Dinner Mate



ပြီးခဲ့အခေါက်က "Hometown Cha Cha" လိုမျိုး စိတ်ပင်ပန်းမှုတွေကို​ ဖြေ​ဖျောက်ပေးနိုင်တဲ့ ဇာတ်ကားမျိုးလေး "Do Do Sol Sol La La Sol" ကို မိတ်ဆက်ပေးခဲ့ပြီးပြီပေါ့နော်👀


ခုတစ်ခါမှာလည်း အဲ့လိုမျိုးပဲ ရိုးရှင်းပေါ့ပါးတဲ့ဇာတ်အိမ်လေးနဲ့ ဟာသအခွီလေးတွေကိုပါ ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် clickersတို့ အကြိုက်တွေ့မိစေမှာ အသေအချာပါပဲ🥳


ဇာတ်ကားနာမည်လေးကတော့ "Dinner Mate" ဖြစ်ပြီး Main Castsအနေနဲ့ မင်မင်တို့ရဲ့ ငယ်ချစ်ဦး အိုပါးဂျွန်စော (Song Seung Heon)နဲ့ Crush Landing On Youထဲက ထက်မြက်လှပတဲ့ မြောက်ကိုရီးယားသူလေး ဒန် (Seo Ji Hye)တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 2020 မေလက ထွက်ရှိထားတာပါ။


မတော်တဆ အကြိမ်ကြိမ်တွေ့ဆုံမိကြရင်း ထမင်းလက်ဆုံစားကြရင်းနဲ့ ချစ်ခြင်းမေတ္တာများ ပေါက်ဖွားလာခဲ့ပါတော့တယ်။ ဒီကားလေးရဲ့ ကြည့်ရှုသူပရိသတ်တွေကိုပေးချင်တဲ့ messageကတော့ "ထမင်းလက်ဆုံစားကြရင်းနဲ့လည်း ကိုယ်ချစ်တဲ့သူအပေါ် ဂရုစိုက်မှု၊ အလေးထားမှုတွေပေးနိုင်ပြီး ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့အကြောင်းရင်းကြောင့်မို့လားတော့ မသိ ဇာတ်ကားကြည့်ရတာကို တကယ်စိတ်ချမ်းသာစေပါတယ်။ ပြီးတော့ Ost songsတွေအကုန်လုံးကလည်း မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းလွန်းလို့ မင်မင်တော့နားထောင်ပြီးရင်း နားထောင်ချင်နေတော့တာပါပဲ🥺❣️


ဆိုတော့ clickပြီး အားတဲ့အချိန်လေးတွေမှာ အပန်းပြေစိတ်ကြည်နူးရအောင် မကြည့်ဖူးသေးရင် ကြည့်ကြည့်လိုက်ဦးပါနော် clickersလေးတို့🥳



Comments

Post a Comment