Instagram Artists

 Hello Clicker လေးတို့ရေ ….Clickerတွေထဲမှာ ဒီနှစ်တွေထဲ အိမ်တွင်းအောင်းပီး ပုံဆွဲရင်း Artistတွေဖြစ်သွားတဲ့သူတေရှိလားဗျ။ တချို့လည်း ဆွဲတော့ဆွဲချင်တယ် ဘယ်ကနေ ဘယ်လိုစဆွဲရမှန်းမသိတဲ့သူတေလည်း ရှိမယ်ထင်တယ်ဗျ။ အက်တော့ ကျွန်တော်က ဒီနေ့မှာ Beginnerလေးတွေ အတွက် Inspiration ကောင်းကောင်းယူလို့ရမယ့် Instagram က Digital Artists တွေကို Suggestပေးချင်ပါတယ်။ 


1. Sam Yang / Sam Does Art


သူ့ကိုတော့ တော်တော်များများကြားဖူးကြမယ် ထင်တယ်။ သူရဲ့ ချစ်စရာကောင်းတဲ့ Semi Realism ဆန်ဆန် Cartoon ဘက်လည်း လုံးဝမရောက်တဲ့ Art Styleလေးကို Newbie Artis တော်တော်များများ Inspire ယူဆွဲကြတယ်ဗျ။ သူကတော့ ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ဘဝက သွားလာလှုပ်ရှားနေတဲ့ ပုံတွေ ဆွဲတာများပါတယ်။

Ig Account > https://instagram.com/samdoesarts?utm_medium=copy_link





2. WLOP


ဒီတစ်ယောက်ကတော့ ကျွန်တော် အားအကျဆုံး Artistပဲ‌ဗျ။ သူ့ရဲ့ Artwork‌တွေက တကယ် အသေးစိတ်လွန်းပီး Dark Fantasy/ Mythicalဘက် သွားမယ်ဗျ။ Artwork တစ်ခုချင်းဆီကလည်း Storytellingဖြစ်ပီး Owned Original Charactersတေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူက 3D Modelingပိုင်းတွေပါ ကိုင်ပါသေးတယ်။  တကယ့်ဆရာကြီးပါ xD။

Ig Account> https://instagram.com/wlop?utm_medium=copy_link





အပေါ်ကပုံလေးကို Memeတွေထဲမှာ တွေ့ဖူးကြမယ် ထင်တယ်။ အက်တာလည်း သူ့ရဲ့ Original Artworkတစ်ခုပါပဲ။


3. Guweiz


သူကတော့ Realism Styleပိုင်းကိုမှ Criminal ဆန်ဆန် Mafia/ Samurai လိုမျိုးလေးတွေ  ဆွဲတာများတယ်။ Storytellingလေးတွေ လည်းပါတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ သူသုံးတဲ့ Colour Paletteက  တစ်မျိုးဗျ Dark/ Unsaturatedပိုင်းကို သွားတာများတယ်။

Guweiz ရဲ့ Artworkတွေကို ကြည့်ချင်ရင်တော့

Ig Account> https://instagram.com/guweiz?utm_medium=copy_link



4. Godnai


Realistic Portraitတွေ ဆွဲချင်တဲ့ Clickerလေးတေကတော့ သူ့ကို Followထားသင့်ပါတယ်နော်။သူ့ရဲ့ Artworkတွေက တကယ့် ဓာတ်ပုံတွေလို့ အမှတ်မှားလောက်အောင်ကို အနုစိပ်ပြီး Smoothဖြစ်တယ်ဗျ။ Account Profile ကို ကိုယ်တိုင်သာ သွာရှိုးကြည့်လိုက်ပါတော့...

Ig Account> https://instagram.com/godnani_4478?utm_medium=copy_link



5. Devin Elle Kurtz


ဒီ Artistကတော့ Cartoonဘက်ပိုသွားမယ်ဗျ။ Fantasy ဆန်ဆန် Artworkတွေကိုမှ Storyတစ်ခုချင်းဆီနဲ့ ဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ Background နဲ့ Composition ပိုင်းကိုလည်း  ပိုင်ပိုင်နိုင်‌နိုင် ဆွဲတတ်‌တော့ Bg Idea Zeroဖြစ်နေတဲ့ Beginnerလေးတွေအတွက် Inspirationယူလို့ အကောင်းဆုံးပါပဲနော်။

 Ig Account> https://instagram.com/devinellekurtz?utm_medium=copy_link






Comments

Post a Comment