Vegans Vs Vegetarians

 Vegans Vs Vegetarians


Vegetarians များ၏ စားသောက်မှုပုံစံ

Vegetarians ဆိုသည်မှာ အသားငါးများ၊ အကြေးခွံပါသောငါးများ၊ တိရစ္ဆာန်များကို  ညှင်းပန်းနှိပ်စက်ပြီးမှ ရရှိလာသော အသားများကို စားသုံးခြင်းမပြုကြသူများကို ခေါ်ဆိုပါတယ်။

Vegetarians များသည် အသားငါးများအစား သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အစေ့အဆံများနှင့် အခွံမာသီးများကိုသာ စားသုံးလေ့ရှိကြပါတယ်။

များသောအားဖြင့် Vegetarians အမျိုးအစား(၄)မျိုးရှိပြီး စားသောက်မှုပုံစံများထပ်မံကွဲပြားသွားကြပါတယ်။

Lacto-ovo Vegetarians များသည် သတ္တဝါအားလုံးတို့၏အသားမှန်သမျှကို ရှောင်ကြည်ကြသော်လည်း နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥများကိုတော့ စားသုံးကြပါတယ်။

Lacto Vegetarians တွေကတော့ သတ္တဝါအားလုံးတို့၏အသားများအပြင် ဥများကိုပါ စားသုံးခြင်းမှ ရှောင်ကြဉ်တတ်ကြပြီး နို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးခြင်းပြုကြပါတယ်။

Ovo Vegetarians များသည် ဥတစ်မျိုးတည်းကိုသာ စားသုံးကြပြီး တိရစ္ဆာန်များမှရရှိသောအစားအစာမှန်သမျှကို ရှောင်ကြဉ်ကြပါတယ်။

Vegans များသည် တိရစ္ဆာန်များနှင့် ၎င်းတို့မှတဆင့်ရရှိသော အစားအစာမှန်သမျှကို စားသုံးခြင်းမပြုကြပေ။

အသားများကို စားသုံးခြင်းမပြုကြသော်လည်း ငါးများကိုစားသုံးခြင်းပြုသူတွေကိုတော့ Pescatarians များလို့ခေါ်ပါတယ်။



Vegans များ၏ စားသောက်နေထိုင်မှုပုံစံ


Vegans များသည် Vegetarians များထက် အစားအသောက်ကို ပိုမိုတင်းကြပ်စွာ စားသုံးတတ်ကြပါတယ်။

သူတို့တွေကတော့  သတ္တဝါများမှရရှိသော အသားများ၊ ငါးများကို ရှောင်ရှားရုံသာမက နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥများ နှင့် အခြားတိရစ္ဆာန်များမှတဆင့်ရရှိသော မည်သည့်အစားအစာကိုမှ စားသုံးခြင်းမပြုကြပါဘူး။

ဥပမာအားဖြင့်ပြောရလျှင် Gelatin, Honey, Carmine, Pepsin, Shellac, Albumin, Whey, Casein, Vitamin D အစရှိသော တိရစ္ဆာန်များမှ သွယ်ဝိုက်သောနည်းအားဖြင့်ရရှိနေသည့် အရာများကိုပါ စားသုံးခြင်းမှ ရှောင်ကြဉ်ကြပါတယ်။


Vegans များနှင့် vegetarians များစားသုံးသော အစားအသောက်များတွင် အဆီပါဝင်မှုနည်းပါတယ်။ အပင်ပစ္စည်းတွေကို အဓိကစားသုံးတာဖြစ်တဲ့အတွက်ကြောင့် Vegans & Vegetarians diet တွေမှာ ဗီတာမင်၊ သတ္ထုဓာတ်၊ နှင့် အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါပေမယ့် Vegans & Vegetarians တို့ဟာ မိမိတို့အစားအသောက်ကို စနစ်တကျစီစဉ်စားသောက်မှုမရှိဘူးဆိုလျှင်တော့ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ နဲ့ အချို့တော့ဗီတာမင်ဓာတ်များ ချို့တဲ့နိုင်ပါတယ်။ 


Vegans & Vegetarians diet နှစ်ခုမှာ ဘယ်ဟာက ကျန်းမာရေးအတွက်ပိုကောင်းလဲ။ 

စနစ်တကျစီစဉ်စားသောက်မယ်ဆိုလျှင်တော့ နှစ်မျိုးလုံးက ကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်။ သို့သော် အပင်ထွက်ပစ္စည်းမျာကိုသာ အများဆုံးစားသောက်ကြတာ ဖြစ်တဲ့အတွက် တချို့သောအာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် Vegan diet စားသုံးသူပဲဖြစ်ဖြစ်၊ Vegetarian diet စားသုံးသူပဲဖြစ်ဖြစ်အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ 

မိမိရဲ့နေ့စဉ်စားသုံးတဲ့ diet ကိုစနစ်တကျစီစဉ်ခြင်း။ 

သွေးတွင်း အာဟာရဓာတ်များကို တိုင်းတာခြင်း။ 

လိုအပ်သော ဖြည့်စွက်ဆေးများ သောက်သုံးခြင်း။ 


တိရိစ္ဆာန်တွေရဲ့ အခွင့်အရေးတွေကို  ကာကွယ်တဲ့ Lifestyle ဖြစ်တဲ့အတွက်ကြောင့် Vegan တွေက ပိုးထည်၊ သိုးမွှေး၊ လယ်သာ၊ သားရေ စသည်တို့နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါတယ်။ တိရိစ္ဆာန်တွေကို စမ်းသပ်ခံအဖြစ်သုံးတဲ့ ကုမ္ပဏီတွေကို ဆန့်ကျင်ကြပြီး Cruelty-free Cosmetics တွေကိုသာအသုံးပြုပါတယ်။ Ethical Vegans တွေကတော့ တိရိစ္ဆာန်ကိုအသုံးပြုတဲ့ ဆပ်ကပ်ပွဲတွေ၊ တိရိစ္ဆာန်ရုံတွေ၊ ကျွဲရိုင်းနွားရိုင်းသတ်ပွဲ‌တွေ၊ မြင်းပြိုင်ပွဲတွေ စတဲ့ တိရိစ္ဆာန်ကို အသုံးပြုတဲ့ ဖျော်ဖြေမှုတွေ ပပျောက်ဖို့ အဓိကဦးတည်ကြပါတယ်။ Veganတွေရဲ့ အစားအသောက်ပုံစံက ကမ္ဘာ့အရင်းအမြစ်တွေ၊ ရာသီဥတု ပြောင်းလဲခြင်းကို တားဆီးနိုင်တဲ့ အကျိုးကျေးဇူးတွေရနိုင်တယ်လို့ ယူဆကြပါတယ်။ သားသတ်လွတ် စားတဲ့နည်းတွေ မျိုးစုံရှိပြီး Vegan တွေကတော့ အတင်းကြပ်ဆုံးပုံစံဖြစ်ပါတယ်။ Vegan စားသောက်မှုပုံစံတွေက ကျန်းမာရေးအတွက် တချို့သော အကျိုးထူးတွေတော့ ရနိုင်ပါတယ်။ ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် နောက်ဆက်တွဲရောဂါတွေကို ရှောင်ကြည်နိုင်ရန် သေသေချာချာ စီစဉ်ပြီး စားသောက်ကြဖို့ အကြံပြုပါတယ်။ 



Comments