Sport

ယူနိုက်တက်အတွက် ဒုတိယဗန်ပါစီကို ရရှိသွားနိုင်မှာလား
ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ လက်ရှိအချိန်မှာ အမြဲတမ်းနည်းပြသစ်ရှာပုံတော်ကို စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး အဲရစ်တန်ဟတ်ခ် ၊လူးဝစ်အင်းနရစ် နဲ့ ပိုချက်တီနို တို့ကတော့ နာမည်အထွက်ဆုံး ဖြစ်နေပါတယ်။ အကယ်၍ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခန့်အပ်ခဲ့ပါက အသင်းအတွက် နောက်ထပ် ဗန်ပါစီတစ်ယောက်ကို ရရှိသွားနိုင်ဖို့ များနေပါတယ်။ ရာသီကုန်မှာ ယူနိုက်တက်အသင်းအနေနဲ့ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ရှိနေပြီး ယာယီနည်းပြ ရန်းနစ်ခ် ကလည်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ကာဗာနီအနေနဲ့ ရာသီကုန်မှာ သေချာပေါက်ထွက်ခွါသွားမှာဖြစ်သလို ခရစ်စတီယာနိုရော်နယ်ဒို ရဲ့ အနာဂတ်ဟာလည်း မသေချာလှပါဘူး။ အကယ်၍ ပိုချက်တီနိုသာ ရောက်ရှိလာမယ်ဆိုရင် သူဟာ ဟယ်ရီကိန်းနဲ့ ပြန်ပေါင်းစည်းရဖို့အတွက် ကြိုးစားမှာ အသေချာပါပဲ။ဟယ်ရီကိန်းကို ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်စေခဲ့သူဟာ ပိုချက်ပါ။ ပိုချက်ထွက်ခွါပြီးနောက်ပိုင်း မော်ရင်ဟိုနဲ့ ကွန်တီရဲ့လက်အောက်မှာ သူရဲ့ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမယ့် ဟယ်ရီကိန်းရဲ့ အပျော်ဆုံးနေ့ရက်တွေဟာလည်း အာဂျင်တိုင်းသားနည်းပြရဲ့ လက်အောက်မှာဆိုတာ အသေအချာပါပဲ။ ဖလားအောင်မြင်မှုရယ်လို့ မပြနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ထိတက်ခဲ့သလို ဂိုးတွေတစ်ဒိုင်းဒိုင်းသွင်းယူပြီး တစ်ဦးချင်းဆုတံဆိပ်တွေဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ ပိုချက်နဲ့ လက်တွဲစဉ်ကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပိုချက်တီနို ကသာခေါ်မယ်ဆိုရင် တစ်မိနစ်မျှတောင် တွေဝေနေမှာတောင် မဟုတ်ဘူး။ ယူနိုက်တက်အသင်းဟာ ၂၀၁၂ ခုနစ်မှာ လန်ဒန်က ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဗန်ပါစီကို ခေါ်ယူခဲ့ပါတယ် ။ အဲ့ဒီနှစ်မှာပဲ ဂိုး ၃၀ အထိသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် အကြိမ် ၂၀ မြောက်နဲ့ နောက်ဆုံးသော ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ်လန်ဒန်တစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကိုရရှိခဲ့ရင်ရော ဒုတိယဗန်ပါစီအနေနဲ့ အသင်းရဲ့တစ်ကျော့ပြန်အောင်မြင်မှုတွေအတွက် ရွတ်ရွတ်ချွံချွံ စွမ်းဆောင်သွားနိုင်ဦးမလား ဆိုတာကတော့ ……..

Comments

  1. မန်ယူအကြောင်းဖတ်မိတိုင်း
    ရင်လေးတယ် 😑🍀🍀✊✊

    ReplyDelete
  2. အား​ပေးမြဲ အား​ပေးလျှက်ပါပဲ😅

    ReplyDelete
  3. ဆိုက်ကားဖန်တွေ ပျော်ပါစေ😁😁😁

    ReplyDelete

Post a Comment