ထင်ရှားကျော်ကြားသမိုင်းထဲကခေါင်းဆောင်များ - 4

ထင်ရှားကျော်ကြား သမိုင်းထဲက ခေါင်းဆောင်များ - 4
Fidel Castro ဆိုတာကတော့ 1959 ကနေ 2008 ထိ ကျူးဘားနိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင် အပြင် နိုင်ငံရေးသမား၊ ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ 1959 ကနေ 1976 ထိ Cuba ရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးနောက် 2008 ခုနှစ်ထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ 1958 ကနေစပြီး ကျူးဘားနိုင်ငံရဲ့ မတရား ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင် Fulgencio Batista ကို ဖြုတ်ချဖို့ ကျူးဘားတော်လှန်ရေးအဖွဲ့ကို ပြောက်ကျားနည်းနဲ့ ထိထိရောက်ရောက် တိုက်ခိုက်တော်လှန်ခဲ့ပါတယ်။ သူဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ စစ်ရေး၊ ဘဏ္ဍာရေးတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ Fidel Castro လက်ထက်မှာ ကျူးဘားနိုင်ငံရဲ့ လူမှုရေးမူဝါဒတွေ၊ ကျန်းမာရေးနဲ့ ပညာရေးစနစ်တွေကို ဦးစားပေးပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ 1996 Zanuary မှာ Castro ဟာ အာရှ၊အာဖရိကနဲ့ လက်တင်အမေရိကတို့က ပြည်သူတွေနဲ့ သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကို တည်ထောင်ခဲ့ပါတယ်။ အဲ့အဖွဲ့ကြီး တည်ထောင်ခဲ့မှုကြောင့် တော်လှန်ရေးနဲ့ ကွန်မြူနစ်ဝါဒတို့ကို အားပေးအားမြှောက်တွန်းအားပေးနိုင်ခဲ့တာပါ။ 1976 မှာတော့ Fidel Castro ဟာ လက်တင်အမေရိကနိုင်ငံတွေမှာ ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်အစိုးရတွေကို တွန်းလှန်ဖို့ လက်တင်အမေရိက သွေးစည်းညီညွတ်ရေးအသင်းကြီးကို ဖွဲ့စည်းခဲ့ပါတယ်။ မာ့စ်-လီနင်ဝါဒီ ကတ်စထရိုက ကျူးဘားကို အရင်းရှင်စနစ်ကနေ ဆိုရှယ်လစ်စနစ်သို့ ‌ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ပြီး Castroism ဆိုတာဟာ the political, economic, and social principles and policies of Fidel Castro ဖြစ်ပါတယ်။(for your knowledge) Fidel Castro ဟာ အရပ်အတော်ရှည်ပါတယ်။ 6'3" ရှိပြီး အရပ်ရှည်တာဟာသူ့ရဲ့ significant feature ဖြစ်ပါတယ်။ Abraham Lincoln မှာ ကျော်ကြားတဲ့ မုတ်ဆိတ်ရှိသလို Fidel Castro ရဲ့ မုတ်ဆိတ်မွှေးဟာလည်း နာမည်ကြီးပါတယ်။ Revolution တွေကို ဦးဆောင်လို့ အချိန်မရှိတာနဲ့အမျှ သူ့ရဲ့ မုတ်ဆိတ်တွေကိုလည်း ရိတ်ဖို့ အခွင့်အရေးနည်းပါးခဲ့ပါတယ်။ :3 အဲ့လိုနဲ့ပဲ Castroဟာ သူ့မုတ်ဆိတ်တွေကိုတော်လှန်ရေးအောင်မြင်မှုရဲ့ Symbol အဖြစ် သတ်မှတ်ခဲ့ပါတယ်။ U.S. Central Intelligence Agency ရဲ့ Potent Symbol တောင်ဖြစ်လာပါတယ်။ သူ့ရဲ့ မုတ်ဆိတ်တွေနဲ့ ပတ်သက်ပြီး "if you multiply the fifteen minutes you spend shaving every day by the number of days in a year, you’ll see that you devote almost 5,500 minutes to shaving. An eight-hour day of work consists of 480 minutes, so if you don’t shave you gain about 10 days that you can devote to work, to reading, to sport, to whatever you like.” ဒီလိုတောင်ပြောခဲ့ပါတယ်။ Castro ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးပေါ့နော်။
Castro ရဲ့ နာမည်ကြီးတဲ့ မုတ်ဆိတ်ပါ။ သူဟာ 25 November 2016 အသက် ၉၀ အရွယ်မှပဲ သေဆုံးခဲ့ပါတယ်။ တစ်ချို့သောသူတွေအတွက် Castro ဟာ ရိုင်းစိုင်းတဲ့အာဏာရှင်၊ ဖိနှိပ်တဲ့ ကွန်မြူနစ်သမားဖြစ်ခဲ့ပြီး တစ်ချို့သူတွေအတွက်တော့ လွတ်လပ်ရေးခေါင်းဆောင်၊ကြိုးစားတဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင် ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲ သူ့ကိုတွေးထင်ကြပါစေ ၂၀ ရာစုနှောင်းပိုင်း၊ ၂၁ ရာစုအစပိုင်းရဲ့ အသိအမှတ်ပြုခံရဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ ထုံးစံအတိုင်း သူ့ရဲ့ Quotes လေးတွေပါ။ အတော်အဓိပ္ပာယ်ရှိပါတယ်။

Comments

  1. ပြည်သူ​တွေအမြန်ဆုံး​ပျော်ရွှင်ကြပါ​စေ

    ReplyDelete
  2. မအလကြရင်လည်း​ကျော်ကြားမှာပါယုတ်မာလို့

    ReplyDelete
  3. Done by Angel.

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment