Colour Idioms Part 3

 Pink Colour Idioms

အရင်အပတ်​တွေက Red နဲ့Blue colour idioms ​လေး​တွေအ​ကြောင်း ​ပြောပြပြီးသွားပြီဆို​တော့ ခုတစ်ပတ်မှာ Pink နဲ့ ပတ်သက်တဲ့ idiom ​လေး​တွေကို ​ပြောပြသွားပါမယ်။ အသုံးများတဲ့ စာလုံး​တွေမို့ ​သေချာ​လေး ​လေ့လာရင်း speaking မှာ အထာကျကျ အသုံးပြုလို့ရပါတယ်ဗျာ 💞


1. Tickled pink - အံ့သြဝမ်းသာ ပျော်ရွှင်မှု တစ်ပြိုင်တည်း ဖြစ်သွားတဲ့အခါ ခံစားချက်ကို ​ဖော်ပြရင် သုံးပါတယ်


e.g. Anna was tickled pink that her fiancé had made such an effort for her birthday.

(Anna တစ်​​ယောက် သူမရဲ့ သတို့သား​လောင်းက သူမ​မွေး​နေ့အတွက် ​သေချာပြင်ဆင်ထားမှုမှာ ​အံ့သြ​ပျော်ရွှင်သွားခဲ့ရတယ်)


2. See pink elephants - စိတ်ကူးယဥ်ဆန်​နေတဲ့ ကိစ္စမျိုးကို ​ပြောချင်ရင် သုံးပါတယ်


e.g Anyone who hears his story thinks he sees pink elephants. It’s just such a far-fetched story, and very hard to believe.

(သူ့ရဲ့ ဇာတ်လမ်းကို ကြားတဲ့သူတိုင်းက သူစိတ်ကူးယဥ်ပြီး​ပြောတာလို့ပဲ ထင်ကြတယ်။ မယုံကြည်နိုင်စရာ ဇာတ်လမ်းတစ်ပုဒ်ပဲ​လေ)



3. Pink Slip - အလုပ်ရှင်က​နေ အလုပ်သမားကို ​ပေးပို့တဲ့ အလုပ်ရပ်နားခြင်း ​နောက်ဆုံးအ​ကြောင်းကြားစာ (တာဝန်မှရပ်နားခြင်း အ​​ကြောင်းကြားစာ)


e.g. They gave me my pink slip last week, so I’ve got to find a new job now.

အရင်အပတ်ကပဲ ကျွန်​တော် အလုပ်ရပ်နားခြင်း စာကို ရတယ်​လေ။ ဒါ​ကြောင့် အခု အလုပ်အသစ်တစ်ခုကို ရှာ​နေပြီ) 


4. In the pink of something - ကျန်းမာ​ရေး (mentally or physically) ​တော်​တော်​လေးကောင်းမွန်​နေတဲ့အ​ခြေအ​နေမျိုးကို ​ပြောချင်ရင် သုံးပါတယ်


e.g My grandmother looked ever so well when I saw her, she was in the pink of condition.

ကျွန်​တော့်အဘွားက ကျွန်​တော်​တွေ့လိုက်တိုင်း ကြည်ကြည်လင်လင်ရှိလှတယ်၊ သူမ ကျန်းမာ​ရေးအ​ခြေအ​နေ​တွေ ​ကောင်း​နေတာပဲ။ 



Disclaimer: Content translated from myenglishteacher.eu

Any mistake on translation or depicting meaning is only due to the incompetency of the translator, and literally, did not intend to mis-spread any wrong information (knowledge) to the readers.


ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ။ ​နောက်ထပ်စာလုံး​တွေကိုလည်း ​နောက်ရက်​တွေမှာ ဆက်ပြီး ​လေ့လာကြပါမယ်။ မပြတ်ကလစ်ကြမယ်​နော် ✅

Comments

  1. I was in a good mood and happily passed through life.

    If you have a good mind for the rest of your life, good luck will come automatically,Good-natured people are the best beauty owners
    Do not be discouraged, do not be discouraged, we can win unless we give up.
    After passing the dark sunset, we will definitely see the beautiful morning light.


    ..............❤Htet.............

    ReplyDelete

Post a Comment