Why do we dream?

Why do we dream? 

(ကျွန်​တော်တို့ ဘာ​ကြောင့် အိပ်မက်မက်ကြလဲ?)

(Image credit to its original source)



BCE တတိယထောင်စုနှစ်တွင် မေဆိုပိုတေးမီးယားဘုရင်များက ၎င်းတို့ရဲ့အိပ်မက်တွေကို ဖယောင်းဆေးပြားတွေပေါ်မှာ မှတ်တမ်းတင်ပြီး အဓိပ္ပာယ်ပြန်ဆိုခဲ့ကြပါတယ်။ အနှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာတော့ ရှေးခေတ်အီဂျစ်လူမျိုးများက ဘုံအိပ်မက်တွေနှင့် ၎င်းတို့ရဲ့အဓိပ္ပါယ် တွေကို ဖော်ပြတဲ့ အိပ်မက်စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ဘာကြောင့်အိပ်မက်မက်တယ်ဆိုတာ နားလည်ဖို့ ကျွန်တော်တို့ရဲ့ရှာဖွေမှုကို မရပ်လိုက်ပါဘူး။ ဒါ့ကြောင့် သိပ္ပံနည်းကျ သုတေသနပြုမှု၊ နည်းပညာတိုးတက်မှုနှင့် စွဲမြဲစွာလုပ်ဆောင်ပြီးတဲ့နောက် တိကျတဲ့အဖြေများမရှိသေးပေမယ့်လည်း ကျွန်ုပ်တို့မှာ စိတ်ဝင်စားဖွယ်သီအိုရီအချို့ရှိပါတယ်။

                                    

"ကျွန်တော်တို့ဟာ မိမိလိုအင်ဆန္ဒတွေကို ဖြည့်စည်းဖို့အတွက် အိပ်မက်မက်ကြပါတယ်"

 1900 ခုနှစ်တွေအစောပိုင်းမှာ Sigmund Freud က ကျွန်တော်တို့ရဲ့ အိပ်မက်တွေအပါအဝင် အိပ်မက်ဆိုးတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်တစ်သက်တာမှ ပုံရိပ်တွေကိုစုစည်းထားပေမယ့်လည်း ကျွန်တော်တို့ရဲ့ မသိစိတ်ဆန္ဒများပြည့်စုံခြင်းနှင့်ဆက်စပ်တဲ့ သင်္ကေတအဓိပ္ပါယ်များလည်းရှိပါတယ်။ အိပ်မက်က နိုးထလာတဲ့အခါ ကျွန်တော်တို့မှတ်မိသမျှဟာ ကျွန်တော်တို့မသိစိတ်ရဲ့  မူလအစအတွေးတွေ၊ တိုက်တွန်းချက်တွေနှင့် ဆန္ဒတွေကို ပုံဖော်ဆောင်တဲ့ ကိုယ်စားပြုမှုတစ်ခုဖြစ်ကြောင်း ဖရွိုက်သီအိုရီက ဆိုပါတယ်။ ထိုမှတ်မိနေတဲ့ အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် သတိလစ်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ရဲ့ အသိစိတ်မှာ ထုတ်ဖော်ပြသမှာဖြစ်ပြီး ၎င်းရဲ့ဖိနှိပ်မှုကြောင့် ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့  ဖရွိုက်က ယုံကြည်ခဲ့ပါတယ်။

 

"သတိရမှတ်မိနေဖို့လည်း ကျွန်တော်တို့ အိပ်မက်မက်ကြပါတယ်"

အချို့သော စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် အိပ်စက်ခြင်းက ကောင်းမွန်ပေမယ့်လည်း အိပ်နေစဉ် အိပ်မက်မက်ခြင်းက ပိုကောင်းပါတယ်။ 2010 ခုနှစ်တွင် သုတေသီများက ဘာသာရပ်တွေဟာ ရှုပ်ထွေးတဲ့ 3-D ဝင်္ကပါကို ဖြတ်ကျော်ပြီး ဒုတိယမြောက်ကြိုးစားမှုမတိုင်မီ ဝင်္ကပါကို အိပ်မက်မက်ခဲ့လျှင် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ တကယ်တော့ သူတို့ဟာ ဝင်္ကပါအကြောင်းကို နိုးနေချိန်မှာပဲတွေးနေသူတွေထက် တစ်ရေးတစ်မောအိပ်မက်မက်နေသူတွေက ဆယ်ဆလောက် သာလွန်ကြပါတယ်။ အချို့သော မှတ်ဉာဏ်ဖြစ်စဉ်တွေက ကျွန်တော်တို့အိပ်ပျော်နေချိန်မှာသာ ဖြစ်နိုင်ကြောင်းနှင့် ကျွန်တော်တို့အိပ်မက်တွေက ယင်းဖြစ်စဉ်များ ဖြစ်ပွားနေကြောင်းအတွက် အချက်ပြမှုတစ်ခုဖြစ်ခြင်းကို သုတေသီတွေက သီအိုရီအရ ပြောဆိုခဲ့ကြပါတယ်။

 

"ကျွန်တော်တို့ဟာ မေ့ဖို့အတွက်လည်း အိပ်မက်မက်ကြပါတယ်"

ကျွန်တော်တို့ဦးနှောက်တည်ဆောက်ပုံအတွင်း အာရုံကြောချိတ်ဆက်မှု 10,000 ထရီလီယမ် ပါရှိပါတယ်။ ၎င်းတို့ကို ကျွန်တော်တို့ထင်မြင်သမျှနှင့် လုပ်သမျှအရာတွေကမှ ဖန်တီးထားခြင်းဖြစ်ပါတယ်။ reverse learningလို့ခေါ်တဲ့ အိပ်မက်မက်ခြင်း၏ 1983ခုနှစ် အာရုံကြောဆိုင်ရာသီအိုရီအရ အိပ်ပျော်နေစဉ်နဲ့ အဓိကအားဖြင့် REM အိပ်စက်ခြင်းအဆင့်တွေမှာ neocortex က အဆိုပါအာရုံကြောချိတ်ဆက်မှုတွေကို ပြန်လည်သုံးသပ်ပြီး မလိုအပ်တဲ့အရာတွေကို စွန့်ပစ်ကြောင်း ခံယူထားပါတယ်။ အိပ်မက်တွေမှာ သက်ရောက်စေတဲ့ ဤသင်ယူမှုလုပ်ငန်းစဉ်မပါပါက ဦးနှောက်ဟာ အသုံးမဝင်တဲ့ချိတ်ဆက်မှုတွေကြောင့် လွှမ်းမိုးသွားနိုင်ပြီး နိုးနေချိန်မှာ မိမိလုပ်ဆောင်ဖို့ လိုအပ်တဲ့တွေးခေါ်မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

 

"ကျွန်တော်တို့ရဲ့ ဦးနှောက် ဆက်လက်အလုပ်လုပ်ဆောင်နေဖို့အတွက်လည်း အိပ်မက်မက်ကြပါတယ်"

 စဉ်ဆက်မပြတ်လှုပ်ရှားခြင်းသီအိုရီအရ ကျွန်တော်တို့ရဲ့အိပ်မက်တွေဟာ လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ ရေရှည်မှတ်ဉာဏ်တွေကို အဆက်မပြတ်စုစည်းဖို့နှင့် ဖန်တီးဖို့အတွက် ဦးနှောက်ရဲ့လိုအပ်ချက်မှ ဖြစ်ပေါ်လာကြောင်း အဆိုပြုထားပါတယ်။ ဒါ့ကြောင့် အိပ်ပျော်နေချိန်ကဲ့သို့ အချို့အဆင့်တစ်ခုအောက် ပြင်ပထည့်သွင်းမှု ကျဆင်းနေတဲ့အချိန်မှာ ဦးနှောက်က အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ကြုံခံစားရတဲ့ အတွေးနှင့်ခံစားချက်ပုံစံဖြင့် ၎င်းရဲ့မှတ်ဉာဏ်သိုလှောင်မှုမှ အချက်အလက်တွေကို အလိုအလျောက် အစပျိုးပေးပါတယ်။ တစ်နည်းအားဖြင့်ဆိုရပါက အိပ်မက်တွေဟာ ဦးနှောက်ကို လုံးဝပိတ်မသွားစေဖို့ ကျပန်းစခရင်ချွေတာမှုတစ်ခု ဖြစ်နိုင်ပါတယ်။

 

"အစမ်းလေ့ကျင့်ဖို့အတွက်လည်း ကျွန်တော်တို့ အိပ်မက်မက်ကြပါတယ်"

အန္တရာယ်များပြီး ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေပါ၀င်တဲ့ အိပ်မက်တွေက အလွန်အဖြစ်များပြီး အိပ်မက်တစ်ခုရဲ့ အကြောင်းအရာက ၎င်း၏ရည်ရွယ်ချက်အတွက် အရေးပါတယ်လို့ ရှေးဦးဗီဇစမ်းသပ်မှုသီအိုရီက ခံယူထားပါတယ်။ ဝက်ဝံတွေရှိတဲ့ တောအုပ်ထဲ ပြေးလွှားနေရတဲ့ စိတ်ပူပန်မှုတွေပြည့်နှက်နေတဲ့ညပဲဖြစ်ဖြစ်၊ မှောင်မိုက်တဲ့လမ်းကြားထဲမှာ နင်ဂျာတစ်ကောင်ကို တိုက်ခိုက်နေတာပဲဖြစ်ဖြစ် ထိုအိပ်မက်တွေက မိမိရန်ပွဲ ဒါမှမဟုတ် ပျံသန်းမှုဆိုင်ရာ စိတ်ဝိဉာဉ်တွေကို လေ့ကျင့်နိုင်စေပြီး လိုအပ်လာပါက လက်တွေ့ဘဝမှာ ထက်ထက်မြက်မြက်နဲ့ အားကိုးနိုင်စေမှာပါ။ ဒါပေမယ့် အမြဲတမ်း စိတ်ညစ်စရာ မလိုပါဘူး။

 

"ကျွန်တော်တို့ဟာ ကုစားဖို့အတွက်လည်း အိပ်မက်မက်ကြပါတယ်"

 ဦးနှောက်အတွင်းရှိ စိတ်ဖိစီးမှုဆိုင်ရာ အာရုံကြောပို့လွှတ်မှုများက စိတ်ထိခိုက်စရာအတွေ့အကြုံတွေကို အိပ်မက်မက်နေချိန်မှာပင် REMအိပ်စက်ခြင်းအဆင့်မှာ တက်ကြွမှုနည်းပါးပြီး အိပ်မက်မက်ခြင်းရဲ့ရည်ရွယ်ချက်တစ်ခုမှာ စိတ်ပိုင်းဆိုင်ရာကုစားဖို့အတွက် နာကျင်တဲ့အတွေ့အကြုံတွေကို ဖယ်ထုတ်ဖို့ဖြစ်တယ်လို့ သုတေသီအချို့က သီအိုရီသဘောတရားထုတ်ခဲ့ကြပါတယ်။ စိတ်ဖိစီးမှုနည်းတဲ့အိပ်မက်တွေမှာ တုန်လှုပ်ဖွယ်ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ခြင်းက သင့်အား ပိုမိုရှင်းလင်းတဲ့အမြင်နှင့် ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ အချို့သော စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေနှင့် PTSD ရှိသူတွေဟာ မကြာခဏ အိပ်ရခက်လေ့ရှိပြီး ထိုလိုအိပ်မက်မမက်ခြင်းက ၎င်းတို့ရဲ့ရောဂါကို အထောက်အကူဖြစ်စေတဲ့အချက်တစ်ခုဖြစ်နေတယ်လို့ အချို့သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။

 

"ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း ကျွန်တော်တို့ အိပ်မက်မက်ကြပါတယ်"

လက်တွေ့ဘဝနှင့် သမားရိုးကျ ယုတ္တိဗေဒစည်းမျဉ်းများဖြင့် အတားအဆီးမရှိတဲ့ အိပ်မက်တွေမှာ သင့်စိတ်က သင့်ကို နိုးကြားနေချိန်မှာ မစဉ်းစားနိုင်တဲ့ ဖြေရှင်းနည်းတွေကို အဆုံးအဖြတ်ပေးနိုင်ဖို့ အကန့်အသတ်မရှိတဲ့ အခြေအနေတွေကို ဖန်တီးနိုင်ပါတယ်။ John Steinbeck က ၎င်းအား အိပ်စက်ခြင်းဆိုင်ရာကော်မတီဟု ခေါ်ဆိုခဲ့ပြီး သုတေသနက ပြဿနာဖြေရှင်းခြင်းမှာ အိပ်မက်မက်ခြင်းရဲ့ ထိရောက်မှုကို သရုပ်ပြခဲ့ပါတယ်။ နာမည်ကျော် ဓာတုဗေဒပညာရှင် August Kekule က benzene မော်လီကျူး၏ ဖွဲ့စည်းတည်ဆောက်ပုံကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းရင်းဟာ တစ်ခါတစ်ရံမှာ ပြဿနာတစ်ခုအတွက် အိပ်ပျော်ခြင်းက အကောင်းဆုံးဖြေရှင်းချက်လည်းဖြစ်ပါတယ်။ ၎င်းတို့ဟာ ပိုမိုထင်ရှားတဲ့ သီအိုရီများထဲမှ အချို့သာဖြစ်ပါတယ်။

 

ကျွန်တော်တို့ဦးနှောက်ကို နားလည်နိုင်ခြင်း နည်းပညာတိုးမြင့်လာသည်နှင့်အမျှ တစ်နေ့မှာ ၎င်းတို့အတွက် တိကျတဲ့အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ရောက်တဲ့အထိ ကျွန်တော်တို့ ဆက်ပြီး အိပ်မက်တွေဆက်မက်နေရမှာပဲ ဖြစ်ပါတယ်။

Comments

  1. "သတိရမှတ်မိနေဖို့လည်း ကျွန်တော်တို့ အိပ်မက်မက်ကြပါတယ်"

    ReplyDelete
  2. Thank you for your sharing about dreams! Think deeply and click every time 🫠😻

    ReplyDelete
  3. Wheel........dope🏹🏹🏹

    ReplyDelete
  4. အိပ်မက် မက်တယ် အိပ်မက်တယ်
    ညရဲ့အလယ် ကိုယ့်စိတ်ထဲမှာ
    မင်းလေးဝိုးတဝါး💫

    ReplyDelete
  5. Thanks 👍👍

    ReplyDelete
  6. မေ့ပစ်ဖို့အတွက်အိပ်မက်တယ်

    ReplyDelete
  7. need click week

    ReplyDelete
  8. ဆယ်တန်းစာမေးပွဲခုထိမက်တုန်းပဲ

    ReplyDelete

Post a Comment