A Sunday Afternoon on the Island of La Grande Jette
A Sunday Afternoon on the Island of La Grande Jette (Georges Seurat)
ပန်းချီရေးဆွဲနည်း များစွာရှိတဲ့အနက် Pointillism နည်းစနစ်ရဲ့ ရှေ့ဆောင်လက်ရာတစ်ခုအဖြစ် A Sunday Afternoon on the Island of La Grande Jette ကို ညွှန်းဆိုကြပါတယ်။ ဆေးရောင်တွေကို ဆွဲခြစ်တဲ့နည်းနဲ့မဟုတ်ဘဲ အပြောက်လေးတွေချတဲ့နည်းစနစ်နဲ့ ဖန်တီးထားတာပါ။ ဒီပန်းချီကားကို ဖန်တီးသူ Georges Seurat (1859-1891) ဟာ Pointillism နည်းစနစ်ရဲ့ ဦးဆောင်ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။
Seurat ဟာ ပြင်သစ်ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာကြီးပြင်းခဲ့ရသူဖြစ်ပြီး ပန်းချီကျောင်းမှာ ရှေးရိုးနည်းစနစ်တွေကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ဟန်ကို ဖော်ထုတ်နိုင်ခဲ့ပြီး Pointillism နည်းစနစ်ကို တီထွင်သုံးစွဲခဲ့ပါတယ်။ လက်ရာမြောက်ပန်းချီကားတွေရေးဆွဲနိုင်ခဲ့ပေမယ့် သူဟာ အသက်မရှည်ခဲ့ပါဘူး။ အသက် 31 နှစ်မှာ အဖျားရောဂါတစ်ခုနဲ့ ဆုံးပါးခဲ့ပါတယ်။
A Sunday Afternoon on the Island of La Grande Jette ပန်းချီကားကိုတော့ 1884 ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး ပြီးစီးဖို့ 2 နှစ်ကြာခဲ့တယ်လို့ဆိုပါတယ်။ ဒီပန်းချီကားဟာ အလျား 3 မီတာ ၊ အနံ 2 မီတာ လောက် ရှိတဲ့ ကြီးမားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီပန်းချီကားကို ရေးဆွဲဖို့အတွက် Seurat ဟာ ပန်းခြံထဲမှာ နာရီပေါင်းများစွာထိုင်ရင်း မြင်ကွင်းတွေကိုလေ့လာပြီး ပုံကြမ်းပေါင်းများစွာကိုလည်း ရေးဆွဲခဲ့ရပါတယ်။
ပန်းချီကားရဲ့ အချိုးမျှနေတဲ့ Composition နဲ့ မိတ်ဖက်အရောင်တွေကို သိပ္ပံနည်းကျတွဲဖက်သုံးစွဲထားမှုဟာ အသေးစိတ်ကျလွန်းတဲ့အတွက် ပန်းချီကားလေ့လာသူပညာရှင်တွေက ချီးကျူးကြရပါတယ်။ ပန်းချီကားထဲမှာ ပါဝင်တဲ့ Characters တွေဟာ စုံလင်လှပြီး အရေအတွက်အားဖြင့်လည်းများပြားတာတွေ့ရပါတယ်။ နှောင်းလူတွေဟာ ဒီ characters တွေကိုထည့်သွင်းရေးဆွဲထားခြင်းရဲ့ နောက်ကွယ်ကရည်ရွယ်ချက်ကို အမျိုးမျိုးတွေးဆကောက်ယူကြပါတယ်။ မည်သို့ဆိုစေ Seurat ဟာ ဒီပန်းချီကားကို ရေးဆွဲခဲ့တာဟာ အပန်းဖြေကမ်းခြေမြင်ကွင်းကို ဖေါ်ပြရုံသက်သက်မဟုတ်နိုင်တာတော့ အသေအချာပါပဲ။
အခုလက်ရှိမှာ ဒီပန်းချီကားကို Art Institute of Chicago မှာ ထိန်းသိမ်းထားရှိပါတယ်။
Comments
Post a Comment