Dreamy Eyes

 

ဒီတစ်​ခေါက် recommend ​ပေးချင်တဲ့ ဇာတ်ကားနာမည်လေးက "Dreamy Eyes" ပါ။

ရုပ်ရှင်ထဲမှာ ရိုက်ပြထားတဲ့ တောတွေ၊ ရွာတွေ၊ သစ်ပင်တွေက ရုပ်ရှင်နာမည်အတိုင်းပဲ စိတ်ကူးယဉ်ဆန်ဆန် အလွန်လှပပါတယ်။ ရွာရဲ့အပြစ်ကင်းစင်ခြင်း ခံစားမှုအပြင် အဓိကဇာတ်ကောင်တွေရဲ့ ချိုမြိန်တဲ့ ကလေးဘဝကိုလည်း လှပစွာ ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်❣️



“In this life, there are two things you should never miss. The last bus home. And the person that truly loves you.”


“ဒီဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ အရာနှစ်ခုရှိတယ်။ အိမ်ပြန်ဖို့ နောက်ဆုံးဘတ်စ်ကားနဲ့ ပြီးတော့ မင်းကို မေတ္တာအစစ်အမှန်နဲ့ချစ်တဲ့သူ"


ဒါလေးကတော့ ဒီကားရဲ့ main point နဲ့ မင်မင်အကြိုက်ဆုံး dialogueလေးပါပဲ🥺❣️



"ဒိုဒို"ဆိုတဲ့ ရွာလေးမှာ အတူတူကြီးပြင်းလာခဲ့ကြတဲ့ သံယောဇဥ်တွေများစွာနဲ့ ကောင်လေးနဲ့ ကောင်မလေး သူငယ်ချင်းနှစ်ယောက်...

ကောင်လေးက ကောင်မလေးကို အသက်(၆)နှစ်ကတည်းက တစ်ဖက်သတ်ကြိုက်လာခဲ့ပြီး အချိန်တွေကြာလာတာနဲ့အမျှ ကောင်မလေးအပေါ် အချစ်တွေတိုးတိုးလာခဲ့ပါတယ်❣️



ဒီလိုနဲ့ အထက်တန်းတက်ဖို့အတွက် မြို့ကိုတက်လာခဲ့ကြတဲ့အချိန်မှာ ကောင်မလေးက ကောင်လေးရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ကြိုက်သွားပါတော့တယ်။ ဒါပေမယ့် ထိုဝမ်းကွဲအစ်ကိုရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရပြီးနောက်ပိုင်း ကောင်မလေးမှာ တစစီကြေကွဲ အခက်အခဲတွေမျိုးစုံ ကြုံနေရတဲ့အချိန်မှာ(spoilမိသွားမှာစိုးလို့ အပြည့်အစုံ မပြောပြတော့ဘူးနော်🤒) ကောင်လေးကပဲ အစစအရာရာ ဂရုစိုက်ပြီး သူမနံဘေးနား ရှိနေပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် နီးကပ်လာမလား၊ ဒါမှမဟုတ် ဝေးပြီးရင်း ဝေးနေကြဦးမလားဆိုတာကို ရင်ခုန်စွာနဲ့ တစ်ကားလုံး ငြိမ့်ငြိမ့်လေး စီးမျောမိနေရင်းနဲ့ ကြည့်ရှုသွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားထဲမှာ ကောင်လေးရဲ့ ကောင်မလေးအပေါ်ထားရှိတဲ့ ရယူခြင်းမရှိဘဲ ပေးဆပ်ခြင်းတွေများစွာနဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကိုလည်း ကြည်နူးရင်နင့်စွာနဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်❣️


Comments

  1. ကြည့်ချင်သွားပြီ ✌️✌️🍀🍀

    ReplyDelete
    Replies
    1. ခုထိ မကြည့်ရ​သေး😅😅✌🍀

      Delete
  2. ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ😂😂😂

    ReplyDelete
    Replies
    1. ငါ့ကိုလည်းပြောပြထားသင့်တယ်😆

      Delete
    2. ကျနော်တို့ကတော့အချစ်ကရယူခြင်းteamကဘဲဟုတ်တယ်မလားbro😁

      Delete
  3. ချစ်စရာလေးတွေ

    ReplyDelete
  4. Done by angel

    ReplyDelete
  5. Thanks for the movie review.

    ReplyDelete
  6. Wheel.........dope.🏹🏹🏹

    ReplyDelete
  7. ❤❤❤
    W. M. W

    ReplyDelete
  8. ❤❤❤
    W. M. W

    ReplyDelete
  9. ❤❤❤
    ငါတို့ နိုင်မှာ

    ReplyDelete
  10. နောက်ဆုံး Bus မမှီရင်
    လမ်းလျှောက်ပြန်ပါမယ် ...

    ဒါပေမဲ့ အချစ်စစ်နဲ့ ချစ်သူတစ်ယောက်ကတော့ လမ်းအတူတူ လျောက်ပြန်ဖို့ရာ လိုတာပေါ့။ 👯‍♂️ 👯‍♀️ 👯‍♂️ 👯‍♀️ 👯‍♂️ 👯‍♀️ 👯‍♂️

    ReplyDelete
  11. အ့ကားလေးကြည့်ဖူးတယ်✨
    သိပ်ကြိုက်တာပဲ🤧

    ReplyDelete
  12. Done.
    ဘဝမှာ မလွဲသင့်တဲ့ အရာ၂ ခု ရှိတယ်။
    အိမ်ပြန် နောက်ဆုံးရထားနဲ့ ကိုယ့်ကို အချစ်စစ်နဲ့ ချစ်တဲ့သူ တဲ့ ။
    Dreamy eyes 2019

    ReplyDelete
  13. 💪💪💪

    ReplyDelete

Post a Comment