Jimson Weed/White Flower No.1

 Jimson Weed/White Flower No.1 (Georgia O'keeffe)

Georgia O'keeffe (1887-1986) ဟာ အမေရိကန်ပန်းချီဆရာမတစ်ဦးဖြစ်ပြီး သူမကို Mother of American modernism လို့တောင် သတ်မှတ်ကြပါတယ်။ O'keeffe ဟာ Chicago နဲ့ New York မြို့ကအနုပညာကျောင်းတွေမှာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူမဟာ အသက် 30 ကျော်အရွယ်မှာ သူမရဲ့ ကိုယ်ပိုင်ဟန်ကို ဖမ်းဆုပ်ရယူနိုင်ခဲ့ပြီး ထူးခြားတဲ့မော်ဒန်လက်ရာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူမဟာ ပန်းပွင့်တွေကို အနီးကပ်မြင်ရတဲ့ ပန်းချီကားတွေနဲ့ နာမည်ကျော်ပါတယ်။ ပန်းပွင့်ပုံတွေအပြင် ဦးခေါင်းခွံ၊ တိရစ္ဆာန်အရိုး၊ အမေရိကမိုးမျော်တိုက် စတဲ့ Contents တွေနဲ့ ဖန်တီးထားတဲ့ လက်ရာတွေလဲရှိပါတယ်။ 


O'keeffe ရဲ့လက်ရာတွေထဲက လေလံဈေးအမြင့်ဆုံးရရှိခဲ့တဲ့ ပန်းချီကားကတော့ Jimson Weed/White Flower No.1 ဖြစ်ပါတယ်။ 2014 ခုနှစ်လေလံပွဲတစ်ခုမှာ ဒီပန်းချီကားကို US$ 44.4 သန်းနဲ့ billionaire အမျိုးသမီးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်။ Jimson weed ဟာ O'keeffe ရဲ့ အနှစ်သက်ဆုံး Content တစ်ခုဖြစ်ပြီး အခြား Jimson weed လက်ရာတွေလည်းရှိပါတယ်။ No.1 လက်ရာကတော့ Jimson weed ပန်းပွင့်တစ်ပွင့်ထဲကို 48 × 40 လက်မ ရှိတဲ့ပန်းချီကားနဲ့အပြည့်ရေးဆွဲထားပါတယ်။ အမှောင်စွက်ထားတဲ့အစိမ်းရောင်အရွက်တွေကြားက ပန်းပွင့်ရဲ့ ဖြူလွတဲ့အရောင်ဟာ ကြည့်ရှုသူရဲ့ အာရုံကို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ပန်းချီကားရဲ့ကြီးမားတဲ့အရွယ်အစားကလည်း ပန်းချီကားရဲ့ ရသကို ပိုပြီးအားကောင်း‌စေပါတယ်။ 


မှတ်တမ်းတွေအရ ဒီ No.1 ပန်းချီကားကို သမ္မတကတော် Laura Bush ရဲ့ ပန်ကြားချက်အရ အိမ်ဖြူတော်မှာ 6 နှစ်ကြာချိတ်ဆွဲထားခဲ့ဖူးတယ်လို့ဆိုပါတယ်။ O'keeffe ရဲ့လက်ရာတွေဟာ အမေရိကန် မော်ဒန်ပန်းချီလောကရဲ့ ထိပ်တန်းလက်ရာတွေအဖြစ် လင်းလက်တောက်ပနေဆဲပါပဲ။

Comments

  1. I love art 🍀

    ReplyDelete
  2. 🌺🌺🥰

    ReplyDelete
  3. နွေဦး မိုတီ

    ဒီ....ပရက်ရှင် ဝင်လာတိုင်း
    မို....တီပြန်ရဖို့ အတွက်
    က...လစ်ရင်း၊စထွင်းရင်း
    ရေ...ရာတဲ့ လမ်းတစ်ခု ဖောက်ဖို့
    စီ.....တန်းရှေ့ဆက်နေမိတယ်

    နွေအိပ်မက်

    ReplyDelete
  4. Done by angel 041.

    ReplyDelete
  5. Wheel..........dope.🏹🏹🏹

    ReplyDelete
  6. ပန်းတိုင်ဆီ အရောက်ချီကြမည်။

    ReplyDelete
  7. ညပိုင်းလေး pp

    ReplyDelete

Post a Comment