုချင်တဲ့ အကြောင်းအရာလေးတွေကို စာလေးရေးပြီး အကြံပြုပေးနိုင်တာပါ။ နောက်ထပ်တစ်ခုကတော့ ကိုယ်တိုင်တွေ့ရှိထားတဲ့ အတွေးအခေါ် ဒသနလေးတွေကို ရေးပြီး စာတိုက်ပုံးလေးမှာ ထည့်ထားခဲ့ရမှာ ဖြစ်ပါတယ်။

     ပေးပို့ထားတဲ့ စာလေးတွေထဲက တစ်စောင်ကိုတော့ လစဉ်လကုန်ရက်လေးမှာ မဲဖောက်ပေးပြီးတော့ ......

     ပေါက်သွားတဲ့ မဲလေးကိုတော့ ဆိုင်လေးရဲ့ Thinking boardမှာ တစ်လတိတိ မှတ်တမ်းတင်ပေးထားလေ့ရှိပါတယ်။

     နောက်ထပ်တစ်ချက်ကတော့ မဲပေါက်သွားတဲ့သူက အဲ့ဒီနေ့လေးမှာပဲ ကိုယ်ရေးထားတဲ့ အတွေးအခေါ် ဒသနအကြောင်းတခြားသူတွေကို ပြန်ရှင်းပြရလေ့ရှိပါတယ်။

     တစ်နေ့မှာတော့ မဲပေါက်သွားတဲ့ အတွေးဒသနလေးကို ပိုင်ရှာက လာလဲမရှင်းပြ ၊ ဆိုင်ပိုင်ရှင်လေးတွေကလည်း အဖြေကို မသိတော့ တော်တော်အခက်တွေ့ကြတော့လေသည်။

     ဒီလိုနဲ့ .....မဲပေါက်တဲ့သူလေးကို ဆိုင်ပိုင်ရှင်လေးတွေ ခြေဆန့်ရှာဖွေကြရာ.......



    ပေါက်မဲလေးရဲ့ ပိုင်ရှင်ကိုတွေ့ရှိသွားမလား.......။

    အဲ့ပိုင်ရှင်လေးကို ရှာဖွေတဲ့ နေရာမှာရော ဘယ်လိုမျိုး အတွေးခေါ် ဆန်းဆန်းလေးတွေ ဖတ်ရှုရအုံးမလဲ.....ဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။



အတွေးခြေဆန့်သူတွေ၊ ပဟေဠိ‌ေတွကို နှစ်သက်‌သူတွေအတွက် ပိုပြီး ဖတ်လို့ကောင်းမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။





Nway###

Comments

Post a Comment