ရာသီတုပ်​ကွေး

 ရာသီတုပ်​ကွေး



▪️ရာသီတုပ်ကွေး ဆိုတာ ဘာလဲ?


- ရာသီတုပ်ကွေးဆိုတာ နှာခေါင်း၊ လည်ချောင်း၊ အဆုတ် စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာတွေမှာ ပြဿနာဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခြင်းပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ရာသီတုပ်ကွေးဟာ ပြန်လည်ပျောက်ကင်းသွားကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရာသီတုပ်ကွေးနဲ့ သူရဲ့နောက်ဆက်တွဲရောဂါတွေကြောင့် သေစေနိုင်ပါတယ်။


အစပိုင်းမှာတော့ နှာစေး၊ နှာချေ၊ လည်ချောင်းနာ စတာတွေနဲ့ သာမန်အအေးမိဖျားနာတာလို့ပဲ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမယ့် အအေးမိဖျားနာတာက ​ဖြည်းဖြည်းချင်းနဲ့ အစပျိုးလာတတ်ပြီး ရာသီတုပ်ကွေးကတော့ ရုတ်တရက်ကြီး ချက်ချင်းဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်နေရင် ရိုးရိုးအအေးမိဖျားနာတာတွေထက် ပိုပြီးခံစားရမှာပါ။


▪️ရာသီတုပ်ကွေးဖြစ်ရင် ဘယ်လက္ခဏာတွေ ပြလဲ?


- ဖျားနာခြင်း

- ကိုယ်လက်ကြွက်သားများ ကိုက်ခဲခြင်း

- ချမ်းစိမ့်စိမ့်နဲ့ ​ချွေးများထွက်ခြင်း

- ခေါင်းကိုက်ခြင်း

- ​ချောင်းခြောက်များ မကြာခဏဆိုးခြင်း

- အသက်ရှူရခက်ခြင်း

- မောပန်းနွမ်းနယ်ပြီး အားလျော့ခြင်း

- နှာရည်ယို၊ နှာပိတ်ခြင်း

- လည်ချောင်းနာခြင်း

- မျက်စိနာခြင်း

- အော့အန်ခြင်း၊ ဝမ်းလျှောခြင်း (လူကြီးတွေထက် ကလေးတွေမှာ အဖြစ်များ)


စတဲ့လက္ခဏာတွေပြတတ်ပါတယ်။


▪️ဆရာဝန်ဆီ ချက်ချင်းသွားပြပြီး ကုသမှုခံယူရမယ့် အရေးပေါ်လက္ခဏာတွေက ဘာ‌တွေလဲ?


ကလေးတွေမှာဆိုရင်


- အသက်ရှူရခက်ခြင်း

- နှုတ်ခမ်းများ ပြာနှမ်းလာခြင်း

- ရင်ဘတ်အောင့်ခြင်း 

- အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း

- ရေဓာတ်ကုန်ခမ်းသောလက္ခဏာများ ဖြစ်လာခြင်း

( ၈နာရီကြာသည်ထိ ဆီးမစွန့်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း)

- ကြွက်သားများ အရမ်းနာကျင်လာခြင်း

- တက်ခြင်း

- နို့ကောင်းကောင်းမစို့နိုင်ခြင်း

- ကျန်းမာရေးဆေးစစ်ချက်များ ဆိုးရွားလာခြင်း


တွေဖြစ်ပေါ်လာရင်တော့ ဆရာဝန်ဆီသွားပြီး ချက်ချင်းကုသမှုခံယူသင့်ပါတယ်။


လူကြီးတွေမှာဆိုရင်


- အသက်ရှူရခက်ခြင်း

- ရင်ဘတ်အောင့်ခြင်း

- ကြာရှည်စွာ မူးဝေနေခြင်း

- တက်ခြင်း

- ကျန်းမာရေးဆေးစစ်ချက်များ ဆိုးရွားလာခြင်း

- အလွန်အားအင်လျော့လာပြီး ကြွက်သားများ နာကျင်ခြင်း


တွေဖြစ်ပေါ်လာရင်တော့ ဆရာဝန်ဆီသွားပြီး ချက်ချင်းကုသမှုခံယူသင့်ပါတယ်။


▪️ရာသီတုပ်ကွေး Virus ဘယ်လိုကူးစက်ခံရနိုင်သလဲ?


- ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုး၊ စကားပြောတဲ့အခါ လွင့်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင် (သို့မဟုတ်) ရောဂါပိုးနဲ့အမှုန်အမွှားတွေ ကပ်နေတဲ့နေရာကို ကိုင်ထားတဲ့လက်နဲ့ ကိုယ့်နှာခေါင်း၊ ပါးစပ်၊နား၊ မျက်လုံးတွေကို ထိမိရင် ကူးတတ်ပါတယ်။



▪️ရာသီတုပ်ကွေး အကြောင်းဘာတွေသိထားသင့်သလဲ?



✨ Virus ပိုးကူးစက်ခံရပြီး ၁ရက်မှ ၄ရက်အတွင်း ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။

လက္ခဏာပြပြီး ပထမ ၃-၄ရက်အတွင်း ရောဂါရှိသူထံမှ အခြားသူများကို အကူးစက်နိုင်ဆုံး ဖြစ်ပါတယ်။



✨ ရောဂါခံစားရချိန် ၁ပတ်ခန့် ကြာနိုင်ပါတယ်။


✨ ခန္ဓာကိုယ်အတွင်းရှိ Virus ပမာဏဟာ ကူးစက်ခံရပြီး ၂ ရက် ၃ ရက်မှာအများဆုံးဖြစ်ပြီး ၆ ရက်နောက်ပိုင်းမှာ တဖြည်းဖြည်းနည်းသွား ကာပြန်လည်သက်သာလာတတ်ပါတယ်။


✨ ရာသီတုပ်ကွေးဖြစ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါများ


- အဆုတ်ရောင်ရောဂါ

- လည်ချောင်းနာရောဂါ

- ပန်းနာရင်ကြပ်ရောဂါ

- နှလုံးရောဂါ

- နားရောဂါပိုးဝင်ခြင်း

- Acute respiratory distress syndrome(ARDS)


စတဲ့ရောဂါတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်ပါတယ်။


▪️ရာသီတုပ်ကွေးရောဂါ မပြန့်ပွားအောင် / ကူးစက်မခံရအောင် ဘယ်လိုထိန်းချုပ်ကာကွယ်ကြမလဲ?


- လက်ဆေးပါ။

- မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေထိတာကို ရှောင်ကြဥ်ပါ။

- နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ဖြင့် ကာဆိုးပါ။

- လူအများအထိအတွေ့ရှိတဲ့ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေကို သန့်ရှင်းပါ။

- လူစုလူဝေးများ ရှောင်ကြဥ်ပါ။


ပြည်သူ ပြည်သားအားလုံး ကျန်းမာရေးသုခနှင့်ပြည့်စုံကြပါစေရှင်။


Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
    Replies
    1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

      *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

      ~ There are no unsuccessful things which are done with strong desire and effort ~

      Delete
  2. Thanks for Sharing. Be healthy All.

    ReplyDelete
  3. ကျေးဇူးပါ

    ReplyDelete
  4. Click done Angel 041

    ReplyDelete
  5. စာဖတ်ရင်cl ပေးရာရောက်သလား ဗျ ကျွန်တော် စာတွေပဲတွေ့လို့ဖတ်ခဲ့တယ်

    ReplyDelete
  6. Wheel...............dope.🏹🏹🏹

    ReplyDelete

Post a Comment