ထင်ရှားကျော်ကြားသမိုင်းထဲက ခေါင်းဆောင်များ - 3

ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 3
ဒီတစ်ခါ ဖော်ပြပေးမဲ့ Famous leader ကတော့ Time Magazine မှာ၂၀ ရာစုနှစ်အတွင်း ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ အနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ မော်စီတုံးပဲ ဖြစ်ပါတယ်။ Mao Zedong(အနီးစပ်ဆုံး မောင်ဇဲသုဉ် in Chinese) မြန်မာမှု ပြုလိုက်ရာမှာ မော်စီတုံးဖြစ်သွားပါတယ်။ ဆိုတော့ မော်စီတုံးလို့ပဲ ဆက်သုံးသွားပါမယ်နော်။ မော်စီတုံးကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှောင်ရန်းမြို့မှာ ၁၈၉၃ ဒီဇင်ဘာ ၂၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မော်စီတုံးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်ကနေ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အချိန်ထိ အုပ်စိုးခဲ့ပါတယ်။ မာခ်ဝါဒ-လီနင်ဝါဒနှင့် စပ်လျဉ်းပြီး သူရေးခဲ့တဲ့ သီအိုရီတွေ၊ စစ်ရေးဗျူဟာတွေနှင့် မူဝါဒတွေကို ယနေ့မှာ "မော်ဝါဒ" လို့ လူသိများပါတယ်။ သူဟာ ရုရှားတော်လှန်ရေးအောင်မြင်မှုကို ကြည့်ပြီး တရုတ်မှာလည်း ကွန်မြူနစ်ဝါဒ တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ ၁၉၂၁ မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံး ပါတီဝင်တွေအနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ မော်စီတုံးဟာ တရုတ်ခေါင်းဆောင် ဆွန်ယက်ဆင်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပေမဲ့လည်း ဆွန်ယက်ဆင်အရိုက်အရာကို ဆက်ခံသူက ကွန်မြူနစ်ဝါဒကို ဆန့်ကျင့်သူတစ်ဦးဖြစ်လို့ မဟာမိတ်ဖွဲ့မှုကို ရုတ်သိမ်းခဲ့ပါတယ်။ နောက်တော့ မော်စီတုံးဟာ တရုတ်နိုင်ငံ လွတ်လပ်ရေးနဲ့ ကွန်မြူနစ်တည်ထောင်နိုင်ဖို့ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်လေးကို ဦးဆောင်ခဲ့ပါတယ်။ ဒါမဲ့လည်း အင်အားနည်းပါးလို့ အရေးနိမ့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေက တော်လှန်ပုန်ကန်မှုတွေ လုပ်ခဲ့ကြရာမှာ ကွန်မြူနစ်တွေကလည်း နိုင်ငံရေးလှုပ်ရှားဖို့ အချိန်တန်ပြီလို့ သဘောပေါက်ခဲ့ကြပါတယ်။ မော်စီတုံးဦးဆောင်မှုနဲ့ တရုတ်ရဲ့ ပြည်နယ်၁၀ ခုမှာ အချိန်တိုအတွင်း ကွန်မြူနစ်ဝါဒ လွှမ်းမိုးသွားခဲ့ပါတယ်။ တရုတ်အစိုးရက ဒေါပုန်ထပြီး ကွန်မြူနစ်ဝါဒီတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့အချိန်မှာ မော်စီတုံးဟာ အစိုးရကို ထိပ်တိုက်မရင်ဆိုင်ဘဲ တပ်ဆုတ်တဲ့အနေနဲ့ ခရီးရှည်ချီတက်မှုကို ဦးဆောင်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ ထင်ပေါ်ကျော်ကြားခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
Long March ကပုံလေးတစ်ပုံပါ။ တရုတ်နဲ့ ဂျပန် စစ်ပွဲမှာလည်း တရုတ်တွေကို ဦးဆောင်ခဲ့ပြီး ခေတ်သစ်တရုတ်နိုင်ငံထူထောင်ဖို့ရာ သူပဲ အစီအစဉ်တွေ ချမှတ်ခဲ့တာပါ။ အဲ့လို မော်စီတုံးဟာ တရုတ်နိုင်ငံတော်ကြီးကို မလျှော့တဲ့ ဇွဲ့လုံ့လနဲ့ အားကြိုးမာန်တက်ဦးဆောင်မှုကာ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့မှုကြောင့် ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အများက အသိအမှတ်ပြုထားကြပါတယ်။ ထုံးစံအတိုင်း မော်စီတုံးရဲ့ Good Quotes အချို့ပါ။
#🌸🍒

Comments

Post a Comment