2016 k dramas

 2016ခုနှစ်ထွက် ကိုရီးယားဇာတ်လမ်းတွဲတွေဟာ အလွန်ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲများကို မီးမောင်းထိုးပြနေပါတယ်။ အမျိုးအစားအလိုက် အညီအမျှ ကိုယ်စားပြုဆုံးနှစ်၊ စိတ်ကူးယဥ်မှုနှင့်တွေးခေါ်မှုကို လှုံ့ဆော်ပေး‌သော ဇာတ်လမ်းများ၏နှစ် ဆိုပြီး အမျိုးမျိုး တင်စားခေါ်ဝေါ်ကြပါတယ်။ ဆိုတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုဇာတ်လမ်းကောင်းများကို ကြည့်လိုက်ကြရအောင်ဗျာ🥳


📽️ Descendants of the sun


2016ခုနှစ် Februaryလက ထွက်ရှိခဲ့တဲ့ကားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း မသိတဲ့သူမရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ကားပဲဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်နှင့် အထူးတပ်ဖွဲ့အရာရှိတို့ကြား ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့အမိမြေနှင့် စစ်မက်ဖြစ်ပွားနေတဲ့ Urk ၏ စိတ်ကူးယဉ်နိုင်ငံအတွင်း၊ စစ်ပွဲတစ်ခုအတွင်းမှာ သေစေနိုင်တဲ့အန္တရာယ်တွေကြားက သူတို့နှစ်ယောက် ဘယ်လိုပေါင်းစည်းကြပြီး အခက်အခက်တွေကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားရဲ့ Ostတွေဟာလည်း အလွန်ကျော်ကြားပါတယ်✨


📽️ W : two worlds


ဒီဒရာမာကတော့ မတူညီတဲ့ကမ္ဘာမှာနေထိုင်ကြတဲ့ လူနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ တစ်နေ့မှာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ မင်းသမီးဟာ သူမအဖေရေးဆွဲတဲ့ W webtoonလောကထဲကို ရောက်သွားပြီး ထိုwebtoon၏ main characterဖြစ်တဲ့ မင်းသားနဲ့တွေ့ဆုံပြီး ချစ်မိသွားကြပါတယ်။ မတူညီတဲ့ကမ္ဘာတွေကြား လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖြစ်ပေါ်လာပြီး လူသတ်မှုတွေပါ ရောထွေးလာပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်✨


📽️ Moon Lovers : Scarlet Heart Ryeo


ဒီကားလေးကတော့ IU နဲ့ နာမည်ကြီးမင်းသားတွေအများကြီးတွေ ပါဝင်ထားတဲ့ အရမ်းကျော်ကြားခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Ha-jinဆိုတဲ့ကောင်မလေးဟာ ကလေးလေးတစ်ယောက် ရေနစ်နေတာကို ကယ်နေရင်းနဲ့ Hae-sooလို့ခေါ်တဲ့ မိန်းကလေးငယ်တစ်ယောက်အဖြစ် ဂိုရီရိုမင်းဆက်ခေတ်မှာ လွန်ခဲ့တဲ့နှစ် ၁၀၀၀လောက်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ထိုကဲ့သို့ သူဟာ အခြားသူတစ်ဦးရဲ့ခန္ဓာကိုယ်မှာ ပိတ်မိနေပြီး မင်းသားများနဲ့ရင်းနှီးလာခဲ့ပြီး ရာဇပလ္လင်အတွက် နန်းတော်အတွင်းက လျှို့ဝှက်ဆန်းကြယ်တိုက်ခိုက်မှုတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ခုမှကြည့်မယ့်သူတွေကတော့ တစ်ရှူးလေး ဆောင်ထားကြပေါ့နော်:"(✨


📽️ Love in the moonlight


သူမနှင့်သူမ၏မိသားစုကိုကာကွယ်ဖို့အတွက် Hong Ra Onဆိုတဲ့ကောင်မလေးဟာ အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းခဲ့ပြီး တစ်နေ့မှာတော့ အိမ်ရှေ့စံမင်းသား Hyo Myungနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်စီဖြစ်တည်မှုအမှန်ကို နှစ်ယောက်လုံး မသိလိုက်ကြပါဘူး။ ဒီလိုနဲ့ Ra Onဟာ အငှားငါးမန်းများရဲ့ မိန်းမစိုးဖြစ်လာပြီး အိမ်ရှေ့မင်းသားနှင့် Ra Onတို့ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလာကြပါတယ်။ Ra Onက နန်းတော်ကိုရှင်သန်ဖို့ ကြိုးစားပြီး အိမ်ရှေ့မင်းသားကလည်း ဘုရင်ဖြစ်လာဖို့ သူ့ခရီးကို လျှောက်လှမ်းနေချိန်မှာ သူတို့ရဲ့အချစ်တွေဟာ ဆက်ပြီးခိုင်မြဲနေမှာလားဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်✨


ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ

မကြာမီ Part 2အတူ ပြန်လာခဲ့ပါမယ်နော်❣️




Comments

  1. The two world ကခုမှကြည့်ဖြစ်

    ReplyDelete
  2. နေမင်းရဲ့မျိုးဆက်သစ်များကို အကြိုက်ဆုံးပဲဗျ

    ReplyDelete
  3. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment